လူတစ္ေယာက္အတြက္ မရွိမျဖစ္တဲ့ သူငယ္ခ်င္း(၈)မ်ဳိး ဆုိတာ
သူငယ္ခ်င္း မိတ္ေဆြေတြနဲ႔ ပတ္သက္တဲ့ စကား တစ္ခြန္းက ဒီလိုဆို ထားပါတယ္။ “သူငယ္ခ်င္း မိတ္ေဆြမ်ားရင္ ေလွ်ာက္တဲ့လမ္းက ေျဖာင့္သြားတယ္”တဲ့။ သူငယ္ခ်င္း မိတ္ေဆြေတြ အသစ္တိုးတာ မဂၤလာ တစ္ပါးပါ။ လူတိုင္း သူငယ္ခ်င္းအသစ္ေတြနဲ႔ ခင္မင္ရင္းႏွီးႏိုင္ဖို႔ ေမွ်ာ္လင့္ ၾကတယ္။ ဒါေပမဲ့ (American Sociological Review,ASR)က
သူတို႔ေလ့လာ ဆန္းစစ္ခဲ့တဲ့ ဆန္းစစ္ခ်က္ အရ အခုေခတ္လူေတြမွာ သူငယ္ခ်င္းေတြ နည္းသ ထက္နည္းခဲ့ ၾကတာကို ေတြ႔ ရတယ္။ ေလ့လာဆန္းစစ္ခံရသူ ၄ပံု၁ပံုက သူတို႔မွာ သူငယ္ခ်င္းနည္းရတဲ့အေၾကာင္းက ဘယ္သူ႔ကိုမွ ယံုၾကည္လို႔မရေၾကာင္း ဆိုထားၾကတယ္။
လ်င္သူစားစတမ္း၊ သာသူျမတ္ ဆိုတဲ့ ေခတ္ကာလေၾကာင့္ လူအခ်င္းခ်င္းၾကားမွာ ဘယ္သူက အစစ္အမွန္၊ ဘယ္သူက အတုအေယာင္ ဆိုတာကို ခဲြျခားဖို ႔ခက္ခဲ သြားတယ္။ “သူငယ္ခ်င္း”ဆိုတဲ့ အေခၚကိုလည္း ကၽြန္ေတာ္တို႔ ထိတ္လန္ ႔လာခဲ့ ၾကတယ္။
ဒီလိုဆိုရင္ ဘယ္လို အရာမ်ဳိးကို သူငယ္ခ်င္း အစစ္အမွန္လို႔ ေခၚသလဲ? လူတစ္သက္မွာ အဲဒီလို သူငယ္ခ်င္းမ်ဳိး ဘယ္ႏွေယာက္လို သလဲ? အေမရိကန္ စာေရးဆရာ Todd Parrက “အရင္းႏွီးဆံုး သူငယ္ခ်င္း တစ္ေယာက္ ဆီကေန
သင္လိုခ်င္တဲ့ အရာေတြ ရလိမ့္မယ္လို႔ မေမွ်ာ္လင့္ ပါနဲ႔”လို႔ ဆိုထားတယ္။ အေမရိကန္စာေရးဆရာ Tom Rathက လူတစ္ေယာက္မွာ မရွိမျဖစ္တဲ့ သူငယ္ခ်င္း(၈)မ်ဳိး လိုအပ္တယ္ဆိုၿပီး အခုလို႔ေရးသား ခဲ့ပါ တယ္။
(၁) ဆရာနဲ႔တူတဲ့ သူငယ္ခ်င္း
သူတို႔က သင့္ေကာင္းကြက္ေတြ သင္ကိုယ္တိုင္ သိျမင္ႏိုင္ဖို႔ သင့္ကို အၿမဲ ကူညီအားေပးတယ္။ ဒီလို သူငယ္ခ်င္း မ်ဳိးကို ဆရာအမ်ဳိးအစား လို႔ေခၚတယ္။ သူတို႔က သင့္ရဲ႕ဆရာျဖစ္ခ်င္မွ ျဖစ္မယ္။
ဒါေပမဲ့ သူတို႔မွာ အျခားဗဟုသုတ၊ အေတြ႔အႀကံဳေတြနဲ႔ ျပည့္စံုတယ္။ သင့္ရဲ႕အလုပ္အကိုင္၊ မိသားစု၊ လူလူခ်င္း ေပါင္းသင္း ဆက္ဆံေရးေတြမွာ သူတို႔က သင့္ကို အႀကံဉာဏ္ေတြေပး ႏိုင္တယ္။လူ႔ဘဝမွာ ဒီလို သူငယ္ခ်င္းမ်ဳိးက သင့္စိတ္ကို ေထာက္ကူေပး တဲ့သူျဖစ္တယ္။ သူတို႔ဟာ သင့္အနားမွာ အၿမဲရွိေနၿပီး သင္အတု ယူထိုက္ သူလည္းျဖစ္တယ္။
(၂) ေဖးမကူညီတဲ့သူငယ္ခ်င္း
သင့္ကို ဆံုး မလမ္းညႊန္ၿပီး လူေတြေရွ႕မွာ သင့္ကို ခ်ီးမြမ္း စကားေျပာတဲ့ သူငယ္ခ်င္း… ဒီလိုသူငယ္ခ်င္းမ်ဳိးက “နင့္ ငါ့ကိုကူ၊ ငါ နင့္ကိုကူ”ဆိုတဲ့ အခ်င္းခ်င္း ကူညီအားေပးတဲ့သူျဖစ္တယ္။ ဘဝရွင္သန္ႀကီးျပင္းရာ လမ္းတစ္ေလွ်ာက္မွာ သူငယ္ခ်င္းရဲ႕ ေဖးမကူညီမႈ၊ ခ်ီးက်ဴးမႈေတြက အဖိုးတန္ လြန္းတယ္။
ဆင္းရဲဒုကၡ၊ အခက္အခဲေတြနဲ႔ သင္ရင္ဆိုင္ရခ်ိန္ ဒီလိုသူငယ္ခ်င္းမ်ဳိးက သင့္အ ခက္အခဲေတြကို ကူညီ မွ်ေဝေျဖရွင္ းေပးတယ္။ သင့္ရင္ထဲက ဖိအားကို ေလ်ာ့ခ်ေ ပးတယ္။ သူတို႔ရဲ႕ယံုၾကည္မႈက သင့္အတြက္ စိတ္ဓာတ္အားေဆးျဖစ္တယ္။
(၃) စိတ္တူကိုယ္တူ သူငယ္ခ်င္း
