အေထြအေထြဗဟုသုတ

စၾကၤာဝေတးမင္းျဖစ္ခ်င္သူ.. (အရမ္းထိမိလို႔ ဖတ္ၾကည့္ေနာ္)

”စၾကၤာဝေတးမင္းျဖစ္ခ်င္သူ”

ဟိုေရွးေရွးတုန္းက အာဏာစက္ မေရာက္ႏိုင္တဲ့ ေနရာ မွာလူဆိုးသူခိုးေတေလဂ်ပိုးေတြ ေနတဲ့ အလြန႔္အလြန္ကို ႀကီးမားတဲ့ ေနရာတခုရွိသတဲ့။အဲ့ဒီေနရာမွာ ဘုရင္မရွိတဲ့အခါက်ေတာ့ ခုနကေကာင္ေတြ အားလုံးေပါင္းၿပီးဘုရင္တစ္ေယာက္ကို ေ႐ြးလိုက္ၾကေတာ့တာေပါ့။

အဲ့ဒီလို နဲ႔အမိုက္ဆုံး နဲ႔ဉာဏ္ပညာမရွိဆုံး တစ္ေကာင္က ဘုရင္ျဖစ္လာပါေလေရာ့လား။သူလည္း ဘုရင္ျဖစ္ေရာ တစ္တိုင္းျပည္လုံးမွာ ရွိတဲ့ ပစၥည္းမွန္သမွ်ကိုငါးမူးနဲ႔ပဲ ေရာင္းခိုင္းေတာ့တယ္။

သူ႔ဟာသူ အျပင္မွာ ဘယ္ေလာက္ပဲ ေဈးမ်ားမ်ား သူ႔ႏိုင္ငံမွာေတာ့ ငါးမူးပဲ။တစ္ပြဲ ကို ၈၀၀-က်ပ္ ေလာက္ေဈးရွိတဲ့ ထမင္းကအစ ငါးမူးပဲ ေပးရတယ္။တစ္ေန႔မွာေတာ့ ေဒသႏၲရ ဗဟုသုတ ရွာဖို႔ထြက္လာတဲ့ တကၠသီလာက ဆရာနဲ႔သူရဲ႕ အထူးခြၽန္ဆုံး တပည့္တို႔ လည္ရင္းပတ္ရင္းနဲ႔ အဲ့ဒီႏိုင္ငံကို ေရာက္လာၾကတာေပါ့။

ဆရာကေတာ့ အဲ့ဒီေဒသကို သိပ္သေဘာမေတြ႕ဘူးေပါ့။သူ႔တပည့္ကေတာ့ မတရား သေဘာက်တယ္။

အရာအားလုံး ငါးမူးကို ေနာ္။သူ႔မွာက ပိုက္ဆံ ၈-သိန္းေတာင္ပါလာတာဆိုေတာ့ တစ္သက္လုံး ေနလို႔ရတယ္လို႔ေျပာလို႔ရတာေပါ့။ျပန္မယ့္ အခ်ိန္လည္းေရာက္ေရာ တပည့္ျဖစ္တဲ့သူက မျပန္ခ်င္ေတာ့ဘူး။

ဆရာက ေျပာတယ္။ဒီမွာ ငါ့တပည့္ စဥ္းစားဉာဏ္ မရွိတဲ့သူ အုပ္ခ်ဳပ္တဲ့တိုင္းျပည္မွာ မေနသင့္ဘူးတို႔ဘာတို႔ေပါ့ေလ။

တပည့္ကေတာ့ ႏိုးပါ ။ က်ေနာ္က ဒီေနရာမွာေနရင္ တစ္သက္လုံး ထိုင္စားေနလို႔ရတယ္ ဆရာႀကီးေရ..။

ပညာသင္တာက အဲ့သလို ေနဖို႔ပဲေလတို႔ဘာတို႔ေျပာၿပီးေတာ့ ေနခ်င္ေၾကာင္းကို ထိုင္ေျပာေနေတာ့ ဆရာျဖစ္သူ လက္ေလွ်ာ့ရတာေပါ့။ဆရာျပန္ခါနီး သူ႔တပည့္ကို ဂါထာတစ္ပုဒ္ သင္ေပးလိုက္တယ္။

