နောက်ဆုံးဆန္ဒအဖြစ် အိပ်ယာထဲမှာလဲရင်း သားဖြစ်သူရဲ့မင်္ဂလာဧည့်ခံပွဲသို့ တက်ရောက်ခွင့်ရခဲ့တဲ့ ကင်ဆာရောဂါသည်မိခင်တစ်ဦး
ဂုဏ်သိက္ခာရှိစွာသေဆုံးခြင်းဟာ ကမ္ဘာပေါ်ရှိလူအများစုအတွက် ဦးစားပေးအနေနှင့်ဖြစ်နေဆဲဖြစ်ပြီး ၎င်းတို့၏ဘဝသက်တမ်းကုန်ခါနီးလူနာအချို့ဟာ ၎င်းတို့၏သက်တမ်းရင့်နေပြီဖြစ်တဲ့သူငယ်ချင်းကို နောက်ဆုံးအကြိမ်တွေ့ခြင်း၊ ၎င်းတို့၏သားသမီးများဘွဲ့ရတာကို မြင်ချင်ခြင်း ၊ အကြိုက်ဆုံးဘီယာသောက်ခြင်း (သို့) ၎င်းတို့ရဲ့ကျိန်ဆိုထားတဲ့ရန်သူကိုခွင့်လွတ်ပေးဖို့ တွေ့ချင်ခြင်းကဲ့သို့သောပုံမှန်မဟုတ်သောဆန္ဒများရှိနိုင်ပါတယ်။
သို့ပေမယ့် ၎င်းတို့ရဲ့နောက်ဆုံးဆန္ဒပြည့်စုံတာက ၎င်းတို့ရဲ့ချစ်ရသူတွေကိုငြိမ်းချမ်းသွားစေရုံသာမက ကမ္ဘာပေါ်မှာ ၎င်းတို့ရဲ့ဘဝကိုနောက်ဆုံးပိတ်သိမ်းခြင်းတစ်ခုအဖြစ်လည်းရှုမြင်နိုင်ပါတယ်။ ထိုကဲ့သို့သောအကြောင်းအရာကဲ့သို့ စင်္ကာပူနိုင်ငံသား Ng Yuet Hay အမည်ရှိ အသက် ၇၁ နှစ်အရွယ်သူမဟာ ၂၀၂၀ခုနှစ် ဇူလိုင်လတွင် အဆင့် ၄ ပန်ကရိယကင်ဆာရောဂါခံစားခဲ့ရပြီးနောက် ၎င်းနှင့်လုံးထွေးခဲ့ရပါတယ်။
ဆရာဝန်များက သူမသည် နောက်ထပ်လအနည်းငယ်သာအသက်ရှင်ရန်ကျန်ရှိကြောင်း ပြောတဲ့အခါ သူမ၏စိတ်ထဲတွင် သူ့သား Chia Fu Yong ရဲ့မင်္ဂလာပွဲကိုတော့မြင်ချင်သေးတယ်ဆိုတဲ့ အတွေးတစ်ခုချက်ချင်းဝင်လာခဲ့ရပါတယ်။ အသက် ၃၅ နှစ်အရွယ် Chia အမည်ရှိသားဖြစ်သူဟာ လာမည့်နှစ်မှ သူ့၏မင်္ဂလာဆောင်ပွဲကိုပြုလုပ်ရန်စီစဉ်ခဲ့သော်လည်း မိခင်ဖြစ်သူ၏ဆန္ဒကိုဖြည့်ဆည်းရန် မင်္ဂလာပွဲရက်ကို ရှေ့တိုးရန် ရက်သတ်မှတ်ခဲ့ရပါတယ်။
သားဖြစ်သူဟာ မိခင်က သူ့ရဲ့မင်္ဂလာပွဲကို မမြင်လိုက်ရမှာကို စိုးရိမ်နေခဲ့ပြီး မိခင်ဖြစ်သူရဲ့ကျန်ရှိမဲ့အချိန်ကိုလည်း သေချာစွာ မသိနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဟုတ်ပါတယ် ၊ သားသမီးတိုင်းရဲ့ကြီးပြင်းလာတာနှင့် အချိန်တန်ရင်လက်ထပ်စေချင်ကြတာကို မြင်ဖို့ကမိဘတိုင်းရဲ့ဆန္ဒပါဘဲ။