သင္နဲ႔ ဝါသနာတူသူက သင္နဲ႔ေပါင္းဖက္ဖို႔ အသင့္ေတာ္ဆံုး သူငယ္ခ်င္းျဖစ္ တယ္။ ဒီလိုသူငယ္ခ်င္းမ်ဳိးနဲ႔ အတူေနခ်ိန္ သင့္စိတ္က သူတို႔စိတ္နဲ႔ အာရံု ခံစားမႈ ခ်င္းတူတယ္။ ဒါကို “နားလည္မႈ”လို႔ေခၚတယ္။
သင့္ေျပာတဲ့စကား၊ သင့္ေတြးတဲ့ အေတြးေတြက သူတို႔ အေတြးေတြနဲ႔ ထပ္တူနီးနီးက်တယ္။ စိတ္ခ်င္းကူညီအားေပးတဲ့ ခံစားမႈမ်ဳိး ကိုရတယ္။ ဒီလိုသူငယ္ခ်င္းမ်ဳိးက သင့္ကိုယ္သင္ အသိအမွတ္ ျပဳလာေအာင္
ကူညီေပးသလို သင့္ဝါသနာ၊ သင့္ရည္မွန္းခ်က္၊ သင့္အႀကိဳက္ေတြကို သူတို႔နဲ႔အတူ မွ်ေဝခံစားႏိုင္တယ္။ ဒီလို မွ်ေဝ ခံစားမႈမ်ဳိးက သင့္စိတ္ကို လံုၿခံဳေစ တယ္။ မိမိကိုယ့္ကို ယံုၾကည္မႈရွိေစတယ္။ စိတ္ကူးကို အလြယ္တကူ အေကာင္အထည္ေပၚေစ တယ္။ သင့္ဘဝကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ရွင္သန္ ႀကီးျပင္းေစ ပါတယ္။
(၄) တံတားခင္းေပးတဲ့ သူငယ္ခ်င္း
ဒီလိုလူမ်ဳိးက ကူညီတဲ့ သူငယ္ခ်င္း အမ်ဳိးအစားျဖစ္တယ္။ သင္ အားရေက်နပ္ ေပ်ာ္ရႊင္ခ်ိန္မွာ သူတို႔ရဲ႕အရိပ္ေတြက သင့္အနားမွာရွိမေနဘူး။ သင့္ စိတ္ညစ္အားငယ္ ေၾကကဲြခ်ိန္က်မွ သင့္ေရွ႕ေမွာက္ ေရာက္လာ တတ္သူေတြ ျဖစ္တယ္။
သင္ယံုၾကည္စိတ္ခ် ရတဲ့ ကူညီမႈမ်ဳိးကို သူတို႔ေပးတယ္။ ေမွ်ာ္လင့္ခ်က္နဲ႔ အခြင့္အေရးကို သင္ျပန္ျမင္ရဖို႔ သူတို႔စြမ္းေဆာင္ေပး တယ္။ စိတ္ဓာတ္ေတြ အေရာင္ေတာက္ေအာင္ သူတို႔မျပတ္ ကူညီေပးတတ္ တယ္။
(၅) အားေပးေဖာ္ သူငယ္ခ်င္း
ဒီလိုလူမ်ဳိးက သင့္ကိုေပါ့ပါး လန္းဆန္းေစတဲ့ သူငယ္ခ်င္းျဖစ္တယ္။ တခ်ဳိ႕သူငယ္ခ်င္းေတြက သင့္ကို ခင္မင္ရင္းႏွီးၿပီ းတာနဲ႔ သင့္ကို တျခား စိတ္တူကိုယ္တူ သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးတယ္။
သင့္စိတ္ေတြ မြန္းၾကပ္တဲ့အခါ၊ စိတ္ညစ္တဲ့အခါ သူတို႔က သင့္ရင္ဖြင့္သံကို ပထမဦးဆံုး နားေထာင္ေပး သူေတြျဖစ္တယ္။ ဒီလို သူငယ္ခ်င္းမ်ဳိးက သင့္အတြက္ အေကာင္းဆံုးနားေထာင္ သူျဖစ္တယ္။
သင့္စိတ္ကို ေျဖေလ်ာ့ေစ တယ္။ သူတို႔နဲ႔ေပါင္းသင္းရတာ သင့္ကို ဘာစိတ္ဖိအားမွ မရွိေစတဲ့အျပင္ သင့္ရင္ထဲက မြန္းၾကပ္ေနတဲ့ အရာေတြကို ထြက္ေပါက္ေပးေစ တယ္။ သင့္ရဲ႕ တည္ၿငိမ္ေအးခ်မ္းတဲ့ စိတ္ကို အသစ္တစ္ဖန္ ေမြးဖြားေစ ပါတယ္။
(၆) အသိအျမင္တိုးပြားေစတဲ့ သူငယ္ခ်င္း
သင့္ကို ဆန္းသစ္တဲ့အျမင္၊ ဆန္းသစ္တဲ့အခြင့္အေရးေတြကို ေတြ႔ျမင္ေစတဲ့သူငယ္ခ်င္းျဖစ္တယ္။ ဒီလိုသူငယ္ခ်င္းမ်ဳိးလည္း ဘဝမွာ မရွိလို႔မျဖစ္ပါဘူး။ သူတို႔ဟာ သင့္ရဲ႕ “ကမာၻ႔စာၾကည့္တိုက္”ျဖစ္တယ္။
ဒီလို သူငယ္ခ်င္းမ်ဳိးက သင့္အသိဉာဏ္၊ ဗဟုသုတ၊ ေပါင္းသင္း ဆက္ဆံေရးကို က်ယ္ျပန္႔ေစတယ္။ သင့္ကို မတူတဲ့ စိတ္ခံစားမႈမ်ဳိးကို ခံစားေစ တယ္။ သင့္ကို ျမင့္ျမင့္ရပ္၊ ေဝးေဝးလွမ္းၾကည့္တတ္ဖို႔ သင္ေပး သူေတြျဖစ္ တယ္။
(၇) လမ္းျပသူ သူငယ္ခ်င္း