တပည့္ႀကီးေရ တကယ္လို႔ဆင္းရဲ ဒုကၡေတြ႕ေန ရရင္ ဒီဂါထာ ကို တစ္ခါ႐ြတ္လိုက္ဆရာေရာက္လာမယ္ လို႔ေျပာ ၿပီးေတာ့ ျပန္သြားပါေလေရာ။

တပည့္ က လည္း ဟုတ္ကဲ့ခင္ဗ်ား လို႔ေျပာ ၿပီး အဲ့ဒီ ႏိုင္ငံမွာ ေနခဲ့ေတာ့တာေပါ့။ၿပီးေတာ့ ငါးမူးတန္ အစားအစာ ေတြ စားရင္းနဲ႔မတရားႀကီးကို ဝလာတယ္။ဝတာမွ တကယ္ကို အႀကီးအက်ယ္ ဝလာတာ။

တစ္ရက္မွာ အဲ့ ဒီႏိုင္ငံမွာ သူခိုးတစ္ေယာက္ ၁ေ၁ဆုံးသြားတယ္။ဘာလို႔လဲ ဆိုေတာ့ အမတ္ခ်ဳပ္ႀကီးရဲ႕ ေန အိမ္ကို အုတ္တံတိုင္းအျပင္ဘက္ကေန ၿပီးေတာ့ ေျမာင္းေဖာက္ၿပီး ဝင္တာ အုတ္တံတိုင္း ၿပိဳက်လို႔ေခါင္းျပားၿပီး ၁ေ၁သြားတယ္။

သူခိုးမိန္းမက မေက်နပ္ဘူး..။ဘုရင္ႀကီးကို သြားတိုင္တယ္။အို ဘယ့္ ေရရွင္ ေျမရွင္ ၿခံစည္း႐ိုးပိုင္ရွင္ ဘဝရွင္ ။ အမိုက္တကာထိပ္ေခါင္ ကိုယ္ေတာ္ျမတ္ႀကီးဘုရား။အကြၽန္မ်ိဳးမရဲ႕ ခ်စ္လင္ မေတာ္မတရား ၁ေ၁ဆုံးျခင္းကို တရားမွ်တမႈ ရွိေစေတာ္မူပါ။သူ႔ခမ်ာ မယားေကြၽးရန္ စီးပြားရွာျခင္းသာ ျဖစ္ ေပသည္။မရွိေသာေၾကာင့္ခိုးမိျခင္းကို အ ျပစ္ ဟု မဆို သင့္ပါ အရွင္မင္းႀကီးဘုရား။

အင္းေပါ့ ၊ လုပ္ေပးရမွာေပါ့။ ဘုရင္ ကလည္း တရားမွ်တမႈဆိုတာႀကီးကို ျမတ္ႏိုးတတ္သလို လို ျဖစ္လာတယ္။အဲ့ဒါနဲ႔ အမတ္ခ်ဳပ္ ႀကီးကို ၁ေ၁ဒဏ္ ေပးလိုက္တယ္။၁ေ၁ဒဏ္ဆိုတာက ႀကိဳးေပး၁၁တ္ေစေပါ့။အမတ္ခ်ဳပ္ႀကီးက အယူခံဝင္တယ္။အရွင္မင္းႀကီး ထိုအျခင္းအရာမွာ ပန္းရံဆရာႏွင့္သာ သက္ဆိုင္ပါသည္။ဒါနဲ႔ပန္းရံဆရာ ႀကိဳးေပးခံလိုက္ရေရာ။

ပန္းရံဆရာ ကလည္း ေလွ်ာက္ျပန္တယ္။မွန္လွပါဘုရား အကြၽန္ႏွင့္ လားလားမွ်သက္ဆိုင္ျခင္းမရွိပါ။