ဒါကြောင့် Chia ဟာ နောင်တမရချင်ဘဲ ပွဲမြန်မြန်လုပ်ရန်ဆုံးဖြတ်ခဲ့ပါတော့တယ်။ သူဟာ အမေဖြစ်သူရဲ့ဆန္ဒကိုသူ့သူငယ်ချင်းတွေကိုပြောပြခဲ့ပြီး ၎င်းတို့က သေလုမျောပါးဖြစ်နေတဲ့အမေဖြစ်သူရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးရန် Ambulance Wish Singapore (AWS) ဆိုတဲ့နာမကျန်းဖြစ်လူနာတွေအတွက် အပြုသဘောဆောင်တဲ့ဘဝအတွေ့အကြုံတွေကိုဖန်တီးပေးတဲ့အဖွဲ့အစည်းတစ်ခုသို့ တောင်းဆိုခဲ့ကြပါတယ်။
ထို့နောက် ၂၀၂၀ခုနှစ် အောက်တို့ဘာလ ၁၀ ရက်နေ့မှာ သားဖြစ်သူ၏မင်္ဂလာဆောင်ကိုတက်ရောက်ချင်ခဲ့တဲ့ Ng ၏ဆန္ဒကို AWS ကဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ AWS က ၎င်းမင်္ဂလာပွဲအကြောင်းကို Facebook ပေါ်မှာ တင်ထားခဲ့ပြီးနောက် ၎င်းသတို့သားအသစ်နှင့်အမေဖြစ်သူတို့အား မင်္ဂလာပွဲမှာ အတူရှိစေခဲ့ခြင်းကြောင့် လူအများက AWS ကို ကျေးဇူးတင်ကာ ၎င်းသတို့သားတို့သားအမိကိုပါ ကောင်းချီးပေးခဲ့ကြပါတယ်။
“ အချိုမြိန်ဆုံးအခိုက်အတန့်ဟာ သတို့သားနှင့်သတို့သမီးတို့က တရားဝင်ဇနီးမောင်နှံအဖြစ်ကြေငြာလိုက်တဲ့အချိန်မှာ မိခင် Ng က ပွဲဧည့်သည်တော်တွေနဲ့အတူ ပျော်ရွှင်စွာ လက်ခုပ်တီးပေးခဲ့တဲ့အချိန်ပါဘဲ” ဟု AWS က ရေးသားဖော်ပြခဲ့ပါတယ်။
AWS ၏ page ဟာ ၎င်းမင်္ဂလာဆောင်ဓာတ်ပုံများနှင့်ပြည့်နှက်နေခဲ့ပြီး ဓာတ်ပုံများထဲမှ မိခင် Ng ဟာ မိုဘိုင်းလ်အိပ်ယာ/ထမ်းစင်မှ မင်္ဂလာဧည့်ခံခြင်းကိုကြည်နူးစွာ ကြည့်နေရင်း ရောင်စုံပန်းထိုးထိုးထားတဲ့ cheongsam ကို သင့်တင့်လျောက်ပတ်စွာ ၀ တ်ဆင်ထားခဲ့ပါတယ်။ AWS ၏ဥက္ကဋ္ဌ Ong Yew Jin က ၎င်းမင်္ဂလာပွဲ၌ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ ဒေသခံရေခဲမုန့်အရောင်းဆိုင် The Humble Scoop နှင့် စပွန်ဆာပေးတဲ့ Just Weddings Photography တို့အား Ng အတွက်အမှတ်တရမင်္ဂလာပွဲဖြစ်စေရန်ပံ့ပိုးကူညီပေးမှုအတွက် ကျေးဇူးတင်စကားပြောခဲ့ပါသေးတယ်။
