ၾကားသိရသမွ်

“ငွေကိုင်သောရဟန်းများသည် ဒေ၀ဒတ်ထက်ပင်ပိုဆိုး” ဟု ဟောပြောသော ချက်နိုင်ငံသားအရှင်သရဏ ၀န်ခံလက်မှတ်ထိုးရ

ငွေကိုင်သောရဟန်းများသည် ဒေ၀ဒတ်ထက်ပင်ပိုဆိုးကြောင်း ဟောပြောခဲ့သော ဆရာတော်ချက်နိုင်ငံသား ဆရာတော်အရှင်သရဏသည် ယမန်နေ့လှည်းကူးမြို့နယ် သံဃနာယကအဖွဲ့ရှေ့တွင် ၀န်ခံလက်မှတ်ထိုးလိုက်ရကြောင်း သိရှိရသည်။

လှည်းကူးမြို့နယ်၊ စခန်းကြီးတောရကျောင်းတွင် သီတသင်းသုံးလျက်ရှိသော ချက်နိုင်ငံသားသံဃာတစ်ပါးဖြစ်သူ အရှင်သရဏသည် ငွေကိုင်သောရဟန်းများသည် ရဟန်းမဟုတ်ကြောင်း၊ ငွေကိုင်သောရဟန်းများသည် ဒေ၀ဒတ်ထက်ပင် ပိုဆိုးကြောင်း၊ ငွေကိုင်သော ရဟန်းများအားလုံးသည် သာသနာဖျက်များဖြစ်ကြောင်း၊ ငွေကိုင်သောရဟန်းများသည် ထေရဝါဒမဟုတ် မဟာယနများသာဖြစ်ကြောင်း လူမှုကွန်ရက် ဖေ့ဘုတ်စ်နှင့် Youtube တွင်လည်းကောင်း ဟောပြောရေးသားဖြန့်ဝေလျက်ရှိကြောင်း လှည်းကူးမြို့နယ်၊ ပေါက်ကုန်းပေတရာအနန္တဂုဏ်ရည်ကျောင်းမှ ဆရာတော်အရှင်က္ကန္ဒောဘာသက တိုင်ကြားခဲ့ကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော တိုင်ကြားစာအရ သိရှိရသည်။

ယမန်နေ့က လှည်းကူမြို့နယ်သံဃာနာကအဖွဲ့က ချက်နိုင်ငံသားဆရာတော် အရှင်သရဏကို ခေါ်ယူတွေ့ဆုံပြီး ၀န်ခံလက်မှတ်ရေးထိုးစေခဲ့ကြောင်း၊ ဖေ့ဘုတ်စ်နှင့် Youtube မှ ရေးသားဟောပြောခြင်းမပြုလုပ်ရန် ၀န်ခံကတိပြု လက်မှတ်ရေးထိုးစေခဲ့ကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လာသောစာအရ သိရှိရသည်။

ချက်နိုင်ငံသားအရှင်သရဏကို လူမှုကွန်ရက်နှင့် Youtube တွင် တရားမဟောရန် တားမြစ်ခြင်းသည် တိုင်ကြားထားသော အချက် ၅ ချက်ကိုသာ ထပ်မံရေးသားဟောပြောခြင်းမပြုလုပ်ရန်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လှည်းကူးမြို့နယ်၊ စခန်းကြီးတောရ ကျောင်းတိုက်မှ ဆရာတော်အရှင်ဦးဥတ္တမသာရကို ရန်ကုန်ခေတ်သစ် ဆက်သွယ်မေးမြန်းခဲ့ရာ ယင်းဖြစ်စဉ်ဖြစ်ပွားမှု မှန်ကန်ကြောင်း သိရှိရသည်။

လှည်းကူးမြို့နယ်၊ စခန်းကြီးတောရကျောင်းတိုက်မှ အရှင်ဦးဥတ္တမသာရက မူ “ဟောပြောချက်တွေနဲ့ ပတ်သက်လို့ကတော့ ဦးဇင်းနားထောင်ထားတဲ့ အသံဖိုင်တွေကတော့ ဦးသရဏသည် ဝိနည်းလမ်းကြောင်းအနေအားဖြင့် လေ့လာမှုသူစွမ်းနိုင်သလောက်ရှိတာ မှန်သော်လည်းဘဲ စာပေလမ်းကြောင်း အနေနဲ့တော့ အခြေခံကျကျသင်ယူမှု ဆရာသမားတွေအောက်မှာ လေ့လာမှုခံယူမှုတွေဟာ တချို့စာပေအထောက်အထားတွေဟာ လွဲမှားနေတာတွေပါတယ်။