ဘိလပ္ေျမေရာစပ္သူ အလုပ္သမား အသုံးမက်မႈေၾကာင့္ ျဖစ္ပါသည္။ဘိလပ္ေျမေရာစပ္သူ ထိုအလုပ္သမားအားယခုခ်က္ခ်င္းပင္ ေသဒဏ္ေပး၍တရားမွ်တမႈကို တည္ေဆာက္အံ့။ေမာင္အလုပ္သမားကလည္းေလွ်ာက္တင္ျပန္တယ္။

ဘဝရွင္မင္းတရားႀကီးဘုရာ့ ေရထမ္းသမား ေရပို ျဖည့္ထားေသာေၾကာင့္ျဖစ္ပါသည္။ ေရထမ္းသမားအား ၁ေ၁ဒဏ္သူလည္းမေခပါဘူး။ ေလွ်ာက္လိုက္တာကေတာ့…အရွင္မင္းႀကီး အကြၽန္ေရျဖည့္ျခင္းမွာ ပုံမွန္သာျဖစ္ပါသည္။အိုးႀကီးေနပါေသာေၾကာင့္ ေရပို ထည့္မိျခင္းျဖစ္ပါသည္။အိုးထိန္းသည္အား ၁ေ၁ဒဏ္ေပးေစ။သူက ထပ္ေလွ်ာက္တင္ျပန္တယ္။အကြၽန႔္လက္က ပုံမွန္လက္ပါဘုရာ့။

ပုံမွန္အတိုင္းဆိုရင္ ေရအိုးႀကီးစရာ အေၾကာင္းမရွိပါဘူး။ဒါေပမယ့္ အဲ့ဒီေန႔က အိုးလုပ္ေနတုန္း အင္မတန္ေတာင့္ေျဖာင့္တဲ့ အမ်ိဳးသမီးအကြၽန္ေရွ႕က ခဏခဏ ျဖတ္သြားျဖတ္လာလုပ္ခဲ့ပါတယ္။

ထိုအမ်ိဳးသမီးအား ေငးၾကည့္မိေသာေၾကာင့္ အိုးႀကီးရျခင္းျဖစ္ပါသည္ ။လာထား ျဖတ္ေလွ်ာက္ေသာ ထိုအမ်ိဳးသမီးအား ၁ေ၁ဒဏ္။

အမ်ိဳးသမီးက ထပ္ေလွ်ာက္ျပန္တယ္။ မွန္လွပါ က႐ုဏာ ႀကီးမားလြန္းၿပီး အစြန္းေရာက္မိုက္ျခင္းတရားျဖင့္ ႏိုင္ငံေတာ္ကို သာယာဝေျပာလွေစသူ ဘဝရွင္မင္းတရားႀကီးရွင္။ အကြၽန္မ်ိဳးမ ျဖတ္ေလွ်ာက္ျခင္းမွာ ဒိုဘီအား အဝတ္အပ္ထား၍ ေလွ်ာ္ၿပီးမၿပီး သြားေရာက္စစ္ေဆးျခင္းသာ ျဖစ္ပါ သည္။ မၿပီးေသာေၾကာင့္ အႀကိမ္ႀကိမ္ သြားေမးရျခင္း ျဖစ္ပါ သည္။ ဒီလို နဲ႔ပဲ ဒိုဘီကို လွမ္းေခၚလိုက္တယ္။

ဘုရင္ႀကီး မိန႔္ေတာ္မူပုံ က … ေမာင္မင္း အသင္အဝတ္အစား ကို အခ်ိန္မွီ မေလွ်ာ္ဖြပ္ႏိုင္ေသာေၾကာင့္ ထိုမိန္းမအႀကိမ္ႀကိမ္ျဖတ္ရ ေလသည္။ ေငးမိေသာ အိုးထိန္းသည္ ေၾကာင့္ ထိုအိုးသည္ နဂိုအ႐ြယ္အစားထက္ ႀကီးမားလာေတာ့သည္။ ေရ ျဖည့္ေသာ လုလင္က ေရ ပို ျဖည့္မိေလရာဘိလပ္ေျမေရာစပ္ေသာသူ က ေရမ်ားမ်ား ေလာင္း၍ အဂၤေတ ေပ်ာ့သြားသည္။ ထို႔ေၾကာင့္ပင္ ပန္းရံဆရာ တည္ေဆာက္ေသာ အမတ္ခ်ဳပ္ႀကီးေနအိမ္ အုတ္တံတိုင္း ၿပိဳက်၍ သူခိုးေသဆုံးရေလသည္။

ငါကိုယ္ေတာ္ျမတ္၏ ေသခ်ာတိက်ေသာ ဆက္စပ္ေတြးေခၚမႈေၾကာင့္ အသင္တရားခံေျပးမလြတ္ေတာ့ေခ်။ အသင္၏ထင္ရွား ႀကီးမားလြန္းလွေသာ ျပစ္ခ်က္အတြက္ ၁ေ၁ဒဏ္။ ကံဆိုးခ်င္ေတာ့ ႀကိဳးကြင္းက အေသႀကီး။ အေလွ်ာ့အတင္း လုပ္လို႔မရဘူး။ ဒိုဘီက အရမ္းပိန္လြန္းတဲ့အခါက်ေတာ့ ဘယ္လို မွ စြပ္လို႔မရဘူး။

ဘုရင္ႀကီးက အသိဉာဏ္ ႀကီးမားစြာနဲ႔မိန႔္ေတာ္မူတယ္။ ဒီေကာင့္ေခါင္းက မေတာ္ဘူး။ ေတာ္တဲ့ ေကာင္ကို ရေအာင္ရွာ ၿပီး ႀကိဳးေပးလိုက္ေပါ့ ။ ဒီလို နဲ႔ မင္းခ်င္းတို႔ရွာလိုက္ၾကေတာ့ ခုနက တပည့္ကေလး ကို သြားေတြ႕တယ္။ သူက အရမ္းဝေနေတာ့ ႀကိဳးကြင္းနဲ႔ကြက္တိျဖစ္ေန တာ ကိုး။

သူ႔ကို ၁ေ၁ဒဏ္ ခ်လိုက္ေရာ။ တပည့္က ဆရာေပးတဲ့ ဂါထာကို မန္းမႈတ္လိုက္တယ္ဆိုရင္ပဲ ဆရာ ခ်က္ခ်င္းေရာက္လာတယ္။

ဆရာ တပည့္ ႏွစ္ေယာက္က တစ္ေယာက္ ကို တစ္ေယာက္ အခ်က္ျပၿပီး ႀကိဳးကြင္းထဲ သူဝင္မယ္ ငါဝင္မယ္ လို႔ လုေနလိုက္ၾကတာမွ မ၁၁တ္႐ုံ တမယ္ပဲလို႔ကို ထင္ ရတယ္။ ဘုရင္ႀကီး အံ့ၾသေတာ့တာေပါ့။ ဘယ့္ႏွယ္ သူမ်ားေတြက ၁ေ၁ဖို႔ေၾကာက္ေနတဲ့ အခ်ိန္မွာ ဒီႏွစ္ေကာင္ ႀကိဳးကြင္းကို ၿပိဳင္လုေနရတာတုန္း။ ဘုရင္ႀကီးက ေမးလိုက္တာေပါ့ ဘာ လို႔လည္းေပါ့ေနာ္။

ဆရာက ေျဖတယ္။ မွန္လွပါ တရားသျဖင့္ေလာကပါလနတ္မင္းအား အစဥ္ ၿပဳံး႐ႊင္ေစေတာ္မူေသာ အိုဘယ့္သမာသမတ္ အရွင္မင္းႀကီးခင္ဗ်ား။ အကြၽန္က တကၠသီလာ မွ ဆရာတည္း။ ေဗဒင္သုံးပုံ ကို အရည္ႀကိဳေသာက္ခဲ့သူ လည္း ျဖစ္ ေခ်ေတာ့သည္တမုံ ယေန႔နကၡတ္ ၊ၿဂိဳလ္ ၊ပက္က်ိ ႏွင့္ ေခြးခ်ီးတို႔၏ တည္ေနရာအားေသခ်ာတိုင္းတာ၍ စစ္ေဆးၾကည့္ရာ ယေန႔ ၁ေ၁ေသာသူသည္ သည္ မလြဲဧက မုခ်အမွန္ စၾကၤာဝေတးမင္း ျဖစ္လတၱံ့။

သို႔ျဖစ္ပါ၍ ႀကိဳးကြင္းလုေနျခင္း ျဖစ္ပါသည္။ ဘုရင္က အံႀကိတ္ၿပီး ေရွ႕တိုးလာတယ္။ သယ္ငါ ကိုယ္ေတာ္ျမတ္ရွိရက္နဲ႔ သည္ငမိုက္သားေတြ စၾကၤာဝေတးမင္းဆုကို ယူစရာအေၾကာင္းမရွိ နင္တို႔ဖယ္ၾကကြယ္႐ို႕
ဟူသတည္း ။ Credit

Unicode

စင်္ကြာဝတေးမင်းဖြစ်ချင်သူ

ဟိုရှေးရှေးတုန်းက အာဏာစက် မရောက်နိုင်တဲ့ နေရာ မှာလူဆိုးသူခိုးတေလေဂျပိုးတွေ နေတဲ့ အလွန့်အလွန်ကို ကြီးမားတဲ့ နေရာတခုရှိသတဲ့။အဲ့ဒီနေရာမှာ ဘုရင်မရှိတဲ့အခါကျတော့ ခုနကကောင်တွေ အားလုံးပေါင်းပြီးဘုရင်တစ်ယောက်ကို ရွေးလိုက်ကြတော့တာပေါ့။

အဲ့ဒီလို နဲ့အမိုက်ဆုံး နဲ့ဉာဏ်ပညာမရှိဆုံး တစ်ကောင်က ဘုရင်ဖြစ်လာပါလေရော့လား။သူလည်း ဘုရင်ဖြစ်ရော တစ်တိုင်းပြည်လုံးမှာ ရှိတဲ့ ပစ္စည်းမှန်သမျှကိုငါးမူးနဲ့ပဲ ရောင်းခိုင်းတော့တယ်။

သူ့ဟာသူ အပြင်မှာ ဘယ်လောက်ပဲ ဈေးများများ ..သူ့နိုင်ငံမှာတော့ ငါးမူးပဲ။တစ်ပွဲ ကို ၈၀၀-ကျပ် လောက်ဈေးရှိတဲ့ ထမင်းကအစ ငါးမူးပဲ ပေးရတယ်။တစ်နေ့မှာတော့ ဒေသန္တရ ဗဟုသုတ ရှာဖို့ထွက်လာတဲ့ တက္ကသီလာက ဆရာနဲ့သူရဲ့ အထူးချွန်ဆုံး တပည့်တို့ လည်ရင်းပတ်ရင်းနဲ့ အဲ့ဒီနိုင်ငံကို ရောက်လာကြတာပေါ့။

ဆရာကတော့ အဲ့ဒီဒေသကို သိပ်သဘောမတွေ့ဘူးပေါ့။သူ့တပည့်ကတော့ မတရား သဘောကျတယ်။

အရာအားလုံး ငါးမူးကို နော်။သူ့မှာက ပိုက်ဆံ ၈-သိန်းတောင်ပါလာတာဆိုတော့ တစ်သက်လုံး နေလို့ရတယ်လို့ပြောလို့ရတာပေါ့။ပြန်မယ့် အချိန်လည်းရောက်ရော တပည့်ဖြစ်တဲ့သူက မပြန်ချင်တော့ဘူး။

ဆရာက ပြောတယ်။ဒီမှာ ငါ့တပည့် စဉ်းစားဉာဏ် မရှိတဲ့သူ အုပ်ချုပ်တဲ့တိုင်းပြည်မှာ မနေသင့်ဘူးတို့ဘာတို့ပေါ့လေ..။

