ခိုးေျပးလို႔ လက္ထပ္ရတဲ့မိန္းကေလး တစ္ေယာက္တန္ဖိုးနဲ႔တင့္ေတာင္းတင့္တယ္
လူႀကီးစုံရာနဲ႔လာေတာင္းခံရတဲ့ မိန္းကေလးတစ္ေယာက္တန္ဖိုးဆိုတာဘယ္လိုမွ မတူနိုင္ဘူး။
ပစၥည္းေတာင္မွ သူ႔တန္ဖိုး အေလ်ာက္ ေဈးႀကီးေပးဝယ္တာနဲ႔ခိုးၿပီးအလကားရတဲ့ ခိုးရာပစၥည္းက တန္ဖိုးအသီးသီး ကြာျခားတယ္ဆိုတာ အားလုံး သိေနၾကမယ္ ထင္ပါတယ္။
ကိုယ့္ကို လာေတာင္းလို႔ ကိုယ့္က သူနဲ႔ စည္းမေက်ာ္ထားဘူးဆို မိန္းကေလးရွင္ဘက္က ကိုယ့္မိဘေတြ မ်က္ႏွာ မငယ္ရဘူးေပါ့။ခိုးေျပးၿပီးမွ ျပန္လာအပ္ရင္ ေယာက်ာ္းေလး ဘက္က ဘာေျပာေျပာ ကိုယ့္မိဘေတြမွာ မ်က္ႏွာငယ္စြာ လက္ခံရေတာ့မယ္။
ကိုယ့္သမီးမိုက္က စည္းေက်ာ္ၿပီးၿပီကိုး။သူ႔သားက ေလွကား သုံးထစ္ဆင္း လူပ်ိဳျပန္ျဖစ္နိုင္ေပမယ့္
ကိုယ့္သမီးက အပ်ိဳျပန္မျဖစ္နိုင္ေတာ့သလို ပတ္ဝန္းက်င္ရဲ့ တံေတြးခြက္ထဲ ကိုယ့္သမီးကို မေမ်ာေစခ်င္ေတာ့ ကိုယ္မိဘေတြ ေခါင္းငုံ႔ ခံေနရတယ္ဆိုတာ သိပါသလား။
တစ္သက္လုံး ေကၽြးေမြးလာတဲ့ မိဘေတြကို ပတ္ဝန္းက်င္က လက္ညႇိုးထိုးခံရမယ့္ အလုပ္မ်ိဳး ဘယ္ေတာ့မွ မလုပ္မိပါေစနဲ႔။
အဲ့ဒါေၾကာင့္ ဘယ္ေလာက္ပဲ ခ်စ္ေနပါေစ။ မိဘကို ဆန္႔က်င္ၿပီး ခိုးရာလိုက္ေျပးမယ့္အလုပ္မ်ိဳးကို မလုပ္မိေစဘဲ ႏွစ္ဖက္မိဘေတြ သေဘာတူလက္ခံလာတဲ့အထိႀကိဳးစားသင့္ပါတယ္။
တိုးတက္ ဆန္းျပားလာတဲ့ ေခတ္ကာလမွာ living together ေတြ မ်ားလာၾကပါတယ္။
ရည္းစားဆိုတာနဲ႔ အဆင့္ေက်ာ္ဖို႔ကိုပဲ အခြင့္ေခ်ာင္းေနၾကတာ မ်ားပါတယ္။
အဲ့ဒါေတြက အေနာက္တိုင္း ယဥ္ေက်းမႈေတြပါ။ ကိုယ္ေနတာက ျမန္မာျပည္မွာေလ။
ျမန္မာမိန္းကေလးတစ္ေယာက္ အေနနဲ႔ဘဝကို တန္ဖိုးထားေသာအားျဖင့္ အရွက္သိကၡာကို ထိန္းသိမ္းသင့္ပါတယ္။
Living together ေနၿပီး RS goals လို႔ ထင္ေနတဲ့ သူေတြေရာ ေနလိုက္ပါၿပီဆိုပါစို႔။ လက္မထပ္ျဖစ္ခဲ့ရင္ ျပည့္တန္ဆာေတြနဲ႔ ဘာထူးေတာ့မလဲ။
ဘဝေပးအေျခအေန အရ လုပ္ကိုင္ေနရလို႔ ေပါ။ သူတို႔ကေတာင္ ပိုသာတယ္လို႔ ဆိုလိုက္ျခင္ပါေသးတယ္။
မိန္းကေလးေတြ အေနနဲ႔ ဘယ္ေလာက္ခ်စ္ခ်စ္ ကိုယ့္ကိုယ္ကို ပိုခ်စ္ပါ။
အရမ္းခ်စ္လို႔ ဘဝေပးၿပီး ခ်စ္တယ္ဆိုတာ မလုပ္မိပါေစနဲ႔။ယုံေအာင္ေျပာလာရင္လည္း နားမဝင္မိပါေစနဲ႔။
ကိုယ္က ဘဝေပးခ်စ္ေတာ့ေရာ ကိုယ့္ကို အမွန္တကယ္တန္ဖိုးထားမယ္ထင္သလား။
