အေထြအေထြဗဟုသုတ
(A)# နှလုံးလမ်းကြောင်းမှ ဥာဏ်လမ်းကြောင်းဆီသို့ ဦးတည်၍ ဆင်းလာသောအရေးအကြောင်းငယ်တစ်ခုမှာ မိမိမှ တစ်ဘက်သားအပေါ်ကို ချစ်ခင်နှစ်သက်စိတ်ဝင်စားမှုရှိခြင်းကို ဖော်ပြပါတယ်။
(B)# ဥာဏ်လမ်းကြောင်းထက်မှ နှလုံးလမ်းကြောင်းဆီသို့ ဦးတည်၍ တက်လာသောလမ်းကြောင်းငယ်တစ်ခုမှာ တစ်ဘက်သားမှ မိမိအပေါ်ကို ချစ်ခင်နှစ်သက်စိတ်ဝင်စားမှုရှိခြင်းကို ဖော်ပြပါတယ်။
(C)#နှလုံးလမ်းကြောင်းမှ ဆင်းလာသောလမ်းငယ်နဲ့ ဥာဏ်လမ်းကြောင်းမှ တက်လာသောလမ်းကြောင်းငယ်တို့ ပေါင်းဆုံခြင်း (သို့) ကျော်လွန်လာခြင်းမျိုးဖြစ်နေလျှင် ၎င်းတစ်ယောက်နဲ့ အိမ်ထောင်ကျခြင်း (သို့)
(D)# နှလုံးလမ်းကြောင်းမှ ဆင်းလာသောလမ်းငယ်တစ်ခုရှိပြီး ဥာဏ်လမ်းကြောင်းထက်မှတက်သော လမ်းကြောင်းငယ်မှာ မကွေမကွာနှစ်ခုဖြစ်နေပါက ရည်စားနှစ်ယောက်ကို တစ်ပြိုင်နက်ထားခြင်း (ဝါ)
(E)# နှလုံးလမ်းကြောင်းမှ ဆင်လာသောလမ်းငယ်တစ်ခုနှင့်ကပ်လျက် အပြိုင်လမ်းငယ်တစ်ခုရှိနေပြီး ဥာဏ်လမ်းကြောင်းထက်မှတက်သော လမ်းငယ်တစ်ခုရှိနေပါက အိမ်ထောင်မကျခင်
(F)နှလုံးလမ်းကြောင်းမှဆင်းလာသော လမ်းငယ်တစ်ခုနှင့် ဥာဏ်လမ်းထက်မှ တက်လာသောလမ်းငယ်တစ်ခုတို့ဆုံရာတွင် ကံလမ်းကြောင်းခြားလျက်တည်ရှိနေပါက ကံအကြောင်းမလှ၍ သမီးရည်းစား
Unicode Version
မှတ်ဖွယ်မှတ်ရာ လက္ခဏာပညာ…(အချစ်ရေး၊ အိမ်ထောင်ရေးဆိုင်ရာ လက္ခဏာများ)
(A)# နှလုံးလမ်းကြောင်းမှ ဉာဏ်လမ်းကြောင်းဆီသို့ ဦးတည်၍ ဆင်းလာသောအရေးအကြောင်းငယ်တစ်ခုမှာ မိမိမှ တစ်ဘက်သားအပေါ်ကို ချစ်ခင်နှစ်သက်စိတ်ဝင်စားမှုရှိခြင်းကို ဖော်ပြပါတယ်။
၎င်းလမ်းကြောင်းရှည်လျှင်ရှည်သလောက် မိမိမှ ချစ်ခင်စွဲလမ်းမှုပိုပါတယ်။
(B)# ဉာဏ်လမ်းကြောင်းထက်မှ နှလုံးလမ်းကြောင်းဆီသို့ ဦးတည်၍ တက်လာသောလမ်းကြောင်းငယ်တစ်ခုမှာ တစ်ဘက်သားမှ မိမိအပေါ်ကို ချစ်ခင်နှစ်သက်စိတ်ဝင်စားမှုရှိခြင်းက်ို ဖော်ပြပါတယ်။
၎င်းလမ်းကြောင်းရှည်လျှင်ရှည်သလောက် တစ်ဘက်သားမှ ချစ်ခင်စွဲလမ်းမှု ပိုပါတယ်။
(C)#နှလုံးလမ်းကြောင်းမှ ဆင်းလာသောလမ်းငယ်နဲ့ ဉာဏ်လမ်းကြောင်းမှ တက်လာသောလမ်းကြောင်းငယ်တို့ ပေါင်းဆုံခြင်း (သို့) ကျော်လွန်လာခြင်းမျိုးဖြစ်နေလျှင် ၎င်းတစ်ယောက်နဲ့ အိမ်ထောင်ကျခြင်း (သို့)
သာမန်သမီးရည်စားအဆင့်ထက်ကျော်လွန်ကာ ငြိစွန်းခြင်းတို့ကို ရည်ညွန်းပါတယ်။၎င်းလမ်းကြောင်းများဖြစ်တည်မှု၊ လမ်းကြောင်းများပြားမှုကိုလ်ိုက်၍ ရည်စား/အိမ်ထောင်ဆက် များ,မများကို သိရှိနိုင်ပါတယ်။
(D)# နှလုံးလမ်းကြောင်းမှ ဆင်းလာသောလမ်းငယ်တစ်ခုရှိပြီး ဉာဏ်လမ်းကြောင်းထက်မှတက်သော လမ်းကြောင်းငယ်မှာ မကွေမကွာနှစ်ခုဖြစ်နေပါက ရည်စားနှစ်ယောက်ကို တစ်ပြိုင်နက်ထားခြင်း (ဝါ)
ငါးရံနှစ်ကောင်ဖမ်းခြင်းကို ဖော်ညွန်းပါတယ်။
(E)# နှလုံးလမ်းကြောင်းမှ ဆင်လာသောလမ်းငယ်တစ်ခုနှင့်ကပ်လျက် အပြိုင်လမ်းငယ်တစ်ခုရှိနေပြီး ဉာဏ်လမ်းကြောင်းထက်မှတက်သော လမ်းငယ်တစ်ခုရှိနေပါက အိမ်ထောင်မကျခင်
ရည်းစားတစ်ယောက်ယောက်နဲ့ ပတ်သတ်ခဲ့ပြီး မိမိယူထားသောအိမ်ထောင်ဘက်မှာလည်း ကိုယ့်အရင် အခြားသူတစ်ယောက်နဲ့ပါ ပတ်သတ်ငြိစွန်းတတ်ပါတယ်။
(F)နှလုံးလမ်းကြောင်းမှဆင်းလာသော လမ်းငယ်တစ်ခုနှင့် ဉာဏ်လမ်းထက်မှ တက်လာသောလမ်းငယ်တစ်ခုတို့ဆုံရာတွင် ကံလမ်းကြောင်းခြားလျက်တည်ရှိနေပါက ကံအကြောင်းမလှ၍ သမီးရည်းစား
မဆုံဆည်းရခြင်း (သို့) အိမ်ထောင်ရှိရက်နှင့် သူတစ်ပါးချုပ်ကိုင်ကိုင်မှု / အလုပ်တာဝန်ကြောင့် တူနှစ်ကိုယ် ခွဲခွာနေရခြင်းကို ဖော်ပြပါတယ်။
~တင်နိုင်လင်း~ (သိပ္ပံလက္ခဏာနှင့် ဗေဒင်ပညာ)