တပည့်ကတော့ နိုးပါ။ကျနော်က ဒီနေရာမှာနေရင် တစ်သက်လုံး ထိုင်စားနေလို့ရတယ် ဆရာကြီးရေ။

ပညာသင်တာက အဲ့သလို နေဖို့ပဲလေတို့ဘာတို့ပြောပြီးတော့ နေချင်ကြောင်းကို ထိုင်ပြောနေတော့ ဆရာဖြစ်သူ လက်လျှော့ရတာပေါ့။ဆရာပြန်ခါနီး သူ့တပည့်ကို ဂါထာတစ်ပုဒ် သင်ပေးလိုက်တယ်။

တပည့်ကြီးရေ တကယ်လို့ဆင်းရဲ ဒုက္ခတွေ့နေ ရရင် ဒီဂါထာ ကို တစ်ခါရွတ်လိုက်ဆရာရောက်လာမယ် လို့ပြော ပြီးတော့ ပြန်သွားပါလေရော။

တပည့် က လည်း ဟုတ်ကဲ့ခင်ဗျား လို့ပြော ပြီး အဲ့ဒီ နိုင်ငံမှာ နေခဲ့တော့တာပေါ့။ပြီးတော့ ငါးမူးတန် အစားအစာ တွေ စားရင်းနဲ့မတရားကြီးကို ဝလာတယ်။ဝတာမှ တကယ်ကို အကြီးအကျယ် ဝလာတာ။

တစ်ရက်မှာ အဲ့ ဒီနိုင်ငံမှာ သူခိုးတစ်ယောက် ၁ေ၁ဆုံးသွားတယ်။ဘာလို့လဲ ဆိုတော့ အမတ်ချုပ်ကြီးရဲ့ နေ အိမ်ကို အုတ်တံတိုင်းအပြင်ဘက်ကနေ ပြီးတော့ မြောင်းဖောက်ပြီး ဝင်တာ အုတ်တံတိုင်း ပြိုကျလို့ခေါင်းပြားပြီး ၁ေ၁သွားတယ်။

သူခိုးမိန်းမက မကျေနပ်ဘူး။ဘုရင်ကြီးကို သွားတိုင်တယ်။အို ဘယ့် ရေရှင် မြေရှင် ခြံစည်းရိုးပိုင်ရှင် ဘဝရှင်။အမိုက်တကာထိပ်ခေါင် ကိုယ်တော်မြတ်ကြီးဘုရား။အကျွန်မျိုးမရဲ့ ချစ်လင် မတော်မတရား ၁ေ၁ဆုံးခြင်းကို တရားမျှတမှု ရှိစေတော်မူပါ။သူ့ခမျာ မယားကျွေးရန် စီးပွားရှာခြင်းသာ ဖြစ် ပေသည်။မရှိသောကြောင့်ခိုးမိခြင်းကို အ ပြစ် ဟု မဆို သင့်ပါ အရှင်မင်းကြီးဘုရား။

အင်းပေါ့ ၊ လုပ်ပေးရမှာပေါ့။ ဘုရင် ကလည်း တရားမျှတမှုဆိုတာကြီး ကို မြတ်နိုးတတ်သလို လို ဖြစ်လာတယ်။အဲ့ဒါနဲ့ အမတ်ချုပ် ကြီးကို ၁ေ၁ဒဏ် ပေးလိုက်တယ်။၁ေ၁ဒဏ်ဆိုတာက ကြိုးပေး၁၁တ်စေပေါ့။အမတ်ချုပ်ကြီးက အယူခံဝင်တယ်။အရှင်မင်းကြီး ထိုအခြင်းအရာမှာ ပန်းရံဆရာနှင့်သာ သက်ဆိုင်ပါသည်။ဒါနဲ့ပန်းရံဆရာ ကြိုးပေးခံလိုက်ရရော။

ပန်းရံဆရာ ကလည်း လျှောက်ပြန်တယ်။မှန်လှပါဘုရား အကျွန်နှင့် လားလားမျှသက်ဆိုင်ခြင်းမရှိပါ။