No ပါ။ ေယာက်ာ္းဆိုတာမ်ိဳးက 10 မွာ 9 ေယာက္ေလာက္ မရခင္သာ လိုခ်င္ၾကတာ လက္တည့္စမ္းခ်င္ၾကတာ။
ရလို႔ ရိုးသြားရင္ ပစ္သြားတတ္တဲ့ လူေတြက မ်ားၾကပါတယ္။ ေယာက်ာ္းအကုန္လုံးေတာ့ မဟုတ္ပါဘူး။
မေကာင္းဘူးဆိုၿပီး ေနာက္တစ္ေယာက္ ေျပာင္းေတာ့ေရာ အဆင္ေျပမယ္ ထင္ေနလား။ ကိုယ့္ကံက အဲဒီေလာက္
ေကာင္းမယ္လို႔ ယုံၾကည္နိုင္သလား။
ကိုယ့္ စိတ္ေတာင္ အမ်ိဳးမ်ိဳးေျပာင္းေနတာ သူမ်ားစိတ္ကို ထိန္းခ်ဳပ္ဖို႔ မျဖစ္နိုင္ပါဘူးေလ။
ေယာက်ာ္းဆိုတာ ကိုယ္ကသာ လူပ်ိဳ စစ္ခ်င္မွစစ္မယ္။ ကိုယ္ယူမယ့္ မိန္းကေလးဆိုတာ အပ်ိဳစင္ပဲ လိုခ်င္ၾကတာပါ။
ငါ မပါဘူးလို႔ ေျပာမယ့္ေယာက်ာ္းေတြ ရွိမွာပါပဲ။ ဒါေပမယ့္ သူတို႔ေတြေတာင္ ကိုယ္ခ်စ္လို႔ ခြင့္လႊတ္တာျဖစ္ခ်င္ျဖစ္မယ္။
ျဖစ္နိုငမယ္ဆိုရင္ ကိုယ္လက္ထပ္မယ့္သူက အပ်ိဳစင္ပဲ ျဖစ္ခ်င္ၾကလက္ထပ္ျခင္ၾကတာပါ။
ဟိုးအရင္ထဲက မိဘ ပုံစံခြက္ထဲ ႀကီးျပင္းလာတဲ့ မိန္းကေလးေတြရဲ့ မိဘေတြကို ေက်းဇူးတင္တယ္။
တန္ဖိုးရွိတဲ့ အသိေတြ ကိုယ့္ကိုယ္ကို ထိန္းသိမ္းနိုင္ေအာင္ သင္ေပးခဲ့တဲ့ အတြက္ လက္မထပ္ခင္
ဘယ္ေတာ့မွ စည္းမေက်ာ္ရဘူး ဆိုတဲ့ အသိေတြ အရွက္ဆိုတာ အသက္ထက္ပိုၿပီး
တန္ဖိုးထား တတ္ေအာင္ သင္ေပးခဲ့တဲ့ အသိေတြ ကိုယ့္ကိုယ္ကိုယ္ေတာင္ တန္ဖိုးမထားရင္
ဘယ္သူမွ တန္ဖိုးထားမွာ မဟုတ္ဘူးဆိုတာေတြကို ရင္ထဲစြဲေနေအာင္ရိုက္သြင္းထားတတ္ၾကပါတယ္။
အပ်ိဳစင္ဘဝဆိုတာ ကိုယ့္ကို တန္ဖိုးထားၿပီး တစ္ဘဝလုံး ေစာင့္ေရွာက္ေပးမယ့္သူ ကိုယ့္ကို တန္ဖိုးထား
လက္ထပ္ယူမယ့္ေယာက်ာ္းတစ္ေယာက္ အတြက္သာ ေပးသင့္ ေပးထိုက္ ေပးရမယ့္ အရာတစ္ခုပါ။
ပထမဆုံးအႀကိမ္ အတားအဆီးမရွိ ရလာမယ့္ ကေလးေလးကိုလဲ ႀကိဳဆိုေပးပါ။
ေပ်ာ္ရႊင္တဲ့ သိကၡာရွိတဲ့ မိသားစုေလးတစ္ခု ဖန္တီးၾကပါ။
ေခတ္ေတြ ဘယ္လိုေျပာင္းေျပာင္း စာဖတ္သူမ်ား အပါအဝင္ အားလုံးရဲ့ပတ္ဝန္းက်င္မွာ တန္ဖိုးရွိတဲ့ မိန္းကေလးမ်ားစြာ ရွိေနေသးတယ္ဆိုတာကိုက ဂုဏ္ယူမိပါတယ္။
မိမိကိုယ္ကို တန္ဖိုးထားတတ္တဲ့ မိန္းကေလးတစ္ေယာက္ေလာက္ ရွိမယ္ဆိုရင္ေတာင္ ေက်နပ္မိပါတယ္။
စာအရွည္ႀကီး ဖတ္ေပးလို႔ ေက်းဇူးပါလို႔
Credit-Nan
ျပန္လည္မၽွေဝျခင္း ျဖစ္ပါသည္
Unicode Version
ခိုးပြေးလို့ လက်ထပ်ရတဲ့မိန်းကလေး တစ်ယောက်တန်ဖိုးနဲ့တင့်တောင်းတင့်တယ်