သင့္စိတ္ကူး အေတြးေတြကို သန္႔ရွင္း ကူညီေပးသူ၊ လမ္းျပအႀကံျပဳတဲ့ သူငယ္ခ်င္းမ်ဳိးျဖစ္တယ္။ ဒီလို သူငယ္ခ်င္းမ်ဳိးက လမ္းျပမီး အမ်ဳိးအစားျဖစ္တယ္။ လူတိုင္းမွာ လိုအပ္ခ်က္နဲ႔ အကူအညီ ဆိုတာ လိုအပ္တယ္။
တခ်ဳိ႕အခက္ အခဲေတြကို သင့္ကိုယ္ပိုင္ စြမ္းအားနဲ႔ ေျဖရွင္းဖို႔ မလြယ္ကူတဲ့ အခါ ဒီလိုသူငယ္ခ်င္းမ်ဳိးက သင့္ကို စိတ္ပါလက္ပါ ကူညီၿပီး အသင့္ေတာ္ဆံုး အႀကံေတြကိုေပးတယ္။ သင့္စိတ္ရႈပ္ေထြ းတဲ့အခါ၊ စိတ္ညစ္တဲ့ အခါပဲျဖစ္ျဖစ္ သူတို႔ကို သင္ရင္ဖြင့္ နိုင္တယ္။ သူတို႔က ရႈပ္ေထြးေနတဲ့ သင့္စိတ္ကို ကူညီ သန္႔ရွင္းေပးၿပီး ၾကည္လင္တဲ့ ဖက္ကို လမ္းညႊန္ေပး တယ္။
(၈) သင့္ကိုအေဖာ္ျပဳတဲ့ သူငယ္ခ်င္း
ေကာင္းတဲ့ သတင္းပဲျဖစ္ျဖစ္၊ ဆိုးတဲ့ သတင္းပဲျဖစ္ျဖစ္ သူတို႔ကိုအရင္ သင္ေျပာျပတယ္။ သူတို႔ဟာ သင္နဲ႔ အၿမဲအတူ ရွိေနတယ္။ ဒီလိုသူငယ္ခ်င္းမ်ဳိးက ပင္လယ္ထက္က်ယ္တဲ့ ရင္ခြင္ရွိတယ္။ ေတာင္တန္းေတြလို ျမင့္မားတဲ့ စိတ္သေဘာထားရွိတယ္။ သူတို႔ကို သင္ဘယ္အခ်ိန္သြားရွာခဲ့ရွာခဲ့ သူတို႔က သင့္ကိုေႏြးေႏြးေထြးေထြး ႀကိဳဆိုတယ္။
သူတို႔က သင့္အတြက္ စိတ္ျပည့္ဝ၊ တည္ၿငိမ္ေစတဲ့ သူငယ္ခ်င္းျဖစ္တယ္။ တစ္ခါတေလ ေျပာစရာ စကားမ်ားမ်ားစားစား မရွိခ်င္ေန သင့္အနားမွာ သူတို႔ရွိတယ္ဆိုရင္ပဲ သင့္စိတ္ကို တည္ၿငိမ္ေအးခ်မ္းေစပါတယ္။
သူငယ္ခ်င္းေတြနဲ႔ အၿမဲမဆက္သြယ္တိုင္း၊ အၿမဲမေတြ႔ဆံုမိတိုင္း ေမ့သြားၿပီလို႔ မဆုိႏိုင္ပါဘူး။ သူငယ္ခ်င္းဆိုတာ ေဟာင္းႏြမ္းသြားလို ႔ရေပမယ့္ ခင္မင္ရင္းႏွီးမႈက ယုတ္ေလ်ာ့သြားလို႔ မရဘူး။
သင္႔ဘဝတစ္သက္မွာ စိတ္တူကိုယ္တူ သူငယ္ခ်င္းေကာင္း ဘယ္ႏွေယာက္ရွိႏိုင္မလဲ? တကယ္လို႔ အထက္က သူငယ္ခ်င္းမ်ဳိးနဲ႔ သင္ႀကံဳဆံုလာတဲ့အခါ သူတို႔ကို တန္ဖုိးထားျမတ္ႏိုးလိုက္ပါ။
ေရးသားသူ – ႏုိင္းႏုိင္းစေန
Unicode,
လူတစ်ယောက်အတွက် မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး ဆိုတာ
သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပတ်သက်တဲ့ စကား တစ်ခွန်းက ဒီလိုဆို ထားပါတယ်။ “သူငယ်ချင်း မိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်”တဲ့။ သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာ တစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့် ကြတယ်။ ဒါပေမဲ့ (American Sociological Review,ASR)က
သူတို့လေ့လာ ဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက် အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသ ထက်နည်းခဲ့ ကြတာကို တွေ့ ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။
လျင်သူစားစတမ်း၊ သာသူမြတ် ဆိုတဲ့ ခေတ်ကာလကြောင့် လူအချင်းချင်းကြားမှာ ဘယ်သူက အစစ်အမှန်၊ ဘယ်သူက အတုအယောင် ဆိုတာကို ခွဲခြားဖို ့ခက်ခဲ သွားတယ်။ “သူငယ်ချင်း”ဆိုတဲ့ အခေါ်ကိုလည်း ကျွန်တော်တို့ ထိတ်လန် ့လာခဲ့ ကြတယ်။
ဒီလိုဆိုရင် ဘယ်လို အရာမျိုးကို သူငယ်ချင်း အစစ်အမှန်လို့ ခေါ်သလဲ? လူတစ်သက်မှာ အဲဒီလို သူငယ်ချင်းမျိုး ဘယ်နှယောက်လို သလဲ? အမေရိကန် စာရေးဆရာ Todd Parrက “အရင်းနှီးဆုံး သူငယ်ချင်း တစ်ယောက် ဆီကနေ
သင်လိုချင်တဲ့ အရာတွေ ရလိမ့်မယ်လို့ မမျှော်လင့် ပါနဲ့”လို့ ဆိုထားတယ်။ အမေရိကန်စာရေးဆရာ Tom Rathက လူတစ်ယောက်မှာ မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး လိုအပ်တယ်ဆိုပြီး အခုလို့ရေးသား ခဲ့ပါ တယ်။
(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း
သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကို အမြဲ ကူညီအားပေးတယ်။ ဒီလို သူငယ်ချင်း မျိုးကို ဆရာအမျိုးအစား လို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှ ဖြစ်မယ်။
ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်း ဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေး နိုင်တယ်။လူ့ဘဝမှာ ဒီလို သူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေး တဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတု ယူထိုက် သူလည်းဖြစ်တယ်။
(၂) ဖေးမကူညီတဲ့သူငယ်ချင်း
သင့်ကို ဆုံး မလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကို ချီးမွမ်း စကားပြောတဲ့ သူငယ်ချင်း… ဒီလိုသူငယ်ချင်းမျိုးက “နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ”ဆိုတဲ့ အချင်းချင်း ကူညီအားပေးတဲ့သူဖြစ်တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန် လွန်းတယ်။
ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အ ခက်အခဲတွေကို ကူညီ မျှဝေဖြေရှင် းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချေ ပးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။
(၃) စိတ်တူကိုယ်တူ သူငယ်ချင်း
သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ် တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံ ခံစားမှု ချင်းတူတယ်။ ဒါကို “နားလည်မှု”လို့ခေါ်တယ်။
သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့ အတွေးတွေက သူတို့ အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုး ကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ် ပြုလာအောင်
ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေ ခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေ တယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေ တယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန် ကြီးပြင်းစေ ပါတယ်။
(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း
