ဒုတိယကမ္ဘာစစ်မှာ စစ်မြေပြင်ဖြစ်ခဲ့ပြီး လက်ရှိမှာ ရုရှားရဲ့ ကျူးကျော်ခြင်းကိုခံနေရတဲ့ ယူကရိန်းနိုင်ငံအကြောင်း
ယူကရိန်းနိုင်ငံသည် ဆိုဗီယက် ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတနိုင်ငံတွင် ပါဝင်သော သမ္မတနိုင်ငံတစ်ခု ဖြစ်သည်။ ယူကရိန်းနီယန် ဆိုဗီယက်ဆိုရှယ်လစ် သမ္မတနိုင်ငံဟု ခေါ်သည်။
ရုရှနိုင်ငံ အနောက်တောင်ပိုင်းတွင် တည်ရှိ၍ အနောက်ဘက်၌ ရူမေးနီးယား နိုင်ငံနှင့် ပိုလန်နိုင်ငံ၊ တောင် ဘက်၌ ပင်လယ်နက်တို့ ရှိလေသည်။ ထိုနိုင်ငံ၏ အကျယ် အဝန်းမှာ စတုရန်းမိုင် ၂၃၂,၆ဝဝ ခန့် ဖြစ်၍ ဥရောပတိုက် တွင် မြေဩဇာထက်သန်သော ဒေသဖြစ်သည်။
အဖိုးတန် တွင်းထွက်သတ္တုများကိုလည်း ရရှိသည်။ နီးပါးမြစ်နှင့် နီးစတားမြစ်တို့သည် ယူကရိန်းနိုင်ငံကို ဖြတ်သန်း၍ ပင်လယ် နက်ထဲသို့ စီးဝင်သည်။ နီးပါးမြစ်မှ ရေအားဖြင့် လျှပ်စစ် ဓာတ်အားကို ထုတ်ယူရရှိသည်။
ယူကရိန်းနိုင်ငံသားတို့သည် ဆလဗလူမျိုးအနွယ်များ ဖြစ်ကြ သည်။ လူဦးရေ ၄၄,၁ဝဝ,ဝဝဝ ယောက်ခန့် ရှိ၏။ ယင်းတို့ သည် မိမိတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အယူဝါဒတို့ကို မပျောက်ပျက်ရအောင် ထိန်းသိမ်း ထားကြသည်။
များသော အားဖြင့် လယ်ယာစိုက်ပျိုးလုပ်ကိုင်ကြ၍ ဂျုံ၊ ရိုင်းစပါး၊ မုယော၊ အုတ်ဂျုံ၊ သကြားမုန်လာ၊ အာလူး၊ ပြောင်း၊ ဆေး၊ ဝါနှင့် ဘီသွာလျှော်ပင်များကို စိုက်ပျိုးသည်။
သတ္တုတွင်းတူး သည့် လုပ်ငန်းနှင့်စက်မှုလက်မှုလုပ်ငန်းများလည်း ထွန်းကား သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက ဆိုဗီယက် ပြည်ထောင်စုမှ ထွက်သော ကျောက်မီးသွေး ငါးပုံ သုံးပုံမှာ ယူကရိန်းနိုင်ငံမှ ရရှိလေသည်။
သံနှင့်သံမဏိ လုပ်ငန်းကိုလည်း အကြီးအကျယ် လုပ်ကိုင်ကြသည်။ အခြား ထွင်းထွက်သတ္တုများမှာ မန်ဂနိ၊ အလျူမီနီယမ်၊ ရေနံ၊ ဆားနှင့် ဂျစ်ပဆမ်တို့ ဖြစ်ကြသည်။
