အခ်စ္ေရး

ကျက်နေပြီထင်တဲ့ကိုယ့်ဒဏ်ရာလေး

နောက်ဆုံးအချစ်မို့ သေသေချာချာလေးချစ်ခဲ့ဖူးတယ်နောက်ထပ်ဘယ်သူ့ကိုမှထပ်မချစ်နိုင်တော့လောက်အောင်ကိုအကုန်ပုံအောပြီးချစ်ခဲ့မိတော့အခုဆို ကိုယ့်ရင်ခွင်

ဟာအခန်းလွတ်ကြီးတစ်ခုသာသာပဲ။

မလွမ်းဘူးလားတော့မမေးပါနဲ့ကိုယ်မဖြေချင်ဆုံးနဲ့မဖြေရဲဆုံးမေးခွန်းမျိုးနဲ့တော့မသတ်ပါနဲ့လွမ်းမိတာတောင် ရင်ထဲတိုးတိုးတိတ်တိတ်ဒဏ်ရာတွေတောင် ငဲ့မကြည့်

ချင်ဘူးခေတ်ကိုကပျော်စရာတွေအများကြီးစိတ်ဖြေဖျောက်စရာတွေ တစ်ပုံတစ်ပင်ကြောင့်

အမြဲတစေကြီးလွမ်းမနေမိပေမယ့်လွမ်းမိတဲ့ အချိန်တိုင်းလုပ်လက်စအလုပ်တွေရပ်တန့်ပစ်မိပြီးစိတ်လိုလက်ရကြီးကို ပိုင်ပိုင်နိုင်နိုင်ထိုင်ရင်းလဲလျောင်းရင်း

သေသေချာချာ လွမ်းဖြစ်ပါတယ်

ကျက်နေပြီထင်တဲ့ကိုယ့်ဒဏ်ရာလေးကတော့အနာဖေးတွေ အခွာခံရရင်းသွေးလေးတော့ ပြန်ပြန်စို့လာစမြဲ ပေါ့ဟုတ်ကဲ့ ခုထိ သူမသိပေမယ့်လည်း သေသေချာချာ

လေး လွမ်းပေးဖြစ်တုန်းပါပဲ။#မေဆုရာမညမြေ