ဒီလိုလူမျိုးက ကူညီတဲ့ သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာ တတ်သူတွေ ဖြစ်တယ်။
သင်ယုံကြည်စိတ်ချ ရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေး တယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ် ကူညီပေးတတ် တယ်။
(၅) အားပေးဖော် သူငယ်ချင်း
ဒီလိုလူမျိုးက သင့်ကိုပေါ့ပါး လန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကို ခင်မင်ရင်းနှီးပြီ းတာနဲ့ သင့်ကို တခြား စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။
သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေး သူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင် သူဖြစ်တယ်။
သင့်စိတ်ကို ဖြေလျော့စေ တယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့ အရာတွေကို ထွက်ပေါက်ပေးစေ တယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့ စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေ ပါတယ်။
(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း
သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ “ကမ္ဘာ့စာကြည့်တိုက်”ဖြစ်တယ်။
ဒီလို သူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်း ဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့ စိတ်ခံစားမှုမျိုးကို ခံစားစေ တယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေး သူတွေဖြစ် တယ်။
(၇) လမ်းပြသူ သူငယ်ချင်း
သင့်စိတ်ကူး အတွေးတွေကို သန့်ရှင်း ကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီ ဆိုတာ လိုအပ်တယ်။
တချို့အခက် အခဲတွေကို သင့်ကိုယ်ပိုင် စွမ်းအားနဲ့ ဖြေရှင်းဖို့ မလွယ်ကူတဲ့ အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါ ကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေ းတဲ့အခါ၊ စိတ်ညစ်တဲ့ အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့် နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီ သန့်ရှင်းပေးပြီး ကြည်လင်တဲ့ ဖက်ကို လမ်းညွှန်ပေး တယ်။
(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း
ကောင်းတဲ့ သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့ သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူ ရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။
သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။
သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို ့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။
သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ? တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။
ရေးသားသူ – နိုင်းနိုင်းစနေ