ၾကားသိရသမွ်

မနေ့က လောကကြီးနဲ့ ချစ်ရတဲ့ မိသားစုကို အပြီးပိုင်ထားသွားတဲ့ စေတလုံးမောင်ဘုန်း ကားထဲက လူမိုက်ကြီး မာဃရဲ့ …

ပရိသတ်ကြီးအနေနဲ့ မကြာသေးခင်ကမှ ဇာတ်သိမ်းသွာတဲ့ ” စေ

တလုံး မောင်ဘုန်း ” ဇာတ်ကားလေးထဲက မာဃ အဖြစ်နဲ့ ပါဝင်

သရုပ်ဆောင်ထားတဲ့ ရန်လင်းအောင် ကိုတော့ အားလုံးက သိကြ

မှာပါ။ ရန်လင်းအောင် ကတော့ သူပါဝင် သရုပ်ဆောင်ရတိုင်း ဗီ

လိန်နေရာကသရုပ်ဆောင်ရပြီး ပရိသတ်တွေကလည်း ပီပြင်လွန်း

တဲ့ ဇာတ်ကွက်တွေကြောင့်သတိထားမိကာ အားပေးခဲ့ကြတာပါ။

ယခင်ကတော့ ဗီလိန်အခန်းတွေ အရမ်းပီပြင်သွားတာကြောင့် လူ

မုန်းခံခဲ့ရပေမယ့်နောက်ပိုင်းမှာတော့ ပရိသတ်တွေက ကောင်းမွန်

တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ချီးကျူးပြီး လက်ခံအားပေးခဲ့

ကြတာပါ။ ရန်လင်းအောင် က အမြဲတမ်း အရှိကိုအရှိတိုင်း ပြော

ဆိုတတ်ပြီး ပရိသတ်တွေနဲ့လည်း အပေးအယူမျှကာ ဖော်ရွေ

တတ်တဲ့ သူတစ်ဦးပါ။ ပရိသတ်တွေက ရန်လင်းအောင် ကို ဘယ်

လောက်ထိ အားပေးချစ်ခင်လည်းဆိုရင် ယခုဆို ရန်လင်းအောင်

ဆိုတဲ့ နာမည်ကို မခေါ်တော့ပဲ မာဃ အဖြစ်နဲ့သာ ချစ်စနိုးနဲ့ ခေါ်

နေခဲ့ကြတာပါ။ ယခုတစ်ခေါက်မှာတော့ မနေ့ကဖြစ်တဲ့ Feb

ruary လ 24 ရက်နေ့မှာတော့ ရန်လင်းအောင် ရဲ့ ဖခင်

ကွယ်လွန်သွားကြောင်းစိတ်မကောင်းစွာနဲ့ ကြားသိခဲ့ရပါတယ်။ ဒီ

အကြောင်းလေးကို မာဃ က ” ဆန္ဒတွေနောက်ကို လိုက်ရင်း

တာဝန်ကျေတဲ့ သားတစ်ယောက်မဖြစ်ခဲ့ဘူး။ အေးချမ်းစွာအနား

ယူပါ အဖေ။ ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ

ရေးသား မျှဝေ ပေးခဲ့တာပါ။

မာဃကို ချစ်ခင်ကြတဲ့ ပရိသတ်

တွေကလည်း ထပ်တူ စိတ်မကောင်း ဝမ်းနည်း ဖြစ်နေကြပါ

တယ်။ ဒါ့အပြင် သူငယ်ချင်း မိတ်ဆွေတွေဖြစ်တဲ့ MRTV-4

သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ လပြည့် ၊ မင်းဘုန်းမြတ် ၊ ခိုင်သဇင်

ငုဝါ ၊ ဖြိုးရာဇာနိုင် ၊ ဘုန်ူရှိန်ခန့် ကျော်ထက် ၊ ဝေယံလင်း ၊ ဟန်

နလာ စတဲ့ အနုပညာရှင် ညီအကိုမောင်နှတွေကလည်း ထပ်တူ

ဝမ်းနည်း ခံစားကြရကြောင်း ရေးသားပြီး မာဃ ကို အားပေး

စကားတွေ ပြောထားပါတယ်။ ဦးလေးလည်း ကောင်းရာသုဂတိ

လားပါစေအကိုရေ။ ထပ်တူ စိတ်မကောင်း ဖြစ်ရပါတယ်။ စာ

ဖတ်သူ ချစ်ပရိသတ်ကြီးလည်း ကိုမာဃ ရဲ့ ဖခင်အတွက် ဆု

တောင်းစကားလေးတွေ ရေးသား ပေးခဲ့ကြပါဦးနော်။ အားလုံးပဲ

နေကောင်း ကျန်းမာ ကြပါစေဗျာ။crd