အဲဒီလိုလွဲမှားနေတာကို သူကဘုရားဟောဆိုပြီးတော့ သူကအခိုင်အမာယူပြီးတော့ On Line ပေါ်မှာတင်တယ်ပေါ့။ ထောက်ပြပြန်ရင်လည်း သူပြောတာမှန်တယ်ဆိုပြီးတော့ အပြန်အလှန်ပြောဆိုမှုတွေဖြစ်လာတယ်။ အဓိကသူရင်ဆိုင်ရတယ်ဆိုတာက ငွေကိုင်လ်ို့ ပိုက်ဆံကိုင် ဟောလို့တိုင်ခံရတာမဟုတ်ဘူး။ သူ့ရဲ့ဟောပြောမှုတွေသည် ကိုးကားထားသော ပါဠိတော် အဋ္ဌကထာတွေ နေရာလွဲမှားနေတာကြောင့်ပေါ့။ ပါဠိတော် အဋ္ဌကထာတော့ဟုတ်တယ်။ ဒါပေမယ့် ထောက်ထားမှု အကိုးအကားကတော့လွဲနေတယ်” ဟု ရန်ကုန်ခေတ်သစ်သို့ မိန့်ကြားသည်။

ချက်နိုင်ငံသား အရှင်သရဏသည် ဗုဒ္ဓတရားတော်နှင့်ပတ်သက်၍ ဟောပြောမှုများသည် လွဲမှားနေကြောင်း ဆရာတော် ဦးဥတ္တမသာရက မိန့်ကြားသည်။

” မြင့်မြတ်ဆုံးသော တရားတွေကိုလိုချင်ရင် သူ့ဆီကိုလာခဲ့ သူဆီမှာတရားအားထုတ်ဖို့ နှိုးဆော်ထားတာတွေရှိတယ်။ သူ့ကိုမှပြန်ပြီးမတောင်းပန်ရင် ဒီတစ်သက်တရားထူး မရနိုင်တော့ဘူးဆိုတဲ့ ပြောဆိုမှုတွေသည် သူ့ကိုယ်ကိုဘာသဘောနဲ့ပြောတာလဲ။ သူသည်သာမန်ပုဂ္ဂိုလ်လား။ အရိယာပုဂ္ဂိုလ်လား။ ပုထုဇဉ် နယ်ပယ်က လွတ်နေတဲ့ပုဂ္ဂိုလ်လား။ ဒီလိုမျိုး စကားလုံးအသုံးအနှုန်းတွေက လမ်းကြောင်းက လွဲနေတဲ့အတွက်ကြောင့် အဲတာတွေပါပါတယ်။

 

အဂ္ဂသာဝကဟောတာ၊ ဥပဒါယိကာ ဥပသကာဒကာတွေလျှောက်ထားတဲ့စကားတွေဖြစ်တယ်။ အဲဒါတွေကို ဘုရားဟောလို့ ယူထားပြီးတော့ ဟောတာအဲဒီမှာ လွဲမှားမှုတွေဖြစ်ကုန်တာ နောက်တစ်ခါ ဒီပိုက်ဆံကိုင်တဲ့အခါမှာ သေချာပေါက် ငရဲကျမယ်လို့ သူကဟောတယ်။ အဲတော့ဘုရားတောင်မှ မုချဟောတာ မဟုတ်ဘူးလေ။ ဘုရားလည်းဟောမသွားဘူး။ ပိုက်ဆံကိုင်တဲ့ ရဟန်းတိုင်းဟာ ငရဲကျတယ်လို့ဟောမသွားဘူး။ အပြစ်ရှိတယ်လို့ပဲဟောသွားတာလေ။

