ကျမ္မာရေး ဗဟုသုတ




အသက်ရှည်စေတယ်









Antioxidant နဲ့ Antimicrobial ဓာတ်တွေ ပါဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ် အတွက် ဆိုးကျိုးဖြစ်စေမယ့် ဘတ်တီးရီးယားတွေကို သေစေနိုင် ပါတယ် ။

penny

Unicode,

အစပ် ပုံမှန်စားပေးခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးများ

အစပ်လေးပါ ကာမှ ထမင်းစားဝင် တတ်တဲ့လူတွေ ရှိကြလားမသိဘူး။ တကယ်တော့ အစပ်စားခြင်းဟာ အစာအိမ်အတွက် မကောင်းဘူး ဆိုပေမယ့်လို့ ပုံမှန်လေးစားပေးခြင်းအားဖြင့် လူတိုင်းမ ထင်ထားတဲ့ ကျန်းမာရေးကောင်းကျိုးတွေ ရှိနေတယ် ဆိုတာ သင်သိ ပါသလား။ မသိသေးဘူး ဆိုရင်တော့ ဒီစာလေးကို ဆက်ဖတ်ကြည့်လိုက် ရအောင်နော် ။

အသက်ရှည်စေတယ်

Harvard and China National Center for Disease Control and PreventionTrusted Source ရဲ့ လေ့လာ ချက်အရ တစ်ပတ်ကို ၆ ရက်လောက် အစပ်ပါတာ စားပေးခြင်းဟာ မစားတဲ့ လူတွေထက် အသက်ရှည် မှုနှုန်းဟာ ၁၄% လောက်ပိုမြင့်နေပါတယ်လို့ Health Line မှာ ဖတ်လိုက် ရပါတယ်။

Metabolism ကို မြှင့်တင်ပေးတယ်

အစပ်နဲ့ ဟင်းခတ် အမွှေးအကြိုင်တွေဟာ သင့်ရဲ့ metabolism နှုန်းကို မြှင့်တင်ပေးတဲ့ အတွက်ကြောင့် အစာလည်း ခံစေ ပါတယ်။ ဒါကြောင့် အစပ်ဟာ ဝိတ်ချတဲ့နေရာ မှာလည်း တော်တော်လေး အထောက် အကူဖြစ်စေ ပါတယ် ။

ယောင်ယမ်းမှုတွေကိုကျဆင်းစေတယ်

အာရုံကြောