ၾကားသိရသမွ်

လူတစ်ယောက်ကို ဂရုစိုက်ကြောင်း ပြနိုင်တဲ့နည်းလမ်း (၄) မျိုး

ကြင်နာတဲ့ အပြုအမူတစ်ရပ်ဟာ လူတစ်ယောက်ကို အမြဲနွေးထွေးရင်းနှီးစေပါတယ်။ တချို့ အပြုအမူလေးတွေက ဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်ပေမယ့် နှလုံးသားကို နူးညံ့စေနိုင်စွမ်း ရှိပါတယ်။ လူတစ်ယောက်ကို ဂရုစိုက်ပါတယ် ပြောပြဖို့ သိပ်ကို ရိုးရှင်းတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။

(၁) ဟင်းချက်ပေးတာ


family cooking

Photo: Freepik

လက်ရာကောင်းကောင်း အထူးဟင်းလျာတစ်ခွက် ချက်ကျွေးတာကလည်း ဂရုစိုက်ကြောင်း ပြတာပါပဲ။ ခင်လို့ မင်လို့ ဟင်းခွက်ကမ်းတာဟာ မိတ်ဆွေတွေတင်မဟုတ်ဘဲ သူစိမ်းတွေနဲ့ပါ ရင်းနှီးကျွမ်းဝင်စေနိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ကို ဂရုစိုက်ပါတယ်ဆိုပြီး ပါးစပ်က ဖွင့်မပြောချင်ရင် ဟင်းချက်ကျွေးကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၂) ကူလုပ်ပေးလိုက်ပါ

 

man painting wall

Photo: Freepik

တိုလီမိုလီ အလုပ်ကလေးတွေ ဝင်ကူလုပ်ပေးတာကလည်း ဂရုစိုက်နည်းတစ်မျိုးပဲ မဟုတ်လား။ ဈေးက အထုပ်တွေ တနင့်တပိုးနဲ့ ပြန်လာတဲ့ အိမ်နီးချင်းကို ဝိုင်းကူသယ်ပေးတာမျိုး ၊ အိမ်မှုကိစ္စလေးတွေ ဝိုင်းကူလုပ်ပေးလိုက်တာမျိုးကနေ နောက်ဆုံး လမ်းကူးဖို့ ခက်နေတဲ့သူကို ဝိုင်းကူပြီး လမ်းကူ ကူးပေးတာမျိုးအထိ သေးငယ်လှတဲ့ အကြင်နာအပြုအမူလေးတွေဟာ အရေးကြီးလှတဲ့ ဂရုစိုက်နည်းတစ်မျိုးပါပဲ။

(၃) လက်ဆောင်လေးတွေ ပေးပါ


man giving present

Photo: Freepik

အမှတ်တရ နေ့ရက်တွေမှာ တကူးတက လက်ဆောင်ပေးတာမျိုးကလည်း ကိုယ့်ရဲ့ ဂရုစိုက်မှုကို ဖော်ပြနေတာပါပဲ။ လူတွေ ကိုယ့်ကို သဘောကျစေချင်ရင် ခရီးထွက်ရင်း လမ်းတစ်လျှောက်မှာ တွေ့ခဲ့တဲ့ ထူးထူးဆန်းဆန်း စားသောက်စရာ နဲ့ အမှတ်တရပစ္စည်းလေးတွေ ဝယ်လာပြီး လက်ဆောင်ပေးကြည့်ပါ။ သိသိသာသာ စေတနာရောင်ပြန်ဟပ်ပါလိမ့်မယ်။

(၄) နားထောင်ပေးလိုက်ပါ


encouraging people

Photo: Freepik

အခုခေတ်မှာ လူတိုင်း စိတ်ဖိစီးနေကြတာပါပဲ။ ပြောစရာ စကားတွေ ပြည့်နေပြီး ကိုယ့်ကို နားထောင်ပေးမယ့်သူ မျှော်နေကြပါတယ်။ လူတစ်ယောက် ရင်ဖွင့်တာကို စိတ်ဝင်စားမှုအပြည့်နဲ့ နားထောင်ပေးလိုက်တာဟာ တစ်ဖက်လူအဖို့ တကယ်ကျေးဇူးတင်စရာကောင်းတဲ့ စာနာမှုရလိုက်တာပဲ ဖြစ်ပါတယ်။ ဒီတော့ တစ်ယောက်ယောက်ကို အလေးအနက်ထားတယ် ၊ သူ့အပေါ်လည်း စိတ်ဝင်တစားရှိပြီး ဂရုစိုက်တယ်ဆိုရင် အခုပြောခဲ့တာလေးတွေ လုပ်ကြည့်ဖို့ မမေ့ပါနဲ့လို့ ပြောချင်ပါတယ်။

ၾကင္နာတဲ့ အျပဳအမူတစ္ရပ္ဟာ လူတစ္ေယာက္ကို အၿမဲေႏြးေထြးရင္းႏွီးေစပါတယ္။ တခ်ိဳ႕ အျပဳအမူေလးေတြက ဘာမွ ႀကီးႀကီးက်ယ္က်ယ္ မဟုတ္ေပမယ့္ ႏွလုံးသားကို ႏူးညံ့ေစႏိုင္စြမ္း ရွိပါတယ္။ လူတစ္ေယာက္ကို ဂ႐ုစိုက္ပါတယ္ ေျပာျပဖို႔ သိပ္ကို ႐ိုးရွင္းတဲ့ နည္းလမ္းေလးေတြ ရွိပါတယ္။

(၁) ဟင္းခ်က္ေပးတာ
family cooking

Photo: Freepik

လက္ရာေကာင္းေကာင္း အထူးဟင္းလ်ာတစ္ခြက္ ခ်က္ေကြၽးတာကလည္း ဂ႐ုစိုက္ေၾကာင္း ျပတာပါပဲ။ ခင္လို႔ မင္လို႔ ဟင္းခြက္ကမ္းတာဟာ မိတ္ေဆြေတြတင္မဟုတ္ဘဲ သူစိမ္းေတြနဲ႔ပါ ရင္းႏွီးကြၽမ္းဝင္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ လူတစ္ေယာက္ကို ဂ႐ုစိုက္ပါတယ္ဆိုၿပီး ပါးစပ္က ဖြင့္မေျပာခ်င္ရင္ ဟင္းခ်က္ေကြၽးၾကည့္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

(၂) ကူလုပ္ေပးလိုက္ပါ
man painting wall

Photo: Freepik

တိုလီမိုလီ အလုပ္ကေလးေတြ ဝင္ကူလုပ္ေပးတာကလည္း ဂ႐ုစိုက္နည္းတစ္မ်ိဳးပဲ မဟုတ္လား။ ေဈးက အထုပ္ေတြ တနင့္တပိုးနဲ႔ ျပန္လာတဲ့ အိမ္နီးခ်င္းကို ဝိုင္းကူသယ္ေပးတာမ်ိဳး ၊ အိမ္မႈကိစၥေလးေတြ ဝိုင္းကူလုပ္ေပးလိုက္တာမ်ိဳးကေန ေနာက္ဆုံး လမ္းကူးဖို႔ ခက္ေနတဲ့သူကို ဝိုင္းကူၿပီး လမ္းကူ ကူးေပးတာမ်ိဳးအထိ ေသးငယ္လွတဲ့ အၾကင္နာအျပဳအမူေလးေတြဟာ အေရးႀကီးလွတဲ့ ဂ႐ုစိုက္နည္းတစ္မ်ိဳးပါပဲ။

(၃) လက္ေဆာင္ေလးေတြ ေပးပါ
man giving present

Photo: Freepik

အမွတ္တရ ေန႔ရက္ေတြမွာ တကူးတက လက္ေဆာင္ေပးတာမ်ိဳးကလည္း ကိုယ့္ရဲ႕ ဂ႐ုစိုက္မႈကို ေဖာ္ျပေနတာပါပဲ။ လူေတြ ကိုယ့္ကို သေဘာက်ေစခ်င္ရင္ ခရီးထြက္ရင္း လမ္းတစ္ေလွ်ာက္မွာ ေတြ႕ခဲ့တဲ့ ထူးထူးဆန္းဆန္း စားေသာက္စရာ နဲ႔ အမွတ္တရပစၥည္းေလးေတြ ဝယ္လာၿပီး လက္ေဆာင္ေပးၾကည့္ပါ။ သိသိသာသာ ေစတနာေရာင္ျပန္ဟပ္ပါလိမ့္မယ္။

(၄) နားေထာင္ေပးလိုက္ပါ
encouraging people

Photo: Freepik

အခုေခတ္မွာ လူတိုင္း စိတ္ဖိစီးေနၾကတာပါပဲ။ ေျပာစရာ စကားေတြ ျပည့္ေနၿပီး ကိုယ့္ကို နားေထာင္ေပးမယ့္သူ ေမွ်ာ္ေနၾကပါတယ္။ လူတစ္ေယာက္ ရင္ဖြင့္တာကို စိတ္ဝင္စားမႈအျပည့္နဲ႔ နားေထာင္ေပးလိုက္တာဟာ တစ္ဖက္လူအဖို႔ တကယ္ေက်းဇူးတင္စရာေကာင္းတဲ့ စာနာမႈရလိုက္တာပဲ ျဖစ္ပါတယ္။ ဒီေတာ့ တစ္ေယာက္ေယာက္ကို အေလးအနက္ထားတယ္ ၊ သူ႔အေပၚလည္း စိတ္ဝင္တစားရွိၿပီး ဂ႐ုစိုက္တယ္ဆိုရင္ အခုေျပာခဲ့တာေလးေတြ လုပ္ၾကည့္ဖို႔ မေမ့ပါနဲ႔လို႔ ေျပာခ်င္ပါတယ္။