မြို့တော်မှာ နီးပါးမြစ်ပေါ်ရှိ ကီးယက်မြို့ ဖြစ်၏။ အခြား မြို့ကြီးများမှာ ပင်လယ်နက်ပေါ်ရှိ ဆိပ်ကမ်းမြို့ ဖြစ်သော အိုဒက်ဆာမြို့နှင့် ခါးရကပ်မြို့များ ဖြစ်သည်။
၁၆ ရာစုနှစ်အတွင်းက ယခု ယူကရိန်းနိုင်ငံ တည်ရှိရာ ဒေသတွင် ကော့ဆပ်လူမျိုးတို့ လှည့်လည် ကျက်စားခဲ့ကြ၏။ ထိုနောက် ၁၈ရာစုနှစ်တွင် ပြည်နယ် အရှေ့ပိုင်းသည် ရုရှဇာ ဘုရင်၏ လက်အောက်ခံ ဖြစ်သွား၍ အနောက်ပိုင်းသည် ဩစ တြီးယားပိုင် ဖြစ်သွားလေသည်။ ရုရှတော်လှန်ရေးပြီးသည့် နောက် ၁၉၁၉ ခုနှစ်တွင် ယူကရိန်းနီယန် ဆိုဗီယက် ဆိုရှယ် လစ် သမ္မတနိုင်ငံဟူ၍ ပေါ်ပေါက်လာသည်။
၁၉၂၃ ခုနှစ်တွင် ယူကရိန်း သမ္မတနိုင်ငံသည် ရုရှနိုင်ငံရှိ အခြားဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံများနှင့် ပူးပေါင်းကာ ဆိုဗီယက် ဆိုရှယ်လစ်ပြည်ထောင်စု သမ္မတနိုင်ငံကို ဖွဲ့စည်းလိုက် လေသည်။
ဒုတိယကမ္ဘာစစ်အတွင်းက ယူကရိန်းနိုင်ငံသည် စစ်မြေပြင် ဖြစ်ခဲ့ရ၏။ ၁၉၄၁ ခုနှစ်တွင် ဂျာမန်စစ်တပ်များသည် တစ်နိုင်ငံလုံးကို သိမ်းပိုက်ထားခဲ့လေသည်။ ၁၉၄၄ ခုနှစ်တွင် ရုရှစစ်တပ်များက ဂျာမန်တို့ကို နိုင်ငံတွင်းမှ တိုက်ထုတ်ခဲ့ကြ သည်။
ထိုသို့အားဖြင့် ယူကရိန်းနိုင်ငံရှိ မြို့ကြီးများ၊ စက်ရုံကြီး များမှာ စစ်ဒဏ်ကြောင့် များစွာ ပျက်စီးကုန်၏။ စစ်ပွဲပြီး သောအခါ ချက်ကိုစလိုဗားကီးယားနိုင်ငံက ရုသီးနီးယားနယ် ကို ယူကရိန်းနိုင်ငံသို့ ပေးအပ်ရလေသည်။
စစ်ပြီးခေတ်တွင် ယူကရိန်းနိုင်ငံသားတို့သည် ပြန်လည် ထူထောင်ရေး လုပ်ငန်းကို အားသွန်ခွန်စိုက် ဆောင်ရွက်ကြ သည်။ ဤသို့အားဖြင့် ဆိုဗီယက် ပြည်ထောင်စု သမ္မတနိုင်ငံ အတွင်း အဓိကအားဖြင့် စားနပ်ရိက္ခာနှင့် စက်မှုလက်မှုပစ္စည်း များ ထုတ်လုပ်ပေးသည့် နိုင်ငံအဖြစ်သို့ ပြန်လည် ရောက်ရှိ ခဲ့လေသည်။
