အခ်စ္ေရး

ယောကျာ်းလေးတွေ ရူးရူးမူးမူး ချစ်မိပြီး အဆုံးရှုံးမခံနိုင်ရင် ဒီလိုမျိုးတွေ ပြုမူတတ်ပါတယ်

ယောကျာ်းလေးတွေ ရူးရူးမူးမူး ချစ်မိပြီး အဆုံးရှုံးမခံနိုင်ရင် ဒီလိုမျိုးတွေ ပြုမူတတ်ပါတယ်

တစ်ချို့သောနေရာတွေမှာ ယောကျာ်းလေးတွေက မိန်းကလေးတွေထက်တောင် ပိုကြောက်တတ်နေပါသေးတယ်။ ဥပမာ- သူတို့ တကယ်ချစ်မိသွားပြီး ဆုံးရှုံးလိုက်ရမှာကို အရမ်းကြောက်တတ်ကြတာမျိုးပေါ့။ ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို အရူးအမူး ချစ်မိပြီး ဆုံးရှုံးမခံနိုင်တဲ့အချိန်မျိုးမှာ သူတို့ဆီမှာ ဒီလိုအချက်တွေ တွေ့ရတတ်ပါတယ်။

သူတို့ကို သူတို့ပြောင်းလဲလာတတ်တယ်

ယောကျာ်းလေးတွေက သူတို့ရဲ့ ပုံစံကို ပြောင်းလဲတတ်တဲ့ သူမျိုးကိုဆို လုံးဝမကြိုက်တတ်ကြသလို ဘယ်တော့မှလည်း မပြောင်းလဲပေးတတ်ကြပါဘူး။ ဒါပေမယ့် သူတို့တကယ် ချစ်တဲ့သူ၊ တကယ်မြတ်နိုးတန်ဖိုးထားရတဲ့ သူအတွက်တော့ သူတို့ရဲ့ ပုံစံတွေကို ပြောင်းလဲပစ်ရမှာကို လုံးဝမတွန့်တိုတတ်ကြပါဘူးနော်။ သူတို့အရမ်းချစ်မိတဲ့ တစ်စုံတစ်ယောက်အတွက် သူတို့ရဲ့ ပုံစံကို အကောင်းဆုံးဖြစ်အောင် ပြုပြင်လာတတ်ကြပါတယ်။

ဘယ်လိုပုံစံပဲဖြစ်ဖြစ် ချစ်တယ်

ယောကျာ်းလေးတွေ ရူးရူးမူးမူးချစ်မိသွားတဲ့အခါ သူတို့ချစ်တဲ့သူဟာ ဘယ်လိုပုံစံပဲဖြစ်နေပါစေ၊ ဘယ်လိုလိုအပ်ချက်တွေပဲ ရှိနေပါစေ ဘာကိုမှ ဂရုမစိုက်ပဲ ချစ်တတ်ကြပါတယ်။ သူတို့ရဲ့ ကောင်မလေးကို သူမဖြစ်နေလို့ကို ဘာအကြောင်းပြချက်မှ မရှိပဲ ချစ်တာပါ။ တစ်ခြားသူတွေက သူမကို ရုပ်ဆိုးတယ်လို့ပဲပြောပြော၊ အကျဉ်းတန်တယ်လို့ပဲဆိုဆို ဒီလိုအချိန်မှာ ဘယ်သူ့စကားကမှ သူတို့အတွက် အသုံးဝင်မနေတော့ပါဘူး။

အရမ်းသည်းခံ ခွင့်လွှတ်လာတတ်တယ်

ကောင်လေးတွေက မိန်းကလေးတစ်ယောက်ကို အရမ်းချစ်မိသွားတဲ့အခါ သူတု့ိရဲ့ နားလည်ပေးတတ်မှုတွေ၊ သည်းခံခွင့်လွှတ်ခြင်းတွေက အဆင့်တစ်ခုအထိကို တိုးလာခဲ့ပါတယ်။ သူများတွေ ခွင့်လွှတ်မပေးနိုင်တဲ့ အရာတွေကိုတောင် သူတို့က ခွင့်လွှတ်ပေးတတ်လာကြပါတယ်။ နောက်ပြီး ဘာလုပ်လုပ် သူမရဲ့ စကားတစ်ခွန်းက အရာရာကို နားလည်ပေးဖို့ ဖြစ်လာတတ်တာပါပဲ။

အချစ်တွေကို ခံစားမိလာစေတယ်

ယောကျာ်းလေးတွေ အရမ်းချစ်တတ်သွားတဲ့အခါ သူမကို ဆုံးရှုံးမခံနိုင်သလို သူတို့ရဲ့ အချစ်တွေကိုလည်း ထုတ်ဖော်ပြသတတ်လာပါတယ်။ သူတို့ရဲ့ ဂရုစိုက်မှုတွေ၊ အချစ်တွေ၊ နားလည်မှုတွေက အရမ်းကို ပြီးပြည့်စုံတဲ့ ချစ်ခြင်းတစ်ခု ဖြစ်လာတတ်ပြီး သူတို့ရဲ့ အချစ်ကို အလိုလို ခံစားမိလာတဲ့ အထိပါပဲ။ ဒါက ယောကျာ်းလေးတစ်ယောက် အရူးအမူးချစ်မိပြီး ဆုံးရှုံးမခံနိုင်တော့တဲ့အခါ တွေ့ရတတ်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ Credit

Zawgyi

ေယာက်ာ္းေလးေတြ ႐ူး႐ူးမူးမူး ခ်စ္မိၿပီး အဆုံးရႈံးမခံႏိုင္ရင္ ဒီလိုမ်ိဳးေတြ ျပဳမူတတ္ပါတယ္

