ၾကားသိရသမွ်

မိန္းမျဖစ္သူကိုယ္ဝန္ရွိေနခ်ိန္ေနာက္မိန္းမယူခ်င္တဲ့ေယာက်္ားကိုစိတ္နာနာနဲ႔မိန္းမျဖစ္သူမွ… See more

မိန္းမျဖစ္သူကိုယ္ဝန္ရွိေနခ်ိန္ေနာက္မိန္းမယူခ်င္တဲ့ေယာက်္ားကိုစိတ္နာနာနဲ႔မိန္းမျဖစ္သူမွ… See more

အိမ္ေထာင္သက္ ၄ လသာရွိေသးၿပီး မိန္းမက ကိုယ္ဝန္လြယ္ထားရခ်ိန္တြင္ ေနာက္ထပ္ မိန္းမတစ္ေယာက္ ထပ္ယူရန္ႀကိဳးစားေနေသာ လင္ေယာက်္ားကို မိန္းမျဖစ္သူမွ ဓါးျဖင့္ ခုတ္သတ္မွုတစ္ခု ဆြာၿမိဳ႕တြင္ ျဖစ္ပြားခဲ့သည္။

ျဖစ္စဥ္မွာ ယမန္ေန့ညေန ၅ နာရီအခ်ိန္က ေရတာရွည္ၿမိဳ႕နယ္ ဆြာၿမိဳ႕အေနာက္ဘက္ မိုင္ ၂၀ ခန႔္ကြာေဝးသည့္ ဆန္ေတာ္ပို႔အုပ္စု၊ ဇဝင္းေက်းရြာ လွည္းပြဲေလးကြင္းတြင္ လင္မယားႏွစ္ေယာက္ စကားမ်ားၾကရာမွ မိန္းမျဖစ္သူက ခင္းပြန္းသည္ ေအာင္ကိုလတ္ (၂၀ ႏွစ္) ကို ဓါးျဖင့္ခုတ္သတ္ခဲ့ျခင္းျဖစ္သည္။

ဇနီးသည္ျဖစ္သူ မဇင္မာဝင္း ၂၃ ႏွစ္၏ ေျပာျပခ်က္အရ – “သူတို႔ပိုက္ဆံရွိတယ္၊ က်မတို႔ကဆင္းရဲပါတယ္။ အိမ္ေထာင္က်တာ ေလးလပဲရွိေသးတာ ကိုယ္ဝန္ရကတည္းက သူေနာက္မိန္းမတစ္ေယာက္ ယူဖို႔ႀကိဳးစားေနေတာ့ က်မကိုကြာရွင္းခိုင္းတယ္ …

ေငြဘယ္ေလာက္ေပးရေပးရ ေပးမယ္ သုံးလရွိၿပီျဖစ္တဲ့ကိုယ္ဝန္ကို ပ်က္က်ေအာင္အမ်ိဳးမ်ိဳးလုပ္တယ္ ေတာလမ္းေတြမွာ ဆိုင္ကယ္ကို ဒလၾကမ္းေမာင္းလိုေမာင္း အရက္နဲ႔က်ား ၅ ေကာင္ေဆးေတြ အတင္းတိုက္တယ္၊ အမ်ိဳးမ်ိဳး စိတ္ဆင္းရဲကိုယ္ဆင္းရဲျဖစ္ေအာင္ လုပ္တာပါ။

ျဖစ္တဲ့ေန႔က က်မဗိုက္ကို ေျခေထာက္နဲ႔ ႏွစ္ခါကန္တယ္ ေတာထဲ အိမ္မွာဆိုေတာ့ ဆြဲမဲ့သူမရွိဘူး ဓါးနဲ႔ခုတ္ဖို႔ရြယ္တယ္ က်မေၾကာက္ ေၾကာက္နဲ႔ျပန္လုံးတာ

