ဗဟုသုတ

ဒေါသ ကြီးတတ်သူများဖတ်ဖို့

ဒေါသ ကြီးတတ်သူများဖတ်ဖို့

ဒေါသကို ချစ်ခြင်းမေတ္တာနဲ့

ဘယ်လိုအစားထိုးမလဲတစ်ခါတစ်ရံ စိတ်အလို

မကျတဲ့အခါ ဒေါသထွက်တတ် ကြပါတယ်။

အဲဒီဒေါသကြောင့် မပြောသင့်တာတွေပြောမိတတ်သလို

အရင် ကဘယ်လောက်ပဲ ချစ်ခင်ခဲ့ပါစေရန်သူတွေ

လိုလည်း မုန်းသွား တတ်ကြပါတယ်။

ဒါ့အပြင် ဒေါသကြောင့် ခေါင်းကိုက်တာသွေးတိုးတာ၊

နှလုံးရောဂါ ထတာစတဲ့ဝေဒနာ တွေလည်း

ဖြစ်တတ် ပါသေးတယ်။

ဒေါသထွက်တဲ့ အခါ

‘ငါဘာကြောင့် စိတ်တိုရ တာလဲ’ လို့အရင်ဆုံး

စဉ်းစား လိုက်ပါ။

စိတ်တိုရတဲ့ အကြောင်းရင်းက

တကယ်ပဲ အရေးပါလို့လား၊

လူတစ်ယောက်ပြောစကား တစ်ခွန်းကြောင့်

စိတ္တိုရတာ လား၊ တစ္ခုခု လုပ္ခဲ့လို့စိတ္တိုတာလား

ဘယ်သူ့ကို ဒေါသ ထွက်တာလဲ၊

ဘာကြောင့် ဒေါသ ထွက်တာလဲ၊

ဒီအခြေအနေ ဖြစ်အောင်ဘယ်သူက ဖန်တီးခဲ့တာလဲ

ဆိုတာသေချာ စဉ်းစားပါ။

ဒေါသ ထွက်စေတဲ့ အခြေအနေကို

သင်ကိုယ် တိုင်က

ဖန်တီး ခဲ့တယ် ဆိုရင်ဒီလို အခြေ အနေမျိုး ထပ်မံ

မဖြစ်စေဖို့ သင်ခန်းစာ ရယူပြီး ဒေါသကိုလျှော့လိုက် ပါ။

တခြားသူက ဖန်တီး ခဲ့တယ် ဆိုရင် အဲဒီလူကို

တတ်နိုင်သမျှ ညှိနှိုင်း ကြည့်ပါ။

တစ်ခါ တစ်ရံ ကိုယ်ချစ်ခင်တဲ့ သူတွေကို

မမှားစေ ချင်တဲ့စိတ်၊မေတ္တာပိုတဲ့ စိတ်တွေနဲ့

ကရုဏာဒေါသ ထွက်ရတဲ့ အချိန်တွေ

ရှိတတ်ပါတယ်။

အဲဒီအခါ ဒေါသ ထွက်လာရင်ဒေါသကြောင့်စေတနာကနေ

ဝေဒနာပြောင်းမသွား စေဖို့ ချစ်ခြင်း မေတ္တာနဲ့

အစားထိုး သင့်ပါတယ်။

ကြင်ကြင်နာနာ၊ ချစ်ချစ် ခင်ခင်နဲ့

နားလည်အောင် ပြောပြလိုက်ပါ။

ဒေါသ ထွက်တဲ့အခါ

အခြေအနေ အရပ်ရပ်ကို အရင်ဆုံးသုံးသပ်ကြည့်လိုက်ပါ။

ဘယ်သူကမှ ကိုယ့်ကို နာကျင်အောင်၊ စိတ်ညစ်အောင်

မလုပ်နိုင်ဘူးလို့ တွေးလိုက်ပါ။

ဒါဆိုရင်ဒေါသတွေအလိုလိုပြေလျော့ လာပြီး

စိတ်ခံစားမှု ပိုကောင်း လာပါလိမ့်မယ်။

ဒေါသကို ထိန်းချုပ်ရတာ ခက်ပါတယ်။

ဒေါသကို မမျိုချသင့် တာလည်းအမှန်ပါ။

ဒေါသ ထွက်တဲ့ အခါ သင်ခံစားရတဲ့

ဒေါသကြောင့်သင်ကိုယ်တိုင်နဲ့ သင့် ဝန်းကျင်က လူတွေ

မထိခိုက်အောင်၊အနာတရမဖြစ် အောင် အထူးသတိထား
သင့်ပါတယ်။

ဒေါသက ခဏ တာ ဖြစ်ပေမယ့်ဒေါသကြီးတာကို

မထိန်းနိုင်လို့မှားခဲ့ရင် တစ်ဘဝစာ နောင်တရသွား

နိုင်တာကြောင့်ပါ ။

ကိုယ်အဆင်မပြေတိုင်း ကိုယ်မျက်စီရှေ့မှာ

အမြင့်မတော်တာမြင်တိုင်း ကိုယ်စိတ်က အမြဲတမ်း

ဒေါသကြီးပဲဖြစ်နေမှာဆိုရင် တစ်နေ့တစ်နေ့ကို

ကိုသိုလ်ဆိုတာရအုံးမှာပါလား အမြဲတမ်း

အကိုသိုလ်တွေပဲရမှာလေ ။

ဒေါသဆိုတာ လူတိုင်းမှာရှိပါတယ် ။

( သို့ပေမယ့် )

အမြဲတမ်း ဒေါသ ဖြစ်နေမယ်ဆိုရင်မကောင်းဘူးလေ ။

Credit to Original Writer