credit
Zawgyi
ဂုဏ္သိကၡာရွိစြာေသဆုံးျခင္းဟာ ကမာၻေပၚရွိလူအမ်ားစုအတြက္ ဦးစားေပးအေနႏွင့္ျဖစ္ေနဆဲျဖစ္ၿပီး ၎တို႔၏ဘ၀သက္တမ္းကုန္ခါနီးလူနာအခ်ိဳ႕ဟာ ၎တို႔၏သက္တမ္းရင့္ေနၿပီျဖစ္တဲ့သူငယ္ခ်င္းကို ေနာက္ဆုံးအႀကိမ္ေတြ႕ျခင္း၊ ၎တို႔၏သားသမီးမ်ားဘြဲ႕ရတာကို ျမင္ခ်င္ျခင္း ၊ အႀကိဳက္ဆုံးဘီယာေသာက္ျခင္း (သို႔) ၎တို႔ရဲ႕က်ိန္ဆိုထားတဲ့ရန္သူကိုခြင့္လြတ္ေပးဖို႔ ေတြ႕ခ်င္ျခင္းကဲ့သို႔ေသာပုံမွန္မဟုတ္ေသာဆႏၵမ်ားရွိႏိုင္ပါတယ္။
သို႔ေပမယ့္ ၎တို႔ရဲ႕ေနာက္ဆုံးဆႏၵျပည့္စုံတာက ၎တို႔ရဲ႕ခ်စ္ရသူေတြကိုၿငိမ္းခ်မ္းသြားေစ႐ုံသာမက ကမာၻေပၚမွာ ၎တို႔ရဲ႕ဘ၀ကိုေနာက္ဆုံးပိတ္သိမ္းျခင္းတစ္ခုအျဖစ္လည္းရႈျမင္ႏိုင္ပါတယ္။ ထိုကဲ့သို႔ေသာအေၾကာင္းအရာကဲ့သို႔ စကၤာပူႏိုင္ငံသား Ng Yuet Hay အမည္ရွိ အသက္ ၇၁ ႏွစ္အ႐ြယ္သူမဟာ ၂၀၂၀ခုႏွစ္ ဇူလိုင္လတြင္ အဆင့္ ၄ ပန္ကရိယကင္ဆာေရာဂါခံစားခဲ့ရၿပီးေနာက္ ၎ႏွင့္လုံးေထြးခဲ့ရပါတယ္။
ဆရာဝန္မ်ားက သူမသည္ ေနာက္ထပ္လအနည္းငယ္သာအသက္ရွင္ရန္က်န္ရွိေၾကာင္း ေျပာတဲ့အခါ သူမ၏စိတ္ထဲတြင္ သူ႔သား Chia Fu Yong ရဲ႕မဂၤလာပြဲကိုေတာ့ျမင္ခ်င္ေသးတယ္ဆိုတဲ့ အေတြးတစ္ခုခ်က္ခ်င္းဝင္လာခဲ့ရပါတယ္။ အသက္ ၃၅ ႏွစ္အ႐ြယ္ Chia အမည္ရွိသားျဖစ္သူဟာ လာမည့္ႏွစ္မွ သူ႔၏မဂၤလာေဆာင္ပြဲကိုျပဳလုပ္ရန္စီစဥ္ခဲ့ေသာ္လည္း မိခင္ျဖစ္သူ၏ဆႏၵကိုျဖည့္ဆည္းရန္ မဂၤလာပြဲရက္ကို ေရွ႕တိုးရန္ ရက္သတ္မွတ္ခဲ့ရပါတယ္။
သားျဖစ္သူဟာ မိခင္က သူ႔ရဲ႕မဂၤလာပြဲကို မျမင္လိုက္ရမွာကို စိုးရိမ္ေနခဲ့ၿပီး မိခင္ျဖစ္သူရဲ႕က်န္ရွိမဲ့အခ်ိန္ကိုလည္း ေသခ်ာစြာ မသိႏိုင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဟုတ္ပါတယ္ ၊ သားသမီးတိုင္းရဲ႕ႀကီးျပင္းလာတာႏွင့္ အခ်ိန္တန္ရင္လက္ထပ္ေစခ်င္ၾကတာကို ျမင္ဖို႔ကမိဘတိုင္းရဲ႕ဆႏၵပါဘဲ။
