သူနဲ့ ကိုယ် မြဲမမြဲဆိုတာ ဒီအချက်လေးတွေက ပြောပြပေးနိုင်တာ
ဖူးစာပါလို့ ဆုံဆည်းလာကြရတဲ့
ချစ်သူနှစ်ဦး ဘယ်သူမဆို
သူ့ဘက်ကိုယ့်ဘက် သစ္စာမဖောက်၊
ယုံကြည်မှုရှိရှိ နားလည်မှုအပြည့်နဲ့
ဘဝကို ဖြတ်သန်းချင်ကြမှာပါ။
တစ်ချို့အရာတွေက ကံတရားက ကြားဝင်ဖြတ်လို
့ ပြတ်သွားတတ်တာမျိုး ချွင်းချက်ထားပြီး
ကိုယ့်ချစ်သူဟာ ကိုယ်နဲ့တစ်သက်မခွဲပဲ
မြဲမလားဆိုတာ သိချင်တတ်ကြပါတယ်။
ဒီတော့ ချစ်သူနှစ်ဦး မြဲမမြဲ ဒီအခြေခံကျတဲ့
အချက်လေးတွေကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။
၁။တစ်ဦးနဲ့တစ်ဦး ဒီချစ်ခြင်းမေတ္တာအတွက်
ကျေးဇူးတင်စကားဆိုဖြစ်တယ်။
ကိုယ့်ဘေးမှာ အမြဲရှိပေးတဲ့အတွက်၊
ကိုယ့်ကိုနားလည်ပေးတဲ့အတွက် ကျေးဇူးတင်တယ်
ဆိုတဲ့အကြောင်း သူ့ကိုရင်ထဲက
လှိုက်လှိုက်လှဲလှဲကို ပြောဖြစ်တယ်။
ချစ်တယ်ဆိုတဲ့ စကားကိုလည်း
နေ့တိုင်း တစ်ခါနှစ်ခါမက ပြောဖြစ်တယ်ဆိုရင်
ဒီအတွဲဟာ မြဲဖို့သေချာပါပြီ။
၂။ချစ်သူကောင်လေးဟာ ကျန်းမာတယ်။
အတွဲတစ်တွဲမှာ ချစ်သူကောင်လေးက
ကျန်းမာရေးကောင်းတယ်။
ကျန်းမာရေး လိုက်စားတဲ့သူ တစ်ယောက်ဆိုရင်
သင်တို့အချစ်ရေးဟာ သာယာစိုပြေမှာပါ။
ကိုယ့်ရည်းစားက ကျန်းမာရေးချူချာလွန်းလို့
စိတ်ဆင်းရဲရတာမျိုး မဖြစ်တော့ဘူးပေါ့။
ကျန်းမာရေးကလည်း သင့်အချစ်ရေးမှာ
အရေးပါတဲ့အခန်းကဏ္ဍတစ်ရပ်ပဲဆိုတာ မမေ့ပါနဲ့။
၃။စကားပြောပုံ ဆိုပေါက်ကအစ တူနေတယ်။
သူနဲ့ကိုယ်နဲ့တူတဲ့ အချက်တွေ အများကြီး ရှိနေပါတယ်။
သူနဲ့တွေးခေါ်နေတဲ့ အရာတွေပါ
တဖြည်းဖြည်း တူလာသလို ပြောလိုက်တဲ့ စကားတွေလည်း
အတူတူဖြစ်နေတတ်တယ်။
စကားပြောပုံဆိုပေါက်ကလည်း တူနေပြီဆိုရင်တော့
ဒါဟာ အဆုံးထိ လက်တွဲရမယ့် သူတွေပဲပေါ့။
၄။အမြဲတမ်း နမ်းဖြစ်တယ်။
တစ်လကို တစ်ခါလောက် နမ်းတာမျိုး မဟုတ်ပဲ
သူနဲ့တွေ့တိုင်း နှစ်ဦးသားကြည်ကြည်နူးနူး
အနမ်းခြွေဖြစ်တယ်ဆိုရင်လည်း
ဒါဟာ သံယောဇဉ်ကြိုးကို တိုးစေတာပဲလေ။
ဒါမြဲမယ့်အချက်ပဲပေါ့။
၅။သူငယ်ချင်းစုံတွဲနဲ့အတူ အပြင်ထွက်လည်ဖြစ်တယ်။
ကိုယ်တွေချည်းပဲ မဟုတ်ပဲ သူငယ်ချင်းစုံတွဲနဲ့ပါ
ရုပ်ရှင်ကြည့်ကြတာမျိုး၊ ဒင်နာစားကြတာမျိုးတွေ
လုပ်ဖြစ်တယ်ဆိုရင်တော့ ဒါဟာလည်း သင်တို့နှစ်ဦးကို
ဘယ်တော့မှ ပြတ်တောက်မသွားစေဖို့
ဖြစ်နိုင်ချေများတဲ့ အချက်တစ်ခုပါပဲ။
၆။ရုပ်ရှင်အတူတူကြည့်ရင်း
အမြင်တွေကို ဖလှယ်ဖြစ်ကြတယ်။
စာအုပ်တွေဖတ်ပြီးတော့လည်း
ဗဟုသုတဝေမျှဖြစ်ကြတယ်။
ကိုယ့်ချစ်သူနဲ့အတူ ပေါက်ပေါက်အတူတူစားရင်း
အချစ်ဇာတ်လမ်းလေးတွေ၊
အိမ်ထောင်ရေးဇာတ်ကားတွေ ကြည့်ဖြစ်တယ်။
ဇာတ်ကားအကြောင်းလည်း
တစ်ဦးနဲ့တစ်ဦး ပြောဖြစ်တယ်။
ဒါဟာ နှစ်ဦးသားနားလည်မှုပိုတိုးစေဖို့ ဖေးကူတဲ့အရာပဲပေါ့။
၇။စိတ်ကအလိုလို ခံစားမိနေတယ်။
ဒီတစ်ခါတော့ ငါသူနဲ့မြဲပြီဆိုတာ
စိတ်ခံစားမှုအရ သိနေတယ်။
အရင်အခါတွေတုန်းကလို မဟုတ်ဘူး။
သူနဲ့ဘယ်တော့မှ ခွဲမှာ မဟုတ်ဘူးဆိုပြီး
စိတ်ကအလိုလို သိနေတာမျိုုးဟာလည်း
ယုံချင်စရာကောင်း တဲ့အချက်ပါပဲ။
၈။သူငယ်ချင်းအပေါင်းအသင်းတွေကလည်း
နင်တို့နှစ်ယောက်မြဲမှာပါ။
သဘောတူတယ် စသဖြင့် အကောင်းတွေသာ ပြောကြတယ်။
ဘေးကလူတွေက ကိုယ်မမြင်တဲ့ အရာတွေကို
ပိုမြင်တတ်ကြပါတယ်။
တစ်ခါတစ်လေ ကိုယ်က အချစ်လွန် မွှန်ပြီး
မမြင်တဲ့အရာတွေဆို
ဘေးကလူတွေက ပိုသိနေတတ်ကြပါတယ်။
ခုတစ်ခါတော့ ဒီလိုမဟုတ်ပဲ ကိုယ့်သူငယ်ချင်း
အပေါင်းအသင်းတွေအားလုံးက သဘောတူအားကျပြီး
ကိုယ့်ချစ်သူကို အကောင်းပဲမြင် ချစ်ခင်ကြတယ်ဆိုရင်တော့
ဒါဟာလည်းသင်တို့ကို မြဲစေတဲ့ အချက်တစ်ချက်ပဲပေါ့။
Credit
Unicode