ဓါးကိုလုရင္း လည္ပင္းကို အရင္ထိတယ္၊ ေနာက္ ဓါးကလက္ထဲေရာက္လာေတာ့ စိတ္နာနာနဲ႔ ေနာက္တစ္ခ်က္ခုတ္ၿပီး ရြာ ထဲက အေမတို႔အိမ္ကိုျပန္းေျပးလာခဲ့တယ္” လို႔ ဆြာတိုက္နယ္ေဆး႐ုံမွာ အတြင္းလူနာအျဖစ္ ဗိုက္ထဲကကိုက္ခဲသည့္ေဝဒနာကို ႀကိတ္မွိတ္ခံစားရင္း ေျပာျပခဲ့သည္။

Crd:Maymeme wint

Unicode

မိန်းမဖြစ်သူကိုယ်ဝန်ရှိနေချိန်နောက်မိန်းမယူချင်တဲ့ယောကျ်ားကိုစိတ်နာနာနဲ့မိန်းမဖြစ်သူမှ… See more

အိမ်ထောင်သက် ၄ လသာရှိသေးပြီး မိန်းမက ကိုယ်ဝန်လွယ်ထားရချိန်တွင် နောက်ထပ် မိန်းမတစ်ယောက် ထပ်ယူရန်ကြိုးစားနေသော လင်ယောကျ်ားကို မိန်းမဖြစ်သူမှ ဓါးဖြင့် ခုတ်သတ်မှုတစ်ခု ဆွာမြို့တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယမန်နေ့ညနေ ၅ နာရီအချိန်က ရေတာရှည်မြို့နယ် ဆွာမြို့အနောက်ဘက် မိုင် ၂၀ ခန့်ကွာဝေးသည့် ဆန်တော်ပို့အုပ်စု၊ ဇဝင်းကျေးရွာ လှည်းပွဲလေးကွင်းတွင် လင်မယားနှစ်ယောက် စကားများကြရာမှ မိန်းမဖြစ်သူက ခင်းပွန်းသည် အောင်ကိုလတ် (၂၀ နှစ်) ကို ဓါးဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။

ဇနီးသည်ဖြစ်သူ မဇင်မာဝင်း ၂၃ နှစ်၏ ပြောပြချက်အရ – “သူတို့ပိုက်ဆံရှိတယ်၊ ကျမတို့ကဆင်းရဲပါတယ်။ အိမ်ထောင်ကျတာ လေးလပဲရှိသေးတာ ကိုယ်ဝန်ရကတည်းက သူနောက်မိန်းမတစ်ယောက် ယူဖို့ကြိုးစားနေတော့ ကျမကိုကွာရှင်းခိုင်းတယ် …

ငွေဘယ်လောက်ပေးရပေးရ ပေးမယ် သုံးလရှိပြီဖြစ်တဲ့ကိုယ်ဝန်ကို ပျက်ကျအောင်အမျိုးမျိုးလုပ်တယ် တောလမ်းတွေမှာ ဆိုင်ကယ်ကို ဒလကြမ်းမောင်းလိုမောင်း အရက်နဲ့ကျား ၅ ကောင်ဆေးတွေ အတင်းတိုက်တယ်၊ အမျိုးမျိုး စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်အောင် လုပ်တာပါ။

ဖြစ်တဲ့နေ့က ကျမဗိုက်ကို ခြေထောက်နဲ့ နှစ်ခါကန်တယ် တောထဲ အိမ်မှာဆိုတော့ ဆွဲမဲ့သူမရှိဘူး ဓါးနဲ့ခုတ်ဖို့ရွယ်တယ် ကျမကြောက် ကြောက်နဲ့ပြန်လုံးတာ

ဓါးကိုလုရင်း လည်ပင်းကို အရင်ထိတယ်၊ နောက် ဓါးကလက်ထဲရောက်လာတော့ စိတ်နာနာနဲ့ နောက်တစ်ချက်ခုတ်ပြီး ရွာ ထဲက အမေတို့အိမ်ကိုပြန်းပြေးလာခဲ့တယ်” လို့ ဆွာတိုက်နယ်ဆေးရုံမှာ အတွင်းလူနာအဖြစ် ဗိုက်ထဲကကိုက်ခဲသည့်ဝေဒနာကို ကြိတ်မှိတ်ခံစားရင်း ပြောပြခဲ့သည်။

Crd:Maymeme wint