ဒါေၾကာင့္ Chia ဟာ ေနာင္တမရခ်င္ဘဲ ပြဲျမန္ျမန္လုပ္ရန္ဆုံးျဖတ္ခဲ့ပါေတာ့တယ္။ သူဟာ အေမျဖစ္သူရဲ႕ဆႏၵကိုသူ႔သူငယ္ခ်င္းေတြကိုေျပာျပခဲ့ၿပီး ၎တို႔က ေသလုေမ်ာပါးျဖစ္ေနတဲ့အေမျဖစ္သူရဲ႕ေနာက္ဆုံးဆႏၵကိုျဖည့္ဆည္းေပးရန္ Ambulance Wish Singapore (AWS) ဆိုတဲ့နာမက်န္းျဖစ္လူနာေတြအတြက္ အျပဳသေဘာေဆာင္တဲ့ဘ၀အေတြ႕အႀကဳံေတြကိုဖန္တီးေပးတဲ့အဖြဲ႕အစည္းတစ္ခုသို႔ ေတာင္းဆိုခဲ့ၾကပါတယ္။
ထို႔ေနာက္ ၂၀၂၀ခုႏွစ္ ေအာက္တို႔ဘာလ ၁၀ ရက္ေန႔မွာ သားျဖစ္သူ၏မဂၤလာေဆာင္ကိုတက္ေရာက္ခ်င္ခဲ့တဲ့ Ng ၏ဆႏၵကို AWS ကျဖည့္ဆည္းေပးႏိုင္ခဲ့ပါတယ္။ AWS က ၎မဂၤလာပြဲအေၾကာင္းကို Facebook ေပၚမွာ တင္ထားခဲ့ၿပီးေနာက္ ၎သတို႔သားအသစ္ႏွင့္အေမျဖစ္သူတို႔အား မဂၤလာပြဲမွာ အတူရွိေစခဲ့ျခင္းေၾကာင့္ လူအမ်ားက AWS ကို ေက်းဇူးတင္ကာ ၎သတို႔သားတို႔သားအမိကိုပါ ေကာင္းခ်ီးေပးခဲ့ၾကပါတယ္။
“ အခ်ိဳၿမိန္ဆုံးအခိုက္အတန္႔ဟာ သတို႔သားႏွင့္သတို႔သမီးတို႔က တရားဝင္ဇနီးေမာင္ႏွံအျဖစ္ေၾကျငာလိုက္တဲ့အခ်ိန္မွာ မိခင္ Ng က ပြဲဧည့္သည္ေတာ္ေတြနဲ႔အတူ ေပ်ာ္႐ႊင္စြာ လက္ခုပ္တီးေပးခဲ့တဲ့အခ်ိန္ပါဘဲ” ဟု AWS က ေရးသားေဖာ္ျပခဲ့ပါတယ္။
AWS ၏ page ဟာ ၎မဂၤလာေဆာင္ဓာတ္ပုံမ်ားႏွင့္ျပည့္ႏွက္ေနခဲ့ၿပီး ဓာတ္ပုံမ်ားထဲမွ မိခင္ Ng ဟာ မိုဘိုင္းလ္အိပ္ယာ/ထမ္းစင္မွ မဂၤလာဧည့္ခံျခင္းကိုၾကည္ႏူးစြာ ၾကည့္ေနရင္း ေရာင္စုံပန္းထိုးထိုးထားတဲ့ cheongsam ကို သင့္တင့္ေလ်ာက္ပတ္စြာ ၀ တ္ဆင္ထားခဲ့ပါတယ္။ AWS ၏ဥကၠ႒ Ong Yew Jin က ၎မဂၤလာပြဲ၌ပါဝင္အားျဖည့္ေပးခဲ့ၾကတဲ့ ေဒသခံေရခဲမုန႔္အေရာင္းဆိုင္ The Humble Scoop ႏွင့္ စပြန္ဆာေပးတဲ့ Just Weddings Photography တို႔အား Ng အတြက္အမွတ္တရမဂၤလာပြဲျဖစ္ေစရန္ပံ့ပိုးကူညီေပးမႈအတြက္ ေက်းဇူးတင္စကားေျပာခဲ့ပါေသးတယ္။
credit