ၾကားသိရသမွ်

ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံရဲ့ သတင်းအမှားများနဲ့ပတ်သက်ပြီး

ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံရဲ့ သတင်းအမှားများနဲ့ပတ်သက်ပြီး

သရုပ်ဆောင်ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံရဲ့ သတင်းအမှားများနဲ့ပတ်သက်ပြီး ဖြန့်ဝေခြင်းမပြုကြဖို့ မိသားစုဝင်တွေက မေတ္တာရပ်ခံလာပါတယ်။

ပြီးခဲ့တဲ့ ၄ လ ပိုင်း(ဧပြီ ၉ ရက်နေ့) က နေအိမ်မှာဖမ်းဆီးခြင်းခံလိုက်ရတဲ့ ၎င်းတို့နှစ်ဦးကို လက်ရှိမှာပြန်လည်လွတ်မြောက်နေပြီဆိုတဲ့ သတင်းတွေအပြင် ခံဝန်လက်မှတ်ထိုးပြီးလွှတ်မြောက်ဖို့ညှိနှိုင်းမှုကို ငြင်းဆန်တယ်ဆိုတဲ့ ကောလဟလသတင်းအမှားတွေ ပြန့်နေတာပါ။

အိန္ဒြာကျော်ဇင်ရဲ့ အစ်မဖြစ်သူ ဒီဇိုင်နာအိကျော်ဇင်ကလည်း ကာယကံရှင်မိသားစုကို ထိခိုက်နစ်နာစေပြီး အပြင်မှာကျန်ရှိနေတဲ့ သားသမီးများကို ငဲ့ညှာခြင်းအားဖြင့် ကူညီပေးကြဖို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မေတ္တာရပ်ခံထားတာလည်း တွေ့ရပါတယ်။

နွေဦးတော်လှန်ရေးတိုက်ပွဲ ကာလစတင်ကတည်းက ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံဟာ စစ်ကောင်စီကို ဆန္ဒထုတ်ဖော်ခဲ့ကြသူတွေဖြစ်တာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)နဲ့ တရားစွဲဖမ်းဆီးခြင်းခံရသည်မှာ ၆ လ တိုင်ကြာခဲ့ပြီး ပြန်လည်လွတ်မြောက်ခြင်းမရှိသေးပေ။

Credi

ေျပတီဦးႏွင့္ အိျႏၵာေက်ာ္ဇင္တို႔ ဇနီးေမာင္ႏွံရဲ့ သတင္းအမွားမ်ားနဲ႔ပတ္သက္ၿပီး

သ႐ုပ္ေဆာင္ေျပတီဦးႏွင့္ အိျႏၵာေက်ာ္ဇင္တို႔ ဇနီးေမာင္ႏွံရဲ့ သတင္းအမွားမ်ားနဲ႔ပတ္သက္ၿပီး ျဖန႔္ေဝျခင္းမျပဳၾကဖို႔ မိသားစုဝင္ေတြက ေမတၱာရပ္ခံလာပါတယ္။

ၿပီးခဲ့တဲ့ ၄ လ ပိုင္း(ဧၿပီ ၉ ရက္ေန႔) က ေနအိမ္မွာဖမ္းဆီးျခင္းခံလိုက္ရတဲ့ ၎တို႔ႏွစ္ဦးကို လက္ရွိမွာျပန္လည္လြတ္ေျမာက္ေနၿပီဆိုတဲ့ သတင္းေတြအျပင္ ခံဝန္လက္မွတ္ထိုးၿပီးလႊတ္ေျမာက္ဖို႔ညႇိႏွိုင္းမႈကို ျငင္းဆန္တယ္ဆိုတဲ့ ေကာလဟလသတင္းအမွားေတြ ျပန႔္ေနတာပါ။

အိျႏၵာေက်ာ္ဇင္ရဲ့ အစ္မျဖစ္သူ ဒီဇိုင္နာအိေက်ာ္ဇင္ကလည္း ကာယကံရွင္မိသားစုကို ထိခိုက္နစ္နာေစၿပီး အျပင္မွာက်န္ရွိေနတဲ့ သားသမီးမ်ားကို ငဲ့ညႇာျခင္းအားျဖင့္ ကူညီေပးၾကဖို႔ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ေမတၱာရပ္ခံထားတာလည္း ေတြ႕ရပါတယ္။

ေႏြဦးေတာ္လွန္ေရးတိုက္ပြဲ ကာလစတင္ကတည္းက ေျပတီဦးနဲ႔ အိျႏၵာေက်ာ္ဇင္တို႔ ဇနီးေမာင္ႏွံဟာ စစ္ေကာင္စီကို ဆႏၵထုတ္ေဖာ္ခဲ့ၾကသူေတြျဖစ္တာေၾကာင့္ နိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ၅၀၅(က)နဲ႔ တရားစြဲဖမ္းဆီးျခင္းခံရသည္မွာ ၆ လ တိုင္ၾကာခဲ့ၿပီး ျပန္လည္လြတ္ေျမာက္ျခင္းမရွိေသးေပ။

Credi