ၾကားသိရသမွ်

ညသန်းခေါင် ၁နာရီကျော်ကျော်လောက် တရေးနိး အပြင်ထွက်ကြည့်လိုက်သောအခါ

အသက် ၉၀ အေမ

ဟင် ..အေမ ဘာလုပ်မလို့လဲ ည သန်းကောင်၁နာရီကျော်ကျော် လောက်တရေးနိး အပြင်ထွက်လာတဲ့ မလဲ့ ..အေမ့ကို ထမင်းဝိုင်းမှာ ကုန်းကွကွ မြင်လိုက်ရတယ်။

အေမ ဗိုက်ဆာလို့ ထမင်းစားမလို့ .

ထမင်းအုပ်ဆောင်းဖွင့်လျက်သား တန်းလန်းနဲ့အမေကဖြေပါတယ်။

အော်ဟုတ္လားလဲ့ဝင်းပြင်ပေးမယ်အမေ။ညနေထဲက ဖယ္ထားတဲ့ ငါးဘတ်မွှေဟင်းငါးပိရည်ချိုပန်းကန် ခဝဲသီးဂျော်ဂျက်ရောင်ဟင်းရည်ပုဂံကို

အမေ့အရှေ့တိုးပေးလိုက်တယ်။ညနေက ဝယ္ထားတဲ့ မုန့်ဟင်းခါး နဲ့ဟင်းရည်ကို နောက်နားမှာခပ်ရှိုရှို ပို့ထားလိုက်တာ ..

ငါ မုန့်ဟင်းခါးပဲစားမယ် ငါ့ကိုမုန့်ဟင်းခါးပဲပေး မုန့်ဟင်းခါးက ဘယ်အချိန်ထဲကချက်ထားတာလဲမသိဘူး အမေရဲ့အမေဝမ်းနူး နေအုန်းမယ် ရာသီကလဲပူတယ်ဆိုတော့ ..

မလဲ့စကားမဆုံးသေးခင်မှာပဲ အေမ မုန့်ဟင်းခါး ဖတ်ထဲဟင်းရည် ထည့်ပီး စားနေပါပီ။ မကြီး အေမက ည ည ဗိုက်ဆာတယ်ဆိုပီး

တရေးနိုးထထ ပီးစားတယ် စားရင်လဲ မုန့်ဟင်းခါးပဲစားတယ်။တခြားဘာမှမစားဘူး ဒါကြောင့်ညနေမှာ မုန့်ဟင်းခါးတပွဲဝယ်ပီးအသင့် ထားထားပေးရတယ် ။

ညီမတွေရဲ့ စကားကိုပြန်ကြားယောင်ရင်း အေမ့ကို ရေနွေးကြမ်းငှဲ့ပေးရင်း .. အေမ အားရပါးရစားနေတာကို ကြည့်နေမိတယ်

စားကောင်းလိုက်တာ ..ဒီအချိန်စားရရင်ဘယ်လိုအရသာရှိမှန်းမသိဘူး မစားရရင် အိပ်လို့ကိုမရဘူး ။အေမက လက်ဆေးရင်း ကျေနပ်စွာပြောနေပါတယ်။

လွန်ခဲ့တဲ့တနှစ်လောက်အထိ အေမဟာ မုန့်ဟင်းခါးကိုဘယ်တော့မှမစား ဘယ်လိုမှမကြိုက်အမြဲခါးခါးသီးသီးငြင်းခဲ့သူပါ။

အသက်ကြီးလာတဲ့ အရွယ်အိုလူကြီးတွေကာညနေစာ စားချိန်မှာ မဆာသေးပဲ စားလိူက်ရတာဖြစ်ဖြစ်ညနေစာကို မတင်းတိမ်လိုက်တာဖြစ်ဖြစ်တရေးနိုးချိန်မှာ

ဗိုက်တအားဆာပီးနိုးလာတတ်တယ်။ဒီအချိန်မှာ တခုခုစားချင်တာပေါ့ ။မီးဖိုချောင်ထဲဝင်ပီး စားစရာဘာရွိလဲထ ရှာစားလေ့ရှိတယ်။

သား သမီး သမက် ချွေးမ မွီခို နေရတဲ့ သက်ကြီးရွယ်အိုများဘယ်လောက်သနားစရာကောင်းလိုက်မလဲ ..

သည်သဘာဝကိုမသိထားရင် ..ညနေကကျွေးတုန်းကတော့ မဆာဘူးလိုလို ..မစားချင်ဘူးလိုလို အိုက်တင်ခံနေပြီးညမှ ထစားတယ်ဆိုပီး အထင်လွဲခံရတတ်ပါတယ် ။အငြိုငြင်ခံရတတ်ပါတယ်။

မကြာမတင်က နေမကောင်းများဖြစ်ထားရင် ..ပိုဆိုးတာပေါ့။ သားသမီးရင်းကအစဖုတ်ဝင်တယ်ထင်ပီး ဖုတ်ထုတ်မယ်လုပ်တတ်ကြပါသေးတယ် ။သက်ကြီးရွယ်အိုသဘာဝ နားလည်နိုင်ကြပါစေ။

အေမ့ကို ကြည့်ရင်းစဉ်းစားမိတာတခုက ..ငါ့အေမမ်ား တကယ်ဖုတ်ဝင်နေရင်တယ်ဆိုရင်တောင်

အဲသည်ဖုတ်ကောင်ကို ကျေးဇူးတင်အုံးမှာ လို့ ။အေမ့ကို လှုပ်ရှားသွားလာရက် အသက်ရှင်လျက်ပုံစံမျိုးတွေ့နေရလို့လေ

မိအို ဖအို မွေးမြူပြုစု ရင်း ကုသိုလ်ယူနိုင်ကြပါစေ ။

Credit