wikipedia
ဒုတိယကမာၻစစ္မွာ စစ္ေျမျပင္ျဖစ္ခဲ့ၿပီး လက္ရွိမွာ ႐ုရွားရဲ႕ က်ဴးေက်ာ္ျခင္းကိုခံေနရတဲ့ ယူကရိန္းႏိုင္ငံအေၾကာင္း
ယူကရိန္းႏိုင္ငံသည္ ဆိုဗီယက္ ဆိုရွယ္လစ္ ျပည္ေထာင္စု သမၼတႏိုင္ငံတြင္ ပါဝင္ေသာ သမၼတႏိုင္ငံတစ္ခု ျဖစ္သည္။ ယူကရိန္းနီယန္ ဆိုဗီယက္ဆိုရွယ္လစ္ သမၼတႏိုင္ငံဟု ေခၚသည္။
႐ုရွႏိုင္ငံ အေနာက္ေတာင္ပိုင္းတြင္ တည္ရွိ၍ အေနာက္ဘက္၌ ႐ူေမးနီးယား ႏိုင္ငံႏွင့္ ပိုလန္ႏိုင္ငံ၊ ေတာင္ ဘက္၌ ပင္လယ္နက္တို႔ ရွိေလသည္။ ထိုႏိုင္ငံ၏ အက်ယ္ အဝန္းမွာ စတုရန္းမိုင္ ၂၃၂,၆ဝဝ ခန္႔ ျဖစ္၍ ဥေရာပတိုက္ တြင္ ေျမဩဇာထက္သန္ေသာ ေဒသျဖစ္သည္။
အဖိုးတန္ တြင္းထြက္သတၱဳမ်ားကိုလည္း ရရွိသည္။ နီးပါးျမစ္ႏွင့္ နီးစတားျမစ္တို႔သည္ ယူကရိန္းႏိုင္ငံကို ျဖတ္သန္း၍ ပင္လယ္ နက္ထဲသို႔ စီးဝင္သည္။ နီးပါးျမစ္မွ ေရအားျဖင့္ လွ်ပ္စစ္ ဓာတ္အားကို ထုတ္ယူရရွိသည္။
ယူကရိန္းႏိုင္ငံသားတို႔သည္ ဆလဗလူမ်ိဳးအႏြယ္မ်ား ျဖစ္ၾက သည္။ လူဦးေရ ၄၄,၁ဝဝ,ဝဝဝ ေယာက္ခန္႔ ရွိ၏။ ယင္းတို႔ သည္ မိမိတို႔၏ ယဥ္ေက်းမႈ၊ ဓေလ့ထုံးစံ၊ အယူဝါဒတို႔ကို မေပ်ာက္ပ်က္ရေအာင္ ထိန္းသိမ္း ထားၾကသည္။
မ်ားေသာ အားျဖင့္ လယ္ယာစိုက္ပ်ိဳးလုပ္ကိုင္ၾက၍ ဂ်ဳံ၊ ႐ိုင္းစပါး၊ မုေယာ၊ အုတ္ဂ်ဳံ၊ သၾကားမုန္လာ၊ အာလူး၊ ေျပာင္း၊ ေဆး၊ ဝါႏွင့္ ဘီသြာေလွ်ာ္ပင္မ်ားကို စိုက္ပ်ိဳးသည္။
သတၱဳတြင္းတူး သည့္ လုပ္ငန္းႏွင့္စက္မႈလက္မႈလုပ္ငန္းမ်ားလည္း ထြန္းကား သည္။ ဒုတိယကမာၻစစ္မတိုင္မီက ဆိုဗီယက္ ျပည္ေထာင္စုမွ ထြက္ေသာ ေက်ာက္မီးေသြး ငါးပုံ သုံးပုံမွာ ယူကရိန္းႏိုင္ငံမွ ရရွိေလသည္။
သံႏွင့္သံမဏိ လုပ္ငန္းကိုလည္း အႀကီးအက်ယ္ လုပ္ကိုင္ၾကသည္။ အျခား ထြင္းထြက္သတၱဳမ်ားမွာ မန္ဂနိ၊ အလ်ဴမီနီယမ္၊ ေရနံ၊ ဆားႏွင့္ ဂ်စ္ပဆမ္တို႔ ျဖစ္ၾကသည္။
