ၾကားသိရသမွ်

ဒီတိုင်းဆို မီတာ သိပ်မသုံးတဲ့ အိမ်တွေ သတိထားသာ ထားကြတော့…

ရန်ကုန်တွင် မီတာသုံးစွဲမှုနည်းပါးသည့် နေအိမ်များ မီတာခ ၂ လစာအပြင် ဒဏ်ကြေးပါ ပေးနေရရန်ကုန်မြို့မှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ လစဉ်ပေးဆောင်ရမယ့် မီတာကြေးတွေကို ၂ လစာ ပေါင်းဆောင်နေရပြီး

နောက်ကျဒဏ်ကြေးတွေလည်း ထပ်ဆောင်း ပေးဆောင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။စစ်ကောင်စီလက်အောက်ခံ မီတာရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မီတာဖတ်သူ၊

မီတာစာရွက် ဖြန့်ဝေသူတွေဟာ မီတာသုံးစွဲမှုနည်းပါးတဲ့ နေအိမ်တွေကို လစဥ် မီတာဖတ်တာမရှိသလိုမီတာစာရွက်တွေ ဖြန့်ဝေရာမှာလည်း ၂ လစာပေါင်းပြီးမှ မီတာစာရွက် ဖြန့်ဝေတာမျိုးတွေ ပြုလုပ်နေကြပါတယ်။

လျှပ်စစ်မီတာရုံးတွေရဲ့ သတ်မှတ်ချက်မှာတော့ ဓာတ်အားခ နောက်ဆုံးပေးဆောင်ရမယ့် သတ်မှတ်ရက်မှာ ပေးဆောင်ခြင်းမရှိတဲ့ နေအိမ်တွေကို ညနေပိုင်းမှာ ဓာတ်အားဖြတ်တောက်ရမှာဖြစ်ပေမဲ့

လာရောက် ဓာတ်အားဖြတ်တောက်တာတွေလည်း မရှိဘဲ ဆက်လက်အသုံးပြုခွင့်ရနေပြီး၂ လစာပေးဆောင်ရမယ့် မီတာစာရွက်တွေကိုသာ နောက်လတွေမှ လာရောက်ဖြန့်ဝေနေတယ်လို့ အင်းစိန်မြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

အဲ့ဒီလို ၂ လစာပေးဆောင်ရမယ့် မီတာစာရွက် လက်ခံရရှိချိန်မှသာ မီတာရုံးကို သွားရောက် ပေးဆောင်ချိန်မှာတော့ နောက်ကျဒဏ်ကြေးအဖြစ် ကျပ် ၃,၀၀၀ အပိုဆောင်း ပေးနေရတာဖြစ်ပြီး

ရန်ကုန်မှာနေထိုင်တဲ့ ပြည်သူတော်တော်များများဟာ အဲ့ဒီလို အခြေအနေမျိုးတွေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။လက်ရှိမှာ အိမ်သုံးမီတာတွေအတွက် နောက်ကျဒဏ်ကြေးတွေကတော့

တလနောက်ကျရင် ကျပ် ၂,၀၀၀၊ ၂ လနောက်ကျရင် ကျပ် ၃,၀၀၀၊ ၃ လနောက်ကျရင် ကျပ် ၄,၀၀၀၊၃ လနဲ့အထက်ဆိုရင် မီတာဖြုတ်သိမ်းရမယ်လို့ မီတာရုံးတွေရဲ့ ကြေညာချက်တွေမှာ တွေ့ရပါတယ်။

Source – ဒီဗြီဘီ

Zawgyi Verion ဖြင့်ဖတ်ရန်

ဒီတိုင်းဆို မီတာ သိပ်မသုံးတဲ့ အိမ်တွေ သတိထားသာ ထားကြတော့…ရန်ကုန်တွင် မီတာသုံးစွဲမှုနည်းပါးသည့် နေအိမ်များ မီတာခ ၂ လစာအပြင် ဒဏ်ကြေးပါ ပေးနေရ

ရန်ကုန်မြို့မှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ လစဉ်ပေးဆောင်ရမယ့် မီတာကြေးတွေကို ၂ လစာ ပေါင်းဆောင်နေရပြီးနောက်ကျဒဏ်ကြေးတွေလည်း ထပ်ဆောင်း ပေးဆောင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ မီတာရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မီတာဖတ်သူ၊ မီတာစာရွက် ဖြန့်ဝေသူတွေဟာ မီတာသုံးစွဲမှုနည်းပါးတဲ့ နေအိမ်တွေကို လစဉ် မီတာဖတ်တာမရှိသလို

မီတာစာရွက်တွေ ဖြန့်ဝေရာမှာလည်း ၂ လစာပေါင်းပြီးမှ မီတာစာရွက် ဖြန့်ဝေတာမျိုးတွေ ပြုလုပ်နေကြပါတယ်။လျှပ်စစ်မီတာရုံးတွေရဲ့ သတ်မှတ်ချက်မှာတော့ ဓာတ်အားခ နောက်ဆုံးပေးဆောင်ရမယ့် သတ်မှတ်ရက်မှာ ပေးဆောင်ခြင်းမရှိတဲ့

နေအိမ်တွေကို ညနေပိုင်းမှာ ဓာတ်အားဖြတ်တောက်ရမှာဖြစ်ပေမဲ့လာရောက် ဓာတ်အားဖြတ်တောက်တာတွေလည်း မရှိဘဲ ဆက်လက်အသုံးပြုခွင့်ရနေပြီး၂ လစာပေးဆောင်ရမယ့်မီတာစာရွက်တွေကိုသာ နောက်လတွေမှ လာရောက်ဖြန့်ဝေ

နေတယ်လို့ အင်းစိန်မြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။အဲ့ဒီလို ၂ လစာပေးဆောင်ရမယ့် မီတာစာရွက် လက်ခံရရှိချိန်မှသာ မီတာရုံးကို သွားရောက် ပေးဆောင်ချိန်မှာတော့ နောက်ကျဒဏ်ကြေးအဖြစ် ကျပ် ၃,၀၀၀ အပိုဆောင်း ပေးနေရတာဖြစ်ပြီး

ရန်ကုန်မှာနေထိုင်တဲ့ ပြည်သူတော်တော်များများဟာ အဲ့ဒီလို အခြေအနေမျိုးတွေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။လက်ရှိမှာ အိမ်သုံးမီတာတွေအတွက် နောက်ကျဒဏ်ကြေးတွေကတော့ တလနောက်ကျရင် ကျပ် ၂,၀၀၀၊ ၂ လ

နောက်ကျရင် ကျပ် ၃,၀၀၀၊ ၃ လနောက်ကျရင် ကျပ် ၄,၀၀၀၊၃ လနဲ့အထက်ဆိုရင် မီတာဖြုတ်သိမ်းရမယ်လို့ မီတာရုံးတွေရဲ့ ကြေညာချက်တွေမှာ တွေ့ရပါတယ်။

Source – ဒီဗြီဘီ