လူကြီးစုံရာနဲ့လာတောင်းခံရတဲ့ မိန်းကလေးတစ်ယောက်တန်ဖိုးဆိုတာဘယ်လိုမှ မတူနိုင်ဘူး။
ပစ္စည်းတောင်မှ သူ့တန်ဖိုး အလျောက် ဈေးကြီးပေးဝယ်တာနဲ့ခိုးပြီးအလကားရတဲ့ ခိုးရာပစ္စည်းက တန်ဖိုးအသီးသီး ကွာခြားတယ်ဆိုတာ အားလုံး သိနေကြမယ် ထင်ပါတယ်။
ကိုယ့်ကို လာတောင်းလို့ ကိုယ့်က သူနဲ့ စည်းမကျော်ထားဘူးဆို မိန်းကလေးရှင်ဘက်က ကိုယ့်မိဘတွေ မျက်နှာ မငယ်ရဘူးပေါ့။ခိုးပြေးပြီးမှ ပြန်လာအပ်ရင် ယောကျာ်းလေး ဘက်က ဘာပြောပြော ကိုယ့်မိဘတွေမှာ မျက်နှာငယ်စွာ လက်ခံရတော့မယ်။ကိုယ့်သမီးမိုက်က စည်းကျော်ပြီးပြီကိုး။သူ့သားက လှေကား သုံးထစ်ဆင်း လူပျိုပြန်ဖြစ်နိုင်ပေမယ့်
ကိုယ့်သမီးက အပျိုပြန်မဖြစ်နိုင်တော့သလို ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်ထဲ ကိုယ့်သမီးကို မမျောစေချင်တော့ ကိုယ်မိဘတွေ ခေါင်းငုံ့ ခံနေရတယ်ဆိုတာ သိပါသလား။
တစ်သက်လုံး ကျွေးမွေးလာတဲ့ မိဘတွေကို ပတ်ဝန်းကျင်က လက်ညှိုးထိုးခံရမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်မိပါစေနဲ့။
အဲ့ဒါကြောင့် ဘယ်လောက်ပဲ ချစ်နေပါစေ။ မိဘကို ဆန့်ကျင်ပြီး ခိုးရာလိုက်ပြေးမယ့်အလုပ်မျိုးကို မလုပ်မိစေဘဲ နှစ်ဖက်မိဘတွေ သဘောတူလက်ခံလာတဲ့အထိကြိုးစားသင့်ပါတယ်။
တိုးတက် ဆန်းပြားလာတဲ့ ခေတ်ကာလမှာ living together တွေ များလာကြပါတယ်။
ရည်းစားဆိုတာနဲ့ အဆင့်ကျော်ဖို့ကိုပဲ အခွင့်ချောင်းနေကြတာ များပါတယ်။
အဲ့ဒါတွေက အနောက်တိုင်း ယဉ်ကျေးမှုတွေပါ။ ကိုယ်နေတာက မြန်မာပြည်မှာလေ။
မြန်မာမိန်းကလေးတစ်ယောက် အနေနဲ့ဘဝကို တန်ဖိုးထားသောအားဖြင့် အရှက်သိက္ခာကို ထိန်းသိမ်းသင့်ပါတယ်။
Living together နေပြီး RS goals လို့ ထင်နေတဲ့ သူတွေရော နေလိုက်ပါပြီဆိုပါစို့။ လက်မထပ်ဖြစ်ခဲ့ရင် ပြည့်တန်ဆာတွေနဲ့ ဘာထူးတော့မလဲ။
ဘဝပေးအခြေအနေ အရ လုပ်ကိုင်နေရလို့ ပေါ။ သူတို့ကတောင် ပိုသာတယ်လို့ ဆိုလိုက်ခြင်ပါသေးတယ်။
မိန်းကလေးတွေ အနေနဲ့ ဘယ်လောက်ချစ်ချစ် ကိုယ့်ကိုယ်ကို ပိုချစ်ပါ။
အရမ်းချစ်လို့ ဘဝပေးပြီး ချစ်တယ်ဆိုတာ မလုပ်မိပါစေနဲ့။ယုံအောင်ပြောလာရင်လည်း နားမဝင်မိပါစေနဲ့။
ကိုယ်က ဘဝပေးချစ်တော့ရော ကိုယ့်ကို အမှန်တကယ်တန်ဖိုးထားမယ်ထင်သလား။