သူပြောတဲ့စကားကြီးက မုချစကားကြီး ယေဘုယျစကား မုချစကားရှိတော့ ဖြစ်နိုင်ခြေအများဆုံးစကား လုံးဝဖြစ်ကိုဖြစ်မယ်ဆိုတဲ့စကား သူကလုံးဝဖြစ်ကိုဖြစ်မယ်။ ပိုက်ဆံကိုင်တာဟာ လုံးဝငရဲကျမယ်။ အဲလိုမျိုး ဒါတောင်မှ ဒီပိုက်ဆံလှူတာဟာ ရဟန်းကို ငရဲကျအောင်လုပ်တာ စသည်ဖြင့်ပေါ့။ သူကပိုက်ဆံကိုင်တဲ့ ရဟန်းငရဲကျမယ်ပြောရအောင်သူက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ အဘိဥာဏ်ရတဲ့ပုဂ္ဂိုလ်မျိုးလား။ အယူအဆတွေလွဲသွားတာ အများကြီးပေါ့”ဟု ဆရာတော်ဦးဥတ္တမသာရက မိန့်ဆိုသည်။

ဆရာတော် ဦးဥတ္တမသာရက “ပိုက်ဆံကိုင်တဲ့ ရဟန်းတိုင်းသည် ပစ္စည်းအရာဝတ္ထုတစ်ခုခုဆိုတာက အသုံးပြုတဲ့ပုဂ္ဂိုလ်ပေါ်မှာ မူတည်ပြီးတော့ တန်ဖိုးရှိတာမရှိတာ ကွာခြားသွားတာပဲလေ။ပိုက်ဆံကိုင်တဲ့ ရဟန်းတိုင်း ငရဲကျစရာအကြောင်းမရှိဘူး။ ဒေဝဒတ်ထက် ဆိုးစရာအကြောင်းမရှိဘူး။ မြန်မာနိုင်ငံမှာ ပိုက်ဆံကိုင်ပြီးတော့ လောကအကျိုး၊ သာသနာအကျိုး၊ ပရဟိတအကျိုးဆောင်ရွက်နေတဲ့ ဘုန်းကြီးတွေ ဒုနဲ့ဒေးအများကြီးရှိတယ်။

အဲဒီတော့ ဆရာတော်ကြီးတွေပါ စော်ကားရာရောက်သွားတယ်လေ။ အတိုချုပ်ကတော့ ဒီပိုက်ဆံကိုင်တာဟာ ခံယူတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်နေစိတ်ထားပေါ်မူတည်တယ်။ သူသည်ငရဲစာလား။ ကုသိုလ်အတွက်နတ်ပြည်စာလား။ နိဗာန်စာလား။ ဒီလိုလည်းရှိသေးတာပေါ့” ဟု ဆက်လက် မိန့်ကြားသည်။

အရှင်သာရဏကို ကြည်ညိုသော ဒကာတစ်ဦးကမူ ဆရာတော်သည် သီရိလင်္ကာနိုင်ငံတွင် နှစ်ပေါင်းများစွာနေခဲ့ပြီးမှ မြန်မာနိုင်ငံတွင် လာရောက်သီတင်းသုံးခြင်းဖြစ်ကြောင်း၊ အင်္ဂလိပ်-မြန်မာ-ချက် အဘိဓာန်ကို ပြုစုနေသည်ဟု သိရှိရကြောင်း ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်က လှည်းကူးမြို့နယ် သံဃနာယကအဖွဲ့နှင့် ချက်နိုင်ငံသားဆရာတော် အရှင်သရဏကို ဆက်သွယ်ရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိပေ။

ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီတွင် အရှင်သရဏ၏ ဒကာတစ်ဦးဖြစ်သူ ဦးအောင်ပြည့်ဖြိုးက “သံဃာနာယက ဆရာတော်ကြီးတွေက ချက်ဆရာတော် ဟောကြားတဲ့ဟာတွေကို ဝိနည်းတော်နဲ့ညီတယ်။ အဋ္ဌာကထာနဲ့ ညီတယ်ဆိုတာ မိန့်တယ်။ ဒါပေမယ့် ဥပမာပေးတာကြမ်းတယ်။ ပိုက်ဆံကိုင်တဲ့ ပုဂ္ဂိုလ်တွေက ဒေဝဒတ်ထက် ဆိုးတယ်ဆိုတာ သာသနာချစ်စိတ်ကြောင့် ဥပမာပေးကြမ်းမယ်။ ဆရာတော်ကြီးတွေက ခေါ်ယူဆုံးမတယ်။