တစ္ခ်ိဳ႕ေသာေနရာေတြမွာ ေယာက်ာ္းေလးေတြက မိန္းကေလးေတြထက္ေတာင္ ပိုေၾကာက္တတ္ေနပါေသးတယ္။ ဥပမာ- သူတို႔ တကယ္ခ်စ္မိသြားၿပီး ဆုံးရႈံးလိုက္ရမွာကို အရမ္းေၾကာက္တတ္ၾကတာမ်ိဳးေပါ့။ ေယာက်ာ္းေလးတစ္ေယာက္က မိန္းကေလးတစ္ေယာက္ကို အ႐ူးအမူး ခ်စ္မိၿပီး ဆုံးရႈံးမခံႏိုင္တဲ့အခ်ိန္မ်ိဳးမွာ သူတို႔ဆီမွာ ဒီလိုအခ်က္ေတြ ေတြ႕ရတတ္ပါတယ္။

သူတို႔ကို သူတို႔ေျပာင္းလဲလာတတ္တယ္

ေယာက်ာ္းေလးေတြက သူတို႔ရဲ႕ ပုံစံကို ေျပာင္းလဲတတ္တဲ့ သူမ်ိဳးကိုဆို လုံးဝမႀကိဳက္တတ္ၾကသလို ဘယ္ေတာ့မွလည္း မေျပာင္းလဲေပးတတ္ၾကပါဘူး။ ဒါေပမယ့္ သူတို႔တကယ္ ခ်စ္တဲ့သူ၊ တကယ္ျမတ္ႏိုးတန္ဖိုးထားရတဲ့ သူအတြက္ေတာ့ သူတို႔ရဲ႕ ပုံစံေတြကို ေျပာင္းလဲပစ္ရမွာကို လုံးဝမတြန႔္တိုတတ္ၾကပါဘူးေနာ္။ သူတို႔အရမ္းခ်စ္မိတဲ့ တစ္စုံတစ္ေယာက္အတြက္ သူတို႔ရဲ႕ ပုံစံကို အေကာင္းဆုံးျဖစ္ေအာင္ ျပဳျပင္လာတတ္ၾကပါတယ္။

ဘယ္လိုပုံစံပဲျဖစ္ျဖစ္ ခ်စ္တယ္

ေယာက်ာ္းေလးေတြ ႐ူး႐ူးမူးမူးခ်စ္မိသြားတဲ့အခါ သူတို႔ခ်စ္တဲ့သူဟာ ဘယ္လိုပုံစံပဲျဖစ္ေနပါေစ၊ ဘယ္လိုလိုအပ္ခ်က္ေတြပဲ ရွိေနပါေစ ဘာကိုမွ ဂ႐ုမစိုက္ပဲ ခ်စ္တတ္ၾကပါတယ္။ သူတို႔ရဲ႕ ေကာင္မေလးကို သူမျဖစ္ေနလို႔ကို ဘာအေၾကာင္းျပခ်က္မွ မရွိပဲ ခ်စ္တာပါ။ တစ္ျခားသူေတြက သူမကို ႐ုပ္ဆိုးတယ္လို႔ပဲေျပာေျပာ၊ အက်ဥ္းတန္တယ္လို႔ပဲဆိုဆို ဒီလိုအခ်ိန္မွာ ဘယ္သူ႔စကားကမွ သူတို႔အတြက္ အသုံးဝင္မေနေတာ့ပါဘူး။

အရမ္းသည္းခံ ခြင့္လႊတ္လာတတ္တယ္

ေကာင္ေလးေတြက မိန္းကေလးတစ္ေယာက္ကို အရမ္းခ်စ္မိသြားတဲ့အခါ သူတု႔ိရဲ႕ နားလည္ေပးတတ္မႈေတြ၊ သည္းခံခြင့္လႊတ္ျခင္းေတြက အဆင့္တစ္ခုအထိကို တိုးလာခဲ့ပါတယ္။ သူမ်ားေတြ ခြင့္လႊတ္မေပးႏိုင္တဲ့ အရာေတြကိုေတာင္ သူတို႔က ခြင့္လႊတ္ေပးတတ္လာၾကပါတယ္။ ေနာက္ၿပီး ဘာလုပ္လုပ္ သူမရဲ႕ စကားတစ္ခြန္းက အရာရာကို နားလည္ေပးဖို႔ ျဖစ္လာတတ္တာပါပဲ။

အခ်စ္ေတြကို ခံစားမိလာေစတယ္

ေယာက်ာ္းေလးေတြ အရမ္းခ်စ္တတ္သြားတဲ့အခါ သူမကို ဆုံးရႈံးမခံႏိုင္သလို သူတို႔ရဲ႕ အခ်စ္ေတြကိုလည္း ထုတ္ေဖာ္ျပသတတ္လာပါတယ္။ သူတို႔ရဲ႕ ဂ႐ုစိုက္မႈေတြ၊ အခ်စ္ေတြ၊ နားလည္မႈေတြက အရမ္းကို ၿပီးျပည့္စုံတဲ့ ခ်စ္ျခင္းတစ္ခု ျဖစ္လာတတ္ၿပီး သူတို႔ရဲ႕ အခ်စ္ကို အလိုလို ခံစားမိလာတဲ့ အထိပါပဲ။ ဒါက ေယာက်ာ္းေလးတစ္ေယာက္ အ႐ူးအမူးခ်စ္မိၿပီး ဆုံးရႈံးမခံႏိုင္ေတာ့တဲ့အခါ ေတြ႕ရတတ္တဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။ Credit