ၿမိဳ႕ေတာ္မွာ နီးပါးျမစ္ေပၚရွိ ကီးယက္ၿမိဳ႕ ျဖစ္၏။ အျခား ၿမိဳ႕ႀကီးမ်ားမွာ ပင္လယ္နက္ေပၚရွိ ဆိပ္ကမ္းၿမိဳ႕ ျဖစ္ေသာ အိုဒက္ဆာၿမိဳ႕ႏွင့္ ခါးရကပ္ၿမိဳ႕မ်ား ျဖစ္သည္။
၁၆ ရာစုႏွစ္အတြင္းက ယခု ယူကရိန္းႏိုင္ငံ တည္ရွိရာ ေဒသတြင္ ေကာ့ဆပ္လူမ်ိဳးတို႔ လွည့္လည္ က်က္စားခဲ့ၾက၏။ ထိုေနာက္ ၁၈ရာစုႏွစ္တြင္ ျပည္နယ္ အေရွ႕ပိုင္းသည္ ႐ုရွဇာ ဘုရင္၏ လက္ေအာက္ခံ ျဖစ္သြား၍ အေနာက္ပိုင္းသည္ ဩစ ႀတီးယားပိုင္ ျဖစ္သြားေလသည္။ ႐ုရွေတာ္လွန္ေရးၿပီးသည့္ ေနာက္ ၁၉၁၉ ခုႏွစ္တြင္ ယူကရိန္းနီယန္ ဆိုဗီယက္ ဆိုရွယ္ လစ္ သမၼတႏိုင္ငံဟူ၍ ေပၚေပါက္လာသည္။
၁၉၂၃ ခုႏွစ္တြင္ ယူကရိန္း သမၼတႏိုင္ငံသည္ ႐ုရွႏိုင္ငံရွိ အျခားဆိုဗီယက္ ဆိုရွယ္လစ္ သမၼတႏိုင္ငံမ်ားႏွင့္ ပူးေပါင္းကာ ဆိုဗီယက္ ဆိုရွယ္လစ္ျပည္ေထာင္စု သမၼတႏိုင္ငံကို ဖြဲ႕စည္းလိုက္ ေလသည္။
ဒုတိယကမာၻစစ္အတြင္းက ယူကရိန္းႏိုင္ငံသည္ စစ္ေျမျပင္ ျဖစ္ခဲ့ရ၏။ ၁၉၄၁ ခုႏွစ္တြင္ ဂ်ာမန္စစ္တပ္မ်ားသည္ တစ္ႏိုင္ငံလုံးကို သိမ္းပိုက္ထားခဲ့ေလသည္။ ၁၉၄၄ ခုႏွစ္တြင္ ႐ုရွစစ္တပ္မ်ားက ဂ်ာမန္တို႔ကို ႏိုင္ငံတြင္းမွ တိုက္ထုတ္ခဲ့ၾက သည္။
ထိုသို႔အားျဖင့္ ယူကရိန္းႏိုင္ငံရွိ ၿမိဳ႕ႀကီးမ်ား၊ စက္႐ုံႀကီး မ်ားမွာ စစ္ဒဏ္ေၾကာင့္ မ်ားစြာ ပ်က္စီးကုန္၏။ စစ္ပြဲၿပီး ေသာအခါ ခ်က္ကိုစလိုဗားကီးယားႏိုင္ငံက ႐ုသီးနီးယားနယ္ ကို ယူကရိန္းႏိုင္ငံသို႔ ေပးအပ္ရေလသည္။
စစ္ၿပီးေခတ္တြင္ ယူကရိန္းႏိုင္ငံသားတို႔သည္ ျပန္လည္ ထူေထာင္ေရး လုပ္ငန္းကို အားသြန္ခြန္စိုက္ ေဆာင္႐ြက္ၾက သည္။ ဤသို႔အားျဖင့္ ဆိုဗီယက္ ျပည္ေထာင္စု သမၼတႏိုင္ငံ အတြင္း အဓိကအားျဖင့္ စားနပ္ရိကၡာႏွင့္ စက္မႈလက္မႈပစၥည္း မ်ား ထုတ္လုပ္ေပးသည့္ ႏိုင္ငံအျဖစ္သို႔ ျပန္လည္ ေရာက္ရွိ ခဲ့ေလသည္။
wikipedia