နောက်တစ်ခါ အဲဒီလိုဟောလို့ရှိရင် ဥပမာပေး မကြမ်းနဲ့ပေါ့။ ပါဋ္ဌိတော်အဋ္ဌာကထာတွေနဲ့ ထောက်ပြတာကို ဆရာတော်ကြီးတွေကလည်း လက်ခံတယ်။ တရားဟောခွင့်ပိတ်တာမဟုတ်ပါဘူး။ ကျနော်တို့က ဒီကိစ္စကို အေးအေးချမ်းချမ်း ဖြစ်စေချင်တယ်။ ဝိနည်းတော် ဒကာ၊ ဒကာမတွေက ၀န်းရံပေးရမှာ ကျနော်တို့မှာ တာ၀န်ရှိတယ်။ အဲဒါကိုလည်း ပြန်ပြီးရှင်းပေးဖို့ သံဃနာယကမှာ ချိန်းထားပါတယ်။ ၁ နာရီထိုးတာနဲ့ ကျနော်တို့ ပြန်ပြီး ဖြန့်ဝေပေးပါ့မယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

Credit – ရန်ကုန်ခေတ်သစ်

Zawgyi

ေငြကိုင္ေသာရဟန္းမ်ားသည္ ေဒ၀ဒတ္ထက္ပင္ပိုဆိုးေၾကာင္း ေဟာေျပာခဲ့ေသာ ဆရာေတာ္ခ်က္ႏိုင္ငံသား ဆရာေတာ္အရွင္သရဏသည္ ယမန္ေန႔လွည္းကူးၿမိဳ႕နယ္ သံဃနာယကအဖြဲ႕ေရွ႕တြင္ ၀န္ခံလက္မွတ္ထိုးလိုက္ရေၾကာင္း သိရွိရသည္။

လွည္းကူးၿမိဳ႕နယ္၊ စခန္းႀကီးေတာရေက်ာင္းတြင္ သီတသင္းသုံးလ်က္ရွိေသာ ခ်က္ႏိုင္ငံသားသံဃာတစ္ပါးျဖစ္သူ အရွင္သရဏသည္ ေငြကိုင္ေသာရဟန္းမ်ားသည္ ရဟန္းမဟုတ္ေၾကာင္း၊ ေငြကိုင္ေသာရဟန္းမ်ားသည္ ေဒ၀ဒတ္ထက္ပင္ ပိုဆိုးေၾကာင္း၊ ေငြကိုင္ေသာ ရဟန္းမ်ားအားလုံးသည္ သာသနာဖ်က္မ်ားျဖစ္ေၾကာင္း၊ ေငြကိုင္ေသာရဟန္းမ်ားသည္ ေထရဝါဒမဟုတ္ မဟာယနမ်ားသာျဖစ္ေၾကာင္း လူမႈကြန္ရက္ ေဖ့ဘုတ္စ္ႏွင့္ Youtube တြင္လည္းေကာင္း ေဟာေျပာေရးသားျဖန္႔ေဝလ်က္ရွိေၾကာင္း လွည္းကူးၿမိဳ႕နယ္၊ ေပါက္ကုန္းေပတရာအနႏၲဂုဏ္ရည္ေက်ာင္းမွ ဆရာေတာ္အရွင္ကၠေႏၵာဘာသက တိုင္ၾကားခဲ့ေၾကာင္း လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔လာေသာ တိုင္ၾကားစာအရ သိရွိရသည္။

ယမန္ေန႔က လွည္းကူၿမိဳ႕နယ္သံဃာနာကအဖြဲ႕က ခ်က္ႏိုင္ငံသားဆရာေတာ္ အရွင္သရဏကို ေခၚယူေတြ႕ဆုံၿပီး ၀န္ခံလက္မွတ္ေရးထိုးေစခဲ့ေၾကာင္း၊ ေဖ့ဘုတ္စ္ႏွင့္ Youtube မွ ေရးသားေဟာေျပာျခင္းမျပဳလုပ္ရန္ ၀န္ခံကတိျပဳ လက္မွတ္ေရးထိုးေစခဲ့ေၾကာင္း လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔လာေသာစာအရ သိရွိရသည္။

