အေဆာက္အအုံမ်ားေပၚတြင္ေပါက္ေသာ ေညာင္ပင္မ်ားကို သဘာဝနည္းျဖင့္သတ္ႏိုင္ေသာ နည္းလမ္း (၅) မ်ိဳးေညာင္ပင္မ်ားဟာေျမေပၚသာမက အေဆာက္အဦးမ်ားေပၚတြင္လည္းေပါက္ေရာက္တတ္ၿပီး၊ ၎အေဆာက္အအုံမ်ားကိုမ်ိဳသြားတတ္ပါတယ္။
ေညာင္ပင္၏အကိုင္းမ်ားေျခာက္ေသြ႕သြားေသာ္လည္း အျမစ္ရွိေန၍အျခားတစ္ေနရာမွအကိုင္းအၫြန႔္အပင္ျမစ္မ်ားလွည့္ထြက္လာႏိုင္ပါေသးတယ္။
အေဆာက္အအုံမ်ားေပၚတြင္ေပါက္ေသာေညာင္ပင္မ်ားကိုေအာက္ေဖာ္ျပပါသဘာဝနည္းမ်ားျဖင့္သတ္ႏိုင္ပါတယ္။
ျပဳလုပ္နည္း
၁။ငွက္ေပ်ာသီးႏွင့္ ဆားေရာ၍ အုံေပးပါ။
၂။ပင္စည္ကိုေဖာက္၍ ငါးပိအနည္းငယ္ထည့္ၿပီး ေလလုံေအာင္ပိတ္ထားပါ ။
၃။အပင္ကိုျဖတ္ၿပီးထိပ္ကိုဆြပါ..။ဆြထားေသာအပင္ထိပ္ေပၚတြင္ ဒီဇယ္ဆီ(သို႔မဟုတ္) ေရနံဆီ (သို႔မဟုတ္)အင္ဂ်င္ဝိုင္အေဟာင္းမ်ားေလာင္းထည့္ပါ။
၄။ေရနံေခ်းကိုအဝတ္တြင္ဆြတ္၍ အပင္တြင္ပတ္ထားပါ။
၅။အပင္ထိပ္ကိုဓါးနဲ႔ခုတ္ပါ၊ ဆြပါ။ စိတ္ႀကိဳက္မႊန္းၿပီးေတာ့မွ ေႂကြျပားဂ်ီးခြၽတ္ေဆး ေလာင္းေပးပါ။
အေဆာက္အအုံမ်ားေပၚတြင္ ေညာင္ျမစ္တြယ္ကပ္ေနၿပီး သတ္ပစ္ဖို႔ခက္ခဲေနသူမ်ားအတြက္ နည္းလမ္းေကာင္းေတြျဖစ္လို႔ ျပန္လည္မွ်ေဝလိုက္ပါတယ္။အဆင္ေျပၾကပါေစ။
Credit
Unicode
အဆောက်အအုံများပေါ်တွင်ပေါက်သော ညောင်ပင်များကို သဘာဝနည်းဖြင့်သတ်နိုင်သော နည်းလမ်း (၅) မျိုးညောင်ပင်များဟာမြေပေါ်သာမက အဆောက်အဦးများပေါ်တွင်လည်းပေါက်ရောက်တတ်ပြီး၊ ၎င်းအဆောက်အအုံများကိုမျိုသွားတတ်ပါတယ်။
ညောင်ပင်၏အကိုင်းများခြောက်သွေ့သွားသော်လည်း..အမြစ်ရှိနေ၍အခြားတစ်နေရာမှအကိုင်းအညွန့်အပင်မြစ်များလှည့်ထွက်လာနိုင်ပါသေးတယ်။
အဆောက်အအုံများပေါ်တွင်ပေါက်သောညောင်ပင်များကိုအောက်ဖော်ပြပါသဘာဝနည်းများဖြင့်သတ်နိုင်ပါတယ်။
ပြုလုပ်နည်း
၁။ငှက်ပျောသီးနှင့် ဆားရော၍ အုံပေးပါ။
၂။ပင်စည်ကိုဖောက်၍ငါးပိအနည်းငယ်ထည့်ပြီး လေလုံအောင်ပိတ်ထားပါ။
၃။အပင်ကိုဖြတ်ပြီးထိပ်ကိုဆွပါ..။ဆွထားသောအပင်ထိပ်ပေါ်တွင် ဒီဇယ်ဆီ(သို့မဟုတ်) ရေနံဆီ (သို့မဟုတ်)အင်ဂျင်ဝိုင်အဟောင်းများလောင်းထည့်ပါ။
၄။ရေနံချေးကိုအဝတ်တွင်ဆွတ်၍ အပင်တွင်ပတ်ထားပါ ။
၅။အပင်ထိပ်ကိုဓါးနဲ့ခုတ်ပါ၊ ဆွပါ။ စိတ်ကြိုက်မွှန်းပြီးတော့မှ ကြွေပြားဂျီးချွတ်ဆေး လောင်းပေးပါ။
အဆောက်အအုံများပေါ်တွင် ညောင်မြစ်တွယ်ကပ်နေပြီး သတ်ပစ်ဖို့ခက်ခဲနေသူများအတွက် နည်းလမ်းကောင်းတွေဖြစ်လို့ ပြန်လည်မျှဝေလိုက်ပါတယ်။အဆင်ပြေကြပါစေ။
Credit