ဘိလပ်မြေရောစပ်သူ အလုပ်သမား အသုံးမကျမှုကြောင့် ဖြစ်ပါသည်။ဘိလပ်မြေရောစပ်သူ ထိုအလုပ်သမားအားယခုချက်ချင်းပင် သေဒဏ်ပေး၍တရားမျှတမှုကို တည်ဆောက်အံ့။မောင်အလုပ်သမားကလည်းလျှောက်တင်ပြန်တယ်။

ဘဝရှင်မင်းတရားကြီးဘုရာ့ ရေထမ်းသမား ရေပို ဖြည့်ထားသောကြောင့်ဖြစ်ပါသည်။ ရေထမ်းသမားအား ၁ေ၁ဒဏ်သူလည်းမခေပါဘူး။ လျှောက်လိုက်တာကတော့…အရှင်မင်းကြီး အကျွန်ရေဖြည့်ခြင်းမှာ ပုံမှန်သာဖြစ်ပါသည်။အိုးကြီးနေပါသောကြောင့် ရေပို ထည့်မိခြင်းဖြစ်ပါသည်။အိုးထိန်းသည်အား ၁ေ၁ဒဏ်ပေးစေ။သူက ထပ်လျှောက်တင်ပြန်တယ်။အကျွန့်လက်က ပုံမှန်လက်ပါဘုရာ့။

ပုံမှန်အတိုင်းဆိုရင် ရေအိုးကြီးစရာ အကြောင်းမရှိပါဘူး။ဒါပေမယ့် အဲ့ဒီနေ့က အိုးလုပ်နေတုန်း အင်မတန်တောင့်ဖြောင့်တဲ့ အမျိုးသမီးအကျွန်ရှေ့က ခဏခဏ ဖြတ်သွားဖြတ်လာလုပ်ခဲ့ပါတယ်။

ထိုအမျိုးသမီးအား ငေးကြည့်မိသောကြောင့် အိုးကြီးရခြင်းဖြစ်ပါသည် ။လာထား!

ဖြတ်လျှောက်သော ထိုအမျိုးသမီးအား ၁ေ၁ဒဏ်။

အမျိုးသမီးက ထပ်လျှောက်ပြန်တယ်။ မှန်လှပါ ကရုဏာ ကြီးမားလွန်းပြီး…အစွန်းရောက်မိုက်ခြင်းတရားဖြင့် နိုင်ငံတော်ကို သာယာဝပြောလှစေသူ ဘဝရှင်မင်းတရားကြီးရှင်။ အကျွန်မျိုးမ ဖြတ်လျှောက်ခြင်းမှာ ဒိုဘီအား အဝတ်အပ်ထား၍ လျှော်ပြီးမပြီး သွားရောက်စစ်ဆေးခြင်းသာ ဖြစ်ပါ သည်။ မပြီးသောကြောင့် အကြိမ်ကြိမ် သွားမေးရခြင်း ဖြစ်ပါ သည်။ ဒီလို နဲ့ပဲ ဒိုဘီကို လှမ်းခေါ်လိုက်တယ်။

ဘုရင်ကြီး မိန့်တော်မူပုံ က မောင်မင်း အသင်အဝတ်အစား ကို အချိန်မှီ မလျှော်ဖွပ်နိုင်သောကြောင့် ထိုမိန်းမအကြိမ်ကြိမ်ဖြတ်ရ လေသည်။ ငေးမိသော အိုးထိန်းသည် ကြောင့် ထိုအိုးသည် နဂိုအရွယ်အစားထက် ကြီးမားလာ

တော့သည်။ ရေ ဖြည့်သော လုလင်က ရေ ပို ဖြည့်မိလေရာဘိလပ်မြေရောစပ်သောသူ က ရေများများ လောင်း၍ အင်္ဂတေ ပျော့သွားသည်။ ထို့ကြောင့်ပင် ပန်းရံဆရာ တည်ဆောက်သော အမတ်ချုပ်ကြီးနေအိမ် အုတ်တံတိုင်း ပြိုကျ၍ သူခိုးသေဆုံးရလေသည်။