ခ်က္ႏိုင္ငံသားအရွင္သရဏကို လူမႈကြန္ရက္ႏွင့္ Youtube တြင္ တရားမေဟာရန္ တားျမစ္ျခင္းသည္ တိုင္ၾကားထားေသာ အခ်က္ ၅ ခ်က္ကိုသာ ထပ္မံေရးသားေဟာေျပာျခင္းမျပဳလုပ္ရန္ျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါသတင္းႏွင့္ပတ္သက္၍ လွည္းကူးၿမိဳ႕နယ္၊ စခန္းႀကီးေတာရ ေက်ာင္းတိုက္မွ ဆရာေတာ္အရွင္ဦးဥတၱမသာရကို ရန္ကုန္ေခတ္သစ္ ဆက္သြယ္ေမးျမန္းခဲ့ရာ ယင္းျဖစ္စဥ္ျဖစ္ပြားမႈ မွန္ကန္ေၾကာင္း သိရွိရသည္။

လွည္းကူးၿမိဳ႕နယ္၊ စခန္းႀကီးေတာရေက်ာင္းတိုက္မွ အရွင္ဦးဥတၱမသာရက မူ “ေဟာေျပာခ်က္ေတြနဲ႔ ပတ္သက္လို႔ကေတာ့ ဦးဇင္းနားေထာင္ထားတဲ့ အသံဖိုင္ေတြကေတာ့ ဦးသရဏသည္ ဝိနည္းလမ္းေၾကာင္းအေနအားျဖင့္ ေလ့လာမႈသူစြမ္းႏိုင္သေလာက္ရွိတာ မွန္ေသာ္လည္းဘဲ စာေပလမ္းေၾကာင္း အေနနဲ႔ေတာ့ အေျခခံက်က်သင္ယူမႈ ဆရာသမားေတြေအာက္မွာ ေလ့လာမႈခံယူမႈေတြဟာ တခ်ိဳ႕စာေပအေထာက္အထားေတြဟာ လြဲမွားေနတာေတြပါတယ္။

အဲဒီလိုလြဲမွားေနတာကို သူကဘုရားေဟာဆိုၿပီးေတာ့ သူကအခိုင္အမာယူၿပီးေတာ့ On Line ေပၚမွာတင္တယ္ေပါ့။ ေထာက္ျပျပန္ရင္လည္း သူေျပာတာမွန္တယ္ဆိုၿပီးေတာ့ အျပန္အလွန္ေျပာဆိုမႈေတြျဖစ္လာတယ္။ အဓိကသူရင္ဆိုင္ရတယ္ဆိုတာက ေငြကိုင္လ္ို႔ ပိုက္ဆံကိုင္ ေဟာလို႔တိုင္ခံရတာမဟုတ္ဘူး။ သူ႔ရဲ႕ေဟာေျပာမႈေတြသည္ ကိုးကားထားေသာ ပါဠိေတာ္ အ႒ကထာေတြ ေနရာလြဲမွားေနတာေၾကာင့္ေပါ့။ ပါဠိေတာ္ အ႒ကထာေတာ့ဟုတ္တယ္။ ဒါေပမယ့္ ေထာက္ထားမႈ အကိုးအကားကေတာ့လြဲေနတယ္” ဟု ရန္ကုန္ေခတ္သစ္သို႔ မိန္႔ၾကားသည္။

ခ်က္ႏိုင္ငံသား အရွင္သရဏသည္ ဗုဒၶတရားေတာ္ႏွင့္ပတ္သက္၍ ေဟာေျပာမႈမ်ားသည္ လြဲမွားေနေၾကာင္း ဆရာေတာ္ ဦးဥတၱမသာရက မိန္႔ၾကားသည္။

