စနေဂြိုဟ် ပြောင်းလဲတော့မည်

မနက်ဖြန် 28-9-2020 မြန်မာစံတော်ချိန် ညနေ6နာရီ :11မိနစ် အချိန်မှာ မကာရရာသီမှာ ရှိနေတဲ့ စနေဂြိုဟ်ဟာ ကုံရာသီကို ထွက်ခွာတော့မှာဖြစ်ပြီး မကာရရာသီအိမ်ကို 2047 ခုနှစ်ကျမှ ပြန်လည်ရောက်ရှိမယ် လို့ တွေ့ရှိရပါတယ်။
ဒီလို စနေဂြိုဟ်ရဲ့အပြောင်းအလဲက ကမ္ဘာကြီးတစ်ခုလုံးအတွက် တွေ့ကြုံနေရတဲ့ အဆိုးတွေကနေ သိသိသာသာ ပြန်လည်လွတ်မြောက်တော့မယ့် အခြေအနေကို ရောက်လာပြီလို့ နက္ခတ္တပညာရှင်များက ဝမ်းမြောက်ဝမ်းသာ ဆိုကြပါတယ်။
စနေဂြိုဟ်ရဲ့ ဒီလို အနေအထားမျိုးကိုနက္ခတ္တပညာရှင်များ မျှော်လင့်စောင့်စားနေခဲ့ကြတာ ဖြစ်ပါတယ်။
ကြာသပတေးဂြိုဟ်၊ စနေဂြိုဟ်နဲ့ ပလူတိုဂြိုဟ် သုံးခုရဲ့ ချိတ်ဆက်ခြင်း(conjunction)၊ နောက်ပြန်ခြင်း (retrogation)စတာတွေရဲ့ အကျိုးသက်ရောက်မှုတွေကို ကမ္ဘာဂြိုဟ်က ယခုနှစ်အတွင်းမှာ လပေါင်းများစွာ ခံစားနေရပြီးနောက်
မနက်ဖြန် 27-5-2020မှာမကာရ (capricorn)ကနေ ကုံရာသီ(Aquarius)ကို စနေဂြိုဟ် ထွက်ခွာတော့မှာ ဖြစ်လို့ သိသာတဲ့၊ အကောင်းဖက်ကို ရည်ညွှန်းတဲ့ အကျိုးသက်ရောက်မှုတွေ စတင်ဖြစ်ပေါ်လာတော့မယ် လို့ ဟောကိန်းထုတ်နိုင်သလိုစနေဂြိုဟ် ဖောက်ပြန်ချိန်မှာမထင်မှတ်ပဲ ဆိုးကျိုးခံစားလိုက်ရတဲ့မြန်မာပြည်အတွက်လည်း အတိအကျအားဖြင့် မနက်ဖြန် 27-5-2020 ညနေ 18:11နာရီ (တစ်ကမ္ဘာလုံးအတွက်ဆိုရင် May 27 ညသန်းခေါင်ယံ mid-night ဝန်းကျင်အချိန်ခန့်) က စပြီး စနေမွှေခံလိုက်ရတဲ့ ဒဏ်က စတင်လွတ်မြောက်ပြီလို့ ပြောနိုင်ပါတယ်။

အောက်တိုဘာ (၃)ရက်နေ့မှာ ပလူတိုဂြိုဟ်က မကာရရာသီမှာ ကမ္ဘာဂြိုဟ်နဲ့ (direct) တစ်ဖြောင့်တည်းကျဦးမယ် ဆိုပေမယ့် မြန်မာပြည်အတွက်က မေလကတွေ့ကြုံရသလို အခြေအနေမျိုး ဖြစ်တာကြောင့် အလွန်အမင်း စိုးရိမ်စရာ မရှိတော့ပါဘူး။
ဒါ့ကြောင့် မနက်ဖြန်ညပိုင်းကစ ယခုရက်ပိုင်းအတွင်း စနေဂြိုဟ်ရဲ့ ကောင်းသောအပြောင်းအလဲ နဲ့ သက်ရောက်မှုတွေ၊ ကောင်းကျိုး ဆိုးကျိုးယှဉ်တွဲ ဖြစ်ပေါ်လာမှုတွေကို ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်သလို ယခုလက်ရှိ ကြံ့ကြံ့ခံနေကြတဲ့ ပုံစံအတိုင်း လူသားတွေရဲ့ ညီညွတ်မှု၊ သတိ၊အသိဉာဏ်ပညာ၊ ဝီရိယ များနဲ့ ကမ္ဘာကပ်ရောဂါကြီးကို ဆက်လက်တွန်းလှန်ကြမယ် ဆိုရင် မကြာခင် လအနည်းငယ်အတွင်းမှာ စတင် အောင်ပွဲခံနိုင်တော့မယ် လို့ မျှော်လင့်ရပါတယ်။
စနေဂြိုဟ်မွှေချိန်မှာ အလူးအလဲခံနေရတဲ့မြန်မာပြည်အတွက် စနေဂြိုဟ်ရဲ့အပြောင်းအလဲဟာ အပြုသဘောဆောင်တဲ့၊ ကပ်ရောဂါ ကူးစက်မှုမြင့်မားနေရာက သိသိသာသာပြန်လည် လျော့ပါးသွားတော့မယ့် အနေအထားဘက်ကို ရောက်လာမယ်လို့ သုံးသပ်မိပါတယ် ။
အား မ ငယ် ကြ ပါနဲ့။မပေါ့ဆကြပါနဲ့ ။မနက်ဖြန်ဆို စနေဂြိုဟ် ပြောင်းလဲပြီမို့မြန်မာပြည် ရဲ့ ကံကြမ္မာကအကောင်းဘက်ကို ပြန်ဦးတည်နေပါပြီ။ ။
မင်းဟန်(မန်းတက္ကသိုလ်)