No ပါ။ ယောကျာ်းဆိုတာမျိုးက 10 မှာ 9 ယောက်လောက် မရခင်သာ လိုချင်ကြတာ လက်တည့်စမ်းချင်ကြတာ။
ရလို့ ရိုးသွားရင် ပစ်သွားတတ်တဲ့ လူတွေက များကြပါတယ်။ ယောကျာ်းအကုန်လုံးတော့ မဟုတ်ပါဘူး။
မကောင်းဘူးဆိုပြီး နောက်တစ်ယောက် ပြောင်းတော့ရော အဆင်ပြေမယ် ထင်နေလား။ ကိုယ့်ကံက အဲဒီလောက်
ကောင်းမယ်လို့ ယုံကြည်နိုင်သလား။
ကိုယ့် စိတ်တောင် အမျိုးမျိုးပြောင်းနေတာ သူများစိတ်ကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူးလေ။
ယောကျာ်းဆိုတာ ကိုယ်ကသာ လူပျို စစ်ချင်မှစစ်မယ်။ ကိုယ်ယူမယ့် မိန်းကလေးဆိုတာ အပျိုစင်ပဲ လိုချင်ကြတာပါ။
ငါ မပါဘူးလို့ ပြောမယ့်ယောကျာ်းတွေ ရှိမှာပါပဲ။ ဒါပေမယ့် သူတို့တွေတောင် ကိုယ်ချစ်လို့ ခွင့်လွှတ်တာဖြစ်ချင်ဖြစ်မယ်။
ဖြစ်နိုငမယ်ဆိုရင် ကိုယ်လက်ထပ်မယ့်သူက အပျိုစင်ပဲ ဖြစ်ချင်ကြလက်ထပ်ခြင်ကြတာပါ။
ဟိုးအရင်ထဲက မိဘ ပုံစံခွက်ထဲ ကြီးပြင်းလာတဲ့ မိန်းကလေးတွေရဲ့ မိဘတွေကို ကျေးဇူးတင်တယ်။
တန်ဖိုးရှိတဲ့ အသိတွေ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်အောင် သင်ပေးခဲ့တဲ့ အတွက် လက်မထပ်ခင်
ဘယ်တော့မှ စည်းမကျော်ရဘူး ဆိုတဲ့ အသိတွေ အရှက်ဆိုတာ အသက်ထက်ပိုပြီး
တန်ဖိုးထား တတ်အောင် သင်ပေးခဲ့တဲ့ အသိတွေ ကိုယ့်ကိုယ်ကိုယ်တောင် တန်ဖိုးမထားရင်
ဘယ်သူမှ တန်ဖိုးထားမှာ မဟုတ်ဘူးဆိုတာတွေကို ရင်ထဲစွဲနေအောင်ရိုက်သွင်းထားတတ်ကြပါတယ်။
အပျိုစင်ဘဝဆိုတာ ကိုယ့်ကို တန်ဖိုးထားပြီး တစ်ဘဝလုံး စောင့်ရှောက်ပေးမယ့်သူ ကိုယ့်ကို တန်ဖိုးထား
လက်ထပ်ယူမယ့်ယောကျာ်းတစ်ယောက် အတွက်သာ ပေးသင့် ပေးထိုက် ပေးရမယ့် အရာတစ်ခုပါ။
ပထမဆုံးအကြိမ် အတားအဆီးမရှိ ရလာမယ့် ကလေးလေးကိုလဲ ကြိုဆိုပေးပါ။
ပျော်ရွှင်တဲ့ သိက္ခာရှိတဲ့ မိသားစုလေးတစ်ခု ဖန်တီးကြပါ။
ခေတ်တွေ ဘယ်လိုပြောင်းပြောင်း စာဖတ်သူများ အပါအဝင် အားလုံးရဲ့ပတ်ဝန်းကျင်မှာ တန်ဖိုးရှိတဲ့ မိန်းကလေးများစွာ ရှိနေသေးတယ်ဆိုတာကိုက ဂုဏ်ယူမိပါတယ်။
မိမိကိုယ်ကို တန်ဖိုးထားတတ်တဲ့ မိန်းကလေးတစ်ယောက်လောက် ရှိမယ်ဆိုရင်တောင် ကျေနပ်မိပါတယ်။
စာအရှည်ကြီး ဖတ်ပေးလို့ ကျေးဇူးပါလို့
Credit-Nan
ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်