” ျမင့္ျမတ္ဆုံးေသာ တရားေတြကိုလိုခ်င္ရင္ သူ႔ဆီကိုလာခဲ့ သူဆီမွာတရားအားထုတ္ဖို႔ ႏႈိးေဆာ္ထားတာေတြရွိတယ္။ သူ႔ကိုမွျပန္ၿပီးမေတာင္းပန္ရင္ ဒီတစ္သက္တရားထူး မရႏိုင္ေတာ့ဘူးဆိုတဲ့ ေျပာဆိုမႈေတြသည္ သူ႔ကိုယ္ကိုဘာသေဘာနဲ႔ေျပာတာလဲ။ သူသည္သာမန္ပုဂၢိဳလ္လား။ အရိယာပုဂၢိဳလ္လား။ ပုထုဇဥ္ နယ္ပယ္က လြတ္ေနတဲ့ပုဂၢိဳလ္လား။ ဒီလိုမ်ိဳး စကားလုံးအသုံးအႏႈန္းေတြက လမ္းေၾကာင္းက လြဲေနတဲ့အတြက္ေၾကာင့္ အဲတာေတြပါပါတယ္။

အဂၢသာဝကေဟာတာ၊ ဥပဒါယိကာ ဥပသကာဒကာေတြေလွ်ာက္ထားတဲ့စကားေတြျဖစ္တယ္။ အဲဒါေတြကို ဘုရားေဟာလို႔ ယူထားၿပီးေတာ့ ေဟာတာအဲဒီမွာ လြဲမွားမႈေတြျဖစ္ကုန္တာ ေနာက္တစ္ခါ ဒီပိုက္ဆံကိုင္တဲ့အခါမွာ ေသခ်ာေပါက္ ငရဲက်မယ္လို႔ သူကေဟာတယ္။ အဲေတာ့ဘုရားေတာင္မွ မုခ်ေဟာတာ မဟုတ္ဘူးေလ။ ဘုရားလည္းေဟာမသြားဘူး။ ပိုက္ဆံကိုင္တဲ့ ရဟန္းတိုင္းဟာ ငရဲက်တယ္လို႔ေဟာမသြားဘူး။ အျပစ္ရွိတယ္လို႔ပဲေဟာသြားတာေလ။

သူေျပာတဲ့စကားႀကီးက မုခ်စကားႀကီး ေယဘုယ်စကား မုခ်စကားရွိေတာ့ ျဖစ္ႏိုင္ေျခအမ်ားဆုံးစကား လုံးဝျဖစ္ကိုျဖစ္မယ္ဆိုတဲ့စကား သူကလုံးဝျဖစ္ကိုျဖစ္မယ္။ ပိုက္ဆံကိုင္တာဟာ လုံးဝငရဲက်မယ္။ အဲလိုမ်ိဳး ဒါေတာင္မွ ဒီပိုက္ဆံလႉတာဟာ ရဟန္းကို ငရဲက်ေအာင္လုပ္တာ စသည္ျဖင့္ေပါ့။ သူကပိုက္ဆံကိုင္တဲ့ ရဟန္းငရဲက်မယ္ေျပာရေအာင္သူက ဘယ္လိုပုဂၢိဳလ္မ်ိဳးလဲ။ အဘိဥာဏ္ရတဲ့ပုဂၢိဳလ္မ်ိဳးလား။ အယူအဆေတြလြဲသြားတာ အမ်ားႀကီးေပါ့”ဟု ဆရာေတာ္ဦးဥတၱမသာရက မိန္႔ဆိုသည္။

ဆရာေတာ္ ဦးဥတၱမသာရက “ပိုက္ဆံကိုင္တဲ့ ရဟန္းတိုင္းသည္ ပစၥည္းအရာဝတၳဳတစ္ခုခုဆိုတာက အသုံးျပဳတဲ့ပုဂၢိဳလ္ေပၚမွာ မူတည္ၿပီးေတာ့ တန္ဖိုးရွိတာမရွိတာ ကြာျခားသြားတာပဲေလ။ပိုက္ဆံကိုင္တဲ့ ရဟန္းတိုင္း ငရဲက်စရာအေၾကာင္းမရွိဘူး။ ေဒဝဒတ္ထက္ ဆိုးစရာအေၾကာင္းမရွိဘူး။ ျမန္မာႏိုင္ငံမွာ ပိုက္ဆံကိုင္ၿပီးေတာ့ ေလာကအက်ိဳး၊ သာသနာအက်ိဳး၊ ပရဟိတအက်ိဳးေဆာင္႐ြက္ေနတဲ့ ဘုန္းႀကီးေတြ ဒုနဲ႔ေဒးအမ်ားႀကီးရွိတယ္။

အဲဒီေတာ့ ဆရာေတာ္ႀကီးေတြပါ ေစာ္ကားရာေရာက္သြားတယ္ေလ။ အတိုခ်ဳပ္ကေတာ့ ဒီပိုက္ဆံကိုင္တာဟာ ခံယူတဲ့ပုဂၢိဳလ္ရဲ႕ စိတ္ေနစိတ္ထားေပၚမူတည္တယ္။ သူသည္ငရဲစာလား။ ကုသိုလ္အတြက္နတ္ျပည္စာလား။ နိဗာန္စာလား။ ဒီလိုလည္းရွိေသးတာေပါ့” ဟု ဆက္လက္ မိန္႔ၾကားသည္။

အရွင္သာရဏကို ၾကည္ညိဳေသာ ဒကာတစ္ဦးကမူ ဆရာေတာ္သည္ သီရိလကၤာႏိုင္ငံတြင္ ႏွစ္ေပါင္းမ်ားစြာေနခဲ့ၿပီးမွ ျမန္မာႏိုင္ငံတြင္ လာေရာက္သီတင္းသုံးျခင္းျဖစ္ေၾကာင္း၊ အဂၤလိပ္-ျမန္မာ-ခ်က္ အဘိဓာန္ကို ျပဳစုေနသည္ဟု သိရွိရေၾကာင္း ေျပာဆိုသည္။

ရန္ကုန္ေခတ္သစ္က လွည္းကူးၿမိဳ႕နယ္ သံဃနာယကအဖြဲ႕ႏွင့္ ခ်က္ႏိုင္ငံသားဆရာေတာ္ အရွင္သရဏကို ဆက္သြယ္ရန္ႀကိဳးပမ္းခဲ့ေသာ္လည္း အဆက္အသြယ္မရရွိေပ။

ဒီဇင္ဘာလ ၁၆ ရက္ေန႔ နံနက္ ၁၁ နာရီတြင္ အရွင္သရဏ၏ ဒကာတစ္ဦးျဖစ္သူ ဦးေအာင္ျပည့္ၿဖိဳးက “သံဃာနာယက ဆရာေတာ္ႀကီးေတြက ခ်က္ဆရာေတာ္ ေဟာၾကားတဲ့ဟာေတြကို ဝိနည္းေတာ္နဲ႔ညီတယ္။ အ႒ာကထာနဲ႔ ညီတယ္ဆိုတာ မိန႔္တယ္။ ဒါေပမယ့္ ဥပမာေပးတာၾကမ္းတယ္။ ပိုက္ဆံကိုင္တဲ့ ပုဂၢိဳလ္ေတြက ေဒဝဒတ္ထက္ ဆိုးတယ္ဆိုတာ သာသနာခ်စ္စိတ္ေၾကာင့္ ဥပမာေပးၾကမ္းမယ္။ ဆရာေတာ္ႀကီးေတြက ေခၚယူဆုံးမတယ္။

ေနာက္တစ္ခါ အဲဒီလိုေဟာလို႔ရွိရင္ ဥပမာေပး မၾကမ္းနဲ႔ေပါ့။ ပါ႒ိေတာ္အ႒ာကထာေတြနဲ႔ ေထာက္ျပတာကို ဆရာေတာ္ႀကီးေတြကလည္း လက္ခံတယ္။ တရားေဟာခြင့္ပိတ္တာမဟုတ္ပါဘူး။ က်ေနာ္တို႔က ဒီကိစၥကို ေအးေအးခ်မ္းခ်မ္း ျဖစ္ေစခ်င္တယ္။ ဝိနည္းေတာ္ ဒကာ၊ ဒကာမေတြက ၀န္းရံေပးရမွာ က်ေနာ္တို႔မွာ တာ၀န္ရွိတယ္။ အဲဒါကိုလည္း ျပန္ၿပီးရွင္းေပးဖို႔ သံဃနာယကမွာ ခ်ိန္းထားပါတယ္။ ၁ နာရီထိုးတာနဲ႔ က်ေနာ္တို႔ ျပန္ၿပီး ျဖန္႔ေဝေပးပါ့မယ္” ဟု ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

Credit – ရန္ကုန္ေခတ္သစ္