အချစ်ရေး

အချစ်နဲ့ပတ်သက်ပြီး မိန်းကလေး ၄ မျိုးရှိတယ်







၎ – အချစ်ကို ကြောက်သွားတဲ့မိန်းကလေး



မိန်းမသားတို့အတွက်
သျှင်ယွန်း

unicode

၁ ချစ်ကြောင်းမပြတတ်တဲ့ မိန်းကလေး

သေလောက်အောင်ချစ်ပေမယ့် ရင်ထဲမှာပဲ သိမ်းထားတယ် ။ ဘယ်တော့မှ ထုတ်ပြလေ့မရှိဘူး ။ တီတီတာတာတွေ မပြောပဲ ဘယ်လောက်ချစ်တဲ့အကြောင်းတွေ ဘယ်လောက်လွမ်းတဲ့အကြောင်းတွေ တဖွဖွမပြောတတ်ဘူးပေါ့ ။အရမ်းချစ်ပြလိုက်ရင် တန်ဖိုးမထားပဲနေမလားဆိုတဲ့ အတွေးနဲ့ သူ့တို့ရင်ထဲမှာ ရှိတဲ့အရာကို ထုတ်ပြပြီးမချစ်ခဲ့ကြရုံပဲ သေလောက်အောင်တော့ ချစ်ကြတယ် ။ နောက်ဆုံး အဲ့လို အေးတိအေးစက်ကြောင့်ပဲ တချို့က မချစ်ဘူးအထင်နဲ့ လမ်းခွဲရတာတွေလဲ ရှိတယ် ။

၂ – ပွင့်လင်းတတ်တဲ့ မိန်းကလေး

ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်း ဘယ်လောက်ချစ်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောဖို့ ဝန်မလေးသလို ။ ဘယ်လောက်လွမ်းတဲ့အကြောင်း မမေးပဲ ဖြေဖို့လဲ ဝန်မလေးကြဘူး ။ သိပ်ချစ်ပြတတ်တယ် ဂရုစိုက်တတ်တယ် ။မေတ္တာတွေစစ်မှန်ရင် မေတ္တာတွေပြန်ရလာလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ သူပေးခဲ့တာပေါ့ ။ ဒါပေမယ့် တကယ်တမ်းပြန်ရလာခဲ့တာက တန်ဖိုးမထားခဲ့မှုတွေ နာကျင်ရတာတွေကလွဲလို့ ဘာမှ မရှိခဲ့ဘူး ။

၃ – တွေဝေတတ်တဲ့ မိန်းကလေး

သူ့ကို ကိုယ် ချစ်နေတာလား မချစ်ဘူးလားဆိုတာ သူကိုယ်တိုင်တောင် မသိပဲ ဖြစ်နေတတ်တာမျိုးပေါ့ ။ သူရှိနေတဲ့အခါ ပျော်သယောင်ရှိပေမယ့် သူမရှိတဲ့အခါလဲ ထူးထူးခြားခြား လွမ်းနေရတာမျိုးတွေ မဖြစ်ခဲ့ဘူး ။ သူကိုယ်တိုင် … ဆုံးဖြတ်ရခက် ဝေခွဲရခက်နေတာမျိုးပေါ့ ။

၄ – အချစ်ကို ကြောက်သွားတဲ့မိန်းကလေး

အချစ်လို့ပြောတာနဲ့ အတိတ်က ဒဏ်ရာတွေပြန်ပေါ်လာပြီး သိပ်ကြွေပြနေရင်တောင် အဲ့တာ ဟန်ဆောင်လိမ်ညာနေတာပဲနေမှာဆိုပြီး အတွေးဝင်သွားတတ်တဲ့ မိန်းကလေးပေါ့ ။ သူ့မှာ အချစ်နဲ့ ပတ်သက်ပြီး ကိုယ်တိုင်ခံစားခဲ့ရတာတွေလဲ ရှိရင်ရှိခဲ့လိမ့်မယ် ဒါမှမဟုတ် ကိုယ့်အနီးပတ်ဝန်းကျင်ကိုကြည့်ပြီး အချစ်ကို အလိုလို ကြောက်နေတာမျိုးတွေလဲ ဖြစ်ကောင်းဖြစ်နိုင်တယ် ။

ညီမလေးကော ဘယ်လို မိန်းကလေးထဲမှာပါလဲ commet ပြောပြပေးခဲ့လို့ရတယ်နော်

မိန်းမသားတို့အတွက်
သျှင်ယွန်း