ၾကားသိရသမွ်

လျှပ်စစ်မီတာခ ပေးဆောင်ပြီး နိုင်ငံကြီးသား ပီသကြဖို့ စစ်ကောင်စီ ပြော

လွ်ပ္စစ္ဓာတ္အား သုံးစြဲထားတဲ့ သတ္မွတ္ယူနစ္အတိုင္း လွ်ပ္စစ္မီတာခေတြ ေပးေဆာင္ရမွာျဖစ္ၿပီး

ျပည္သူေတြအေနနဲ႔ ႏိုင္ငံႀကီးသား ပီသၾကဖို႔ အာဏာသိမ္းစစ္ေကာင္စီ ေျပာခြင့္ရသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားလိုက္ပါတယ္

ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ စစ္ေကာင္စီ ေျပာခြင့္ရသူဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာခဲ့တာ ျဖစ္ပါတယ္

“လွ်ပ္စစ္ဓာတ္အားနဲ႔ ပတ္သက္ၿပီး ျပန္လည္စဥ္းစား သုံးသပ္ေနတာေတြ ရွိပါတယ္။ ျပန္လည္စဥ္းစား သုံးသပ္ေပးႏိုင္မယ့္အထဲမွာ တကယ့္ကို အက်ပ္အတည္းေတြ႕ေနတဲ့ အေျခခံလူတန္းစားေတြ ျဖစ္ပါတယ္။

ဒီဟာေတြနဲ႔ ပတ္သက္ၿပီးလုပ္ငန္းရွင္ေတြ၊ လွ်ပ္စစ္ဓာတ္အား သုံးစြဲထားတဲ့ သတ္မွတ္သုံးစြဲထားတဲ့ သူေတြကေတာ့ ေပးေဆာင္ရမွာ ျဖစ္ပါတယ္ အဓိကေတာ့ ႏိုင္ငံႀကီးသား ပီသၾကဖို႔ ေျပာခ်င္ပါတယ္” လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္

တခ်ိဳ႕လူေတြဟာ သုံးစြဲထားတဲ့ လွ်ပ္စစ္မီတာခ အေႂကြးေတြကို မေပးေဆာင္ခ်င္တဲ့အတြက္ “ပြဲလန႔္တုန္းဖ်ာခင္း” တဲ့ ပုံစံမ်ိဳး လုပ္ေဆာင္ေနၾကတာလို႔လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္

အာဏာသိမ္းစစ္ေကာင္စီကို ဆန႔္က်င္တဲ့အေနနဲ႔ စစ္ေကာင္စီဝင္ေငြရမယ့္ လွ်ပ္စစ္မီခေတြကို မေပးေဆာင္ဘဲျပည္သူေတြက သပိတ္ေမွာက္ေနၾကတာ ျဖစ္သလို စစ္ေကာင္စီကလည္း လွ်ပ္စစ္မီတာခေတြကို ေပးေဆာင္ၾကဖို႔ အတင္းအက်ပ္ဖိအားေပးေနပါတယ္

လွ်ပ္စစ္မီတာခ မေပးေဆာင္တဲ့ ေနအိမ္တိုက္ခန္းေတြကို အာဏာသိမ္းစစ္ေကာင္စီက လွ်ပ္စစ္မီး ျဖတ္ေတာက္ လိုက္တာေတြ လုပ္ေဆာင္ေနသလို မီတာ႐ုံးတခ်ိဳ႕မွာ ဆက္တိုက္ဗုံးေပါက္ကြဲမႈေတြလည္း ရွိေနပါတယ္..credit

unicode

လျှပ်စစ်ဓာတ်အား သုံးစွဲထားတဲ့ သတ်မှတ်ယူနစ်အတိုင်း လျှပ်စစ်မီတာခတွေ ပေးဆောင်ရမှာဖြစ်ပြီး

ပြည်သူတွေအနေနဲ့ နိုင်ငံကြီးသား ပီသကြဖို့ အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်

နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာ ဖြစ်ပါတယ်

“လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်ပြီး ပြန်လည်စဉ်းစား သုံးသပ်နေတာတွေ ရှိပါတယ်။ ပြန်လည်စဉ်းစား သုံးသပ်ပေးနိုင်မယ့်အထဲမှာ တကယ့်ကို အကျပ်အတည်းတွေ့နေတဲ့ အခြေခံလူတန်းစားတွေ ဖြစ်ပါတယ်။

ဒီဟာတွေနဲ့ ပတ်သက်ပြီးလုပ်ငန်းရှင်တွေ၊ လျှပ်စစ်ဓာတ်အား သုံးစွဲထားတဲ့ သတ်မှတ်သုံးစွဲထားတဲ့ သူတွေကတော့ ပေးဆောင်ရမှာ ဖြစ်ပါတယ် အဓိကတော့ နိုင်ငံကြီးသား ပီသကြဖို့ ပြောချင်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်

တချို့လူတွေဟာ သုံးစွဲထားတဲ့ လျှပ်စစ်မီတာခ အကြွေးတွေကို မပေးဆောင်ချင်တဲ့အတွက် “ပွဲလန့်တုန်းဖျာခင်း” တဲ့ ပုံစံမျိုး လုပ်ဆောင်နေကြတာလို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ စစ်ကောင်စီဝင်ငွေရမယ့် လျှပ်စစ်မီခတွေကို မပေးဆောင်ဘဲပြည်သူတွေက သပိတ်မှောက်နေကြတာ ဖြစ်သလို စစ်ကောင်စီကလည်း လျှပ်စစ်မီတာခတွေကို ပေးဆောင်ကြဖို့ အတင်းအကျပ်ဖိအားပေးနေပါတယ်

လျှပ်စစ်မီတာခ မပေးဆောင်တဲ့ နေအိမ်တိုက်ခန်းတွေကို အာဏာသိမ်းစစ်ကောင်စီက လျှပ်စစ်မီး ဖြတ်တောက် လိုက်တာတွေ လုပ်ဆောင်နေသလို မီတာရုံးတချို့မှာ ဆက်တိုက်ဗုံးပေါက်ကွဲမှုတွေလည်း ရှိနေပါတယ်—credit