အေထြအေထြဗဟုသုတ

လူမုန်းတာ ရှောင်လို့ရတယ် ကံမုန်းအောင် မပြုလုပ်ကြပါနဲ့လို့ စေတနာရှေ့ထား ပြောလိုက်ပါရစေ…













ဦးမြင့်ခိုင်

Unicode Version

လူမုန်းတာ ရှောင်လို့ရတယ် ဆိတ်တကောင်ကို လည်လှီးပြီးသတ်ခဲ့မိလို့ဆိတ်အမွေးနဲ့ညီမျှအောင် လည်လှီးပြီးအသတ်

ခံရမှာဖြစ်တဲ့ ဆိတ်တကောင်ဟာ သူ့ရဲ့ နောက်ဆုံးပေးဆပ်ရမဲ့ဘဝမှာ သူ့ကိုသတ်မဲ့သူကိုအကျိုးအကြောင်းပြောပြတဲ့အတွက် သတ်မဲ့သူက

မသတ်ပဲ လွှတ်ပေးလိုက်တယ်အဲဒီလို လွှတ်လိုက်လို့ လွတ်သွားသလားဆိုတော့မလွတ်ပါဘူး

တောင်ပို့တခုမှာ အစာစားနေတုန်း တောင်ပို့ကိုမိုးကြိုးပစ်လိုက်လို့ တောင်ပို့ကကျောက်ချပ်ကွာပြီး ခေါင်းမော့စားနေတဲ့

ဆိတ်ရဲ့လည်ပင်ကို ထိကာ လည်ပင်းပြတ်ထွက်ပြီးသေပွဲဝင်ခဲ့ရတယ်ဖြစ်ဖို့အကြောင်းပါလာတဲ့သူတွေကို ကံကြမ္မာကချမ်းသာမပေးဘူး ဒါကိုပြောချင်တာပါ

နာဂစ်ဖြစ်တုန်းက ဘိုကလေးဘက်မှာ သင်္ဘောတစင်းက လူ နှစ်ရာကျော်ကယ်လာခဲ့တယ်

အဲဒီသင်္ဘောဟာ လမ်းမှာမှောက်ပြီး ကယ်တင်လာတဲ့သူတွေဟာ သေပွဲဝင်ခဲ့ကြပြန်တယ် ကံမုန်းရင် ရှောင်လို့မလွတ်ပါဘူးအခု ကုန်းမြင့်တောင်တန်းဒေသကလူတွေ

ရေနစ်သေတာကလည်း အံ့သြစရာပါပဲတခါဖြစ်ပြီးလို့ အခု နောင်တကြိမ်ထပ်ဖြစ်ပြန်ပြီတဲ့အဲဒီလိုဖြစ်ဖို့ကံတွေပါလာလို့ ခုလိုဘေးတွေတွေ့မယ် အဲဒီကံဖြစ်ဖို့ တွန်းအားဖြစ်အောင် မိမိရဲ့ကံကြမ္မာက ဖန်တီး

ပေးလိုက်တာပါပဲဘယ်သူမပြု မိမိမှု တဲ့ကျီးကန်းဟာ ကောင်းကင်မှာပျံနေရင်းနဲ့မီးလောင်သေခဲ့ရတယ်ဒါတွေဟာကံအကျိုပေးးတွေပါပဲ

ဓမ္မမိတ်ဆွေများအင်မတန်ကြောက်စရာကောင်းတဲ့အချိန်အခါကို ရောက်ရှိနေပါတယ် အပြောအဆိုအသွားအလာအနေအထိုင်ဂရုစိုက်ကြပါ

တသံသရာလုံးက မကောင်းမှု့တွေအကျိုးပေးတဲ့ အချိန်အခါ ဖြစ်နေပါတယ်

ဘုရားတရားကိုစွမ်းနိ ုင်သမျှ လုပ်ကြပါလူမုန်းရင်ရှောင်လို့ရတယ်ကံမုန်းရင်ရှောင်လို့မရဘူး

ကံမုန်းအောင် မပြုလုပ်ကြပါနဲ့လို့စေတနာရှေ့ထား ပြောလိုက်ပါရစေ….။

ဦးမြင့်ခိုင်