ငါကိုယ်တော်မြတ်၏ သေချာတိကျသော ဆက်စပ်တွေးခေါ်မှုကြောင့် အသင်တရားခံပြေးမလွတ်တော့ချေ။ အသင်၏ထင်ရှား ကြီးမားလွန်းလှသော ပြစ်ချက်အတွက် ၁ေ၁ဒဏ်။ ကံဆိုးချင်တော့ ကြိုးကွင်းက အသေကြီး။ အလျှော့အတင်း လုပ်လို့မရဘူး။ ဒိုဘီက အရမ်းပိန်လွန်းတဲ့အခါကျတော့ ဘယ်လို မှ စွပ်လို့မရဘူး။

ဘုရင်ကြီးက အသိဉာဏ် ကြီးမားစွာနဲ့မိန့်တော်မူတယ်။ ဒီကောင့်ခေါင်းက မတော်ဘူး။ တော်တဲ့ ကောင်ကို ရအောင်ရှာ ပြီး ကြိုးပေးလိုက်ပေါ့ ။ ဒီလို နဲ့ မင်းချင်းတို့ရှာလိုက်ကြတော့ ခုနက တပည့်ကလေး ကို သွားတွေ့တယ်။ သူက အရမ်းဝနေတော့ ကြိုးကွင်းနဲ့ကွက်တိဖြစ်နေ တာ ကိုး။

သူ့ကို ၁ေ၁ဒဏ် ချလိုက်ရော။ တပည့်က ဆရာပေးတဲ့ ဂါထာကို မန်းမှုတ်လိုက်တယ်ဆိုရင်ပဲ ဆရာ ချက်ချင်းရောက်လာတယ်။

ဆရာ တပည့် နှစ်ယောက်က တစ်ယောက် ကို တစ်ယောက် အချက်ပြပြီး ကြိုးကွင်းထဲ သူဝင်မယ် ငါဝင်မယ် လို့ လုနေလိုက်ကြတာမှ မ၁၁တ်ရုံ တမယ်ပဲလို့ကို ထင် ရတယ်။ ဘုရင်ကြီး အံ့သြတော့တာပေါ့။ ဘယ့်နှယ် သူများတွေက ၁ေ၁ဖို့ကြောက်နေတဲ့ အချိန်မှာ ဒီနှစ်ကောင် ကြိုးကွင်းကို ပြိုင်လုနေရတာတုန်း။ ဘုရင်ကြီးက မေးလိုက်တာပေါ့ ဘာ လို့လည်းပေါ့နော်။

ဆရာက ဖြေတယ်။ မှန်လှပါ တရားသဖြင့်လောကပါလနတ်မင်းအား အစဉ် ပြုံးရွှင်စေတော်မူသော အိုဘယ့်သမာသမတ် အရှင်မင်းကြီးခင်ဗျား။ အကျွန်က တက္ကသီလာ မှ ဆရာတည်း။ ဗေဒင်သုံးပုံ ကို အရည်ကြိုသောက်ခဲ့သူ လည်း ဖြစ် ချေတော့သည်တမုံ ယနေ့နက္ခတ် ၊ဂြိုလ် ၊ပက်ကျိ နှင့် ခွေးချီးတို့၏ တည်နေရာအားသေချာတိုင်းတာ၍ စစ်ဆေးကြည့်ရာ ယနေ့ ၁ေ၁သောသူသည် သည် မလွဲဧက မုချအမှန် စင်္ကြာဝတေးမင်း ဖြစ်လတ္တံ့။

သို့ဖြစ်ပါ၍ ကြိုးကွင်းလုနေခြင်း ဖြစ်ပါသည်။ ဘုရင်က အံကြိတ်ပြီး ရှေ့တိုးလာတယ် ။ သယ်ငါ ကိုယ်တော်မြတ်ရှိရက်နဲ့ သည်ငမိုက်သားတွေ စင်္ကြာဝတေးမင်းဆုကို ယူစရာအကြောင်းမရှိနင်တို့ဖယ်ကြကွယ်ရို့
ဟူသတည်း..။Credit