ၾကားသိရသမွ်

၁၄ မြို့နယ်ကို Stay at home သတ်မှတ်

ကိုဗစ်ကူးစက်မှု မြင့်တက်လာလို့ မွန်ပြည်နယ်၊ မကွေးတိုင်းနဲ့ ရန်ကုန်တိုင်းက မြို့နယ် ၁၄ ခုကို Stay at home မြို့နယ်တွေအဖြစ် သတ်မှတ်ပြီး အဲဒီအမိန့် မနက်ဖြန် မနက် ၄ နာရီက စတင် အသက်ဝင်မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ကြေညာပါတယ်။

Stay at home သတ်မှတ်မြို့နယ်များ

မွန်ပြည်နယ်

မော်လမြိုင်၊ သံဖြူဇရပ်နဲ့ သထုံ

မကွေးတိုင်း

ဂန့်ဂေါ

ရန်ကုန်တိုင်း

မင်္ဂလာဒုံ၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ တောင်ဥက္ကလာ၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာ၊ ဗဟန်းနဲ့ မရမ်းကုန်း

အခုလို ထပ်မံ ကြေညာမှုကြောင့် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ နေပြည်တော် တို့မှာ Stay at home မြို့နယ် နဲ့ ဒေသ ၄၅ ခု ရှိလာပြီ ဖြစ်ပါတယ်။

ကိုဗစ်ကူးစက်သူ တစ်နေ့တည်း လေးထောင်နီးပါး ရောက်လာ

ကိုဗစ်ကူးစက်သူ အသစ် ဒီကနေ့ တွေ့ရှိမှု ၃၉၄၇ ဦး နဲ့ သေဆုံးသူ ၅၇ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

အခုချိန်ထိ မြန်မာနိုင်ငံမှာ စုစုပေါင်း ကူးစက်သူ ၁၇၅,၉၂၃ ဦး ရှိပြီး သေဆုံးသူ ၃,၅၇၀ ဦး ရှိပြီ ဖြစ်ပါတယ်။

————

ကိုဗစ္ကူးစက္မႈ ျမင့္တက္လာလို႔ မြန္ျပည္နယ္၊ မေကြးတိုင္းနဲ႕ ရန္ကုန္တိုင္းက ၿမိဳ႕နယ္ ၁၄ ခုကို Stay at home ၿမိဳ႕နယ္ေတြအျဖစ္ သတ္မွတ္ၿပီး အဲဒီအမိန့္ မနက္ျဖန္ မနက္ ၄ နာရီက စတင္ အသက္ဝင္မယ္လို႔ က်န္းမာေရးနဲ႕ အားကစားဝန္ႀကီးက ေၾကညာပါတယ္။

Stay at home သတ္မွတ္ၿမိဳ႕နယ္မ်ား

မြန္ျပည္နယ္

ေမာ္လၿမိဳင္၊ သံျဖဴဇရပ္နဲ႕ သထုံ

မေကြးတိုင္း

ဂန့္ေဂါ

ရန္ကုန္တိုင္း

မဂၤလာဒုံ၊ ေမွာ္ဘီ၊ ေ႐ႊျပည္သာ၊ လွိုင္သာယာ၊ အင္းစိန္၊ ေတာင္ဥကၠလာ၊ မဂၤလာေတာင္ၫြန့္၊ ေျမာက္ဥကၠလာ၊ ဗဟန္းနဲ႕ မရမ္းကုန္း

အခုလို ထပ္မံ ေၾကညာမႈေၾကာင့္ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္၊ မေကြးတိုင္း၊ စစ္ကိုင္းတိုင္း၊ ပဲခူးတိုင္း၊ ဧရာဝတီတိုင္း၊ မႏၱေလးတိုင္း၊ ရန္ကုန္တိုင္းနဲ႕ ေနျပည္ေတာ္ တို႔မွာ Stay at home ၿမိဳ႕နယ္ နဲ႕ ေဒသ ၄၅ ခု ရွိလာၿပီ ျဖစ္ပါတယ္။

ကိုဗစ္ကူးစက္သူ တစ္ေန႕တည္း ေလးေထာင္နီးပါး ေရာက္လာ

ကိုဗစ္ကူးစက္သူ အသစ္ ဒီကေန႕ ေတြ႕ရွိမႈ ၃၉၄၇ ဦး နဲ႕ ေသဆုံးသူ ၅၇ ဦး ရွိတယ္လို႔ က်န္းမာေရးနဲ႕ အားကစားဝန္ႀကီး ဌာနက ထုတ္ျပန္ပါတယ္။

အခုခ်ိန္ထိ ျမန္မာနိုင္ငံမွာ စုစုေပါင္း ကူးစက္သူ ၁၇၅,၉၂၃ ဦး ရွိၿပီး ေသဆုံးသူ ၃,၅၇၀ ဦး ရွိၿပီ ျဖစ္ပါတယ္။