အလွပေရးရာ

တစ်လအတွင်း မျက်တောင်တွေ ရှည်စေမယ့် နည်းလမ်းများ

မျက်တောင်စင်းစင်းလေးနဲ့ကော့နေတဲ့ အလှရှင်တွေကိုမြင်ရင် အားကျတတ်တဲ့ပျိုမေများအတွက် ငွေကုန်ကျခံ နည်းဆန်းတွေသုံးစရာမလိုပဲ မျက်တောင်ရှည်လျားလာစေမယ့် ရိုးရှင်းသောနည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ။

1.Combing

ီဖြီးပေးခြင်းဟာ အမွှေးအမျှင်သန်စေတဲ့ သွေးကြောတွေကို လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။သီးသန့်brush(သို့)သန့်စင်ထားတဲ့ mascraလိမ်းတံအဟောင်းယူပြီး Vitamin Eအစက်အနည်းငယ်ချပြီး မျက်တောင်ဖျားတွေကို ဘီးဖြီးသလို ပွတ်ဖြီးပေးပါ။အသုံးပြုတဲ့brushကို တစ်နေ့မှာ2ကြိမ်ခန့် ဆေးကြောသန့်စင်ပေးပါ။

2.Oils

ကြက်ဆူဆီ၊အုန်းဆီနဲ့သံလွင်ဆီတွေမှာ မွှေးတွင်းပေါက်တွေကို အာဟာရဖြည့်ပေးနိုင်တဲ့အပြင် မျက်တောင်တွေကို သန်စွမ်းစေပါတယ်။

သန့်စင်ထားတဲ့brush(သို့)သင့်ရဲ့လက်ဖျားထိပ်မှာ ဆီအစက်တစ်စက်ချပြီး ညအိပ်ရာမဝင်ခင်တိုင်း သင့်မျက်တောင်ဖျားတွေကို ပွတ်လိမ်းပေးပါ။

ဖော်ပြထားတဲ့ဆီတွေကိုရောစပ်ပြီး အသုံးပြုနိုင်သလိုဆီတစ်မျိုးတည်းကိုလည်း အသုံးပြုပေးနိုင်ပါတယ်။

3.Petroleum Jelly(Vaseline)

Petroleum Jellyဟာ သင့်ရဲ့ခြောက်သွေ့နေတဲ့ မျက်တောင်တွေကို အစိုဓာတ်ပေးနိုင်လို့ အိပ်ရာမဝင်ခင်တိုင်း လက်ညှိုးနဲ့ကော်ယူပြီး မျက်လုံးထဲမဝင်မိအောင် သေချာလိမ်းပေးပါ။

4.Good Nutrition

ဗီတာမင်ဓာတ်ကုန်ခမ်းခြင်းကလည်း ဆံပင်တွေ၊မျက်တောင်တွေ သန်စွမ်းလာမှုကို ရပ်တန့်စေပါတယ်။ပရိုတင်းဓာတ်၊ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများ စားပေးသင့်ပါတယ်။

5.လက်ဖက်

လက်ဖက်မှာ Vitaminနဲ့Antioxidantဓာတ်တွေပါဝင်လို့ အလှပြင်ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိသလို အမွှေးအမျှင်တွေပေါက်ဖို့လည်း အသုံးပြုပေးနိုင်ပါတယ်။

6.Aloe Vera

ရှားစောင်းစေးတွေဟာ အမွှေးအမျှင်တွေသန်စွမ်းပြီးအဟာရပြည့်နေဖို့ ထိရောက်တဲ့ နည်းတစ်ခုဖြစ်ပါတယ်။ရှားစောင်းကိုလှီးပြီး ထွက်လာတဲ့အစေးရည်ကို သင့်မျက်တောင်ဖျားတွေမှာ ပွတ်လိမ်းပေးနိုင်ပါတယ်။ပိုထိရောက်ချင်ရင် ရှားစောင်းအစေးနဲ့ကြက်ဆူဆီ(သို့)သံလွင်ဆီ ရောစပ်ပြီး လိမ်းပေးနိုင်ပါတယ်။

7.Massage

နှိပ်နယ်ပေးခြင်းအားဖြင့် သင့်မျက်တောင်တွေရှည်လျားသန်စွမ်းလာဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။သင့်လက်ကို စင်ကြယ်စွာဆေးကြောပြီး သံလွင်ဆီ(သို့)အုန်းဆီနဲ့ မျက်ခွံမျက်တောင်တဝိုက် နှိပ်နယ်ပေးနိုင်ပါတယ်။

8.Egg Mask

ကြက်ဥမှာbiotinနဲ့Vitamin Bပါတာမို့ သင့်ရဲ့မျက်တောင်တွေကို သန်စွမ်းစေပြီး မျက်တောင်ကျွတ်ခြင်းမှ ကာကွယ်ပေးပါတယ်။ကြက်ဥနဲ့glycerineတစ်ဇွန်းရောပြီး မျက်တောင်တွေကို တစ်ပတ်မှာ3ကြိမ်ခန့် လိမ်းပေးပါ။

အထက်မှာဖော်ပြခဲ့တဲ့နည်းတွေဟာ Hair Groupတစ်ခုလုံးနဲ့သက်ဆိုင်တာမို့ မျက်တောင်မှမဟုတ်ပါဘူး ဆံပင်ရောမျက်ခုံးမွှေးရော သန်စွမ်းရှည်လျားဖို့အတွက်ပါ အသုံးပြုပေးနိုင်ပါတယ်။

Credit:Nanmalgyi

Unicode