ၾကားသိရသမွ်

အိုမိုင်ခရွန် ကိုဗစ်အသစ် စင်ကာပူမှာ ၂ ဦး စတွေ့နေပြီ…

အိုမိုင်ခရွန် ကိုဗစ်အသစ် စင်ကာပူမှာ ၂ ဦး စတွေ့နေပြီ။

အာဆီယံ နိုင်ငံတွေထဲမှာ ပထမဆုံး စတွေ့ခြင်းဖြစ်တယ်။

အာဖရိက Botswana မှာ စတွေ့တဲ့ အိုမီခရွန်က အာဆီယံကို ခြေချလာတဲ့ သဘောမှာ ရှိပါတယ်။

တွေ့တဲ့ ၂ ဦးက အာဖရိက ကနေ လေယာဉ်စီးလာတာဖြစ်ပြီး စင်ကာပူ ချန်ဂီလေဆိပ်ကို transit အနေနဲ့ ခဏဝင်ကာ Australia ကို ဆက်လက် ထွက်ခွါမှာ ဖြစ်ပါတယ်။

Transit အချိန်မှာ စင်ကာပူလေဆိပ်က ခရီးသည်တွေကို စစ်လိုက်ချိန် အိုမီခရွန် ၂ ယောက်တွေ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပါလာတဲ့ ခရီသည်အများစုဟာ transit ဧရိယာ မှန်ခန်းထဲမှာပဲ ရှိနေကြပြီး ချန်ဂီ လေဆိပ်အတွင်း ဘယ်မှ မသွားခဲ့သလို စင်ကာပူနိုင်ငံအတွင်းလည်း မဝင်ရောက်ခဲ့ပါဘူးလို့ ဆိုပါတယ်။

၇ ဦးကတော့ စင်ကာပူထဲသို့ ဝင်ရောက်ခဲ့ပြီး လက်ရှိ Q ဝင်နေကြပါတယ်။

ဘာပဲ ဖြစ်ဖြစ် အန္တရယ်က နီးကပ်လာပြီမို့ မြန်မာနိုင်ငံ လေဆိပ်အဝင်တွေကိုလည်း အထူးကြပ်မတ် စစ်ဆေးသင့်ပါပြီ။

Myanmar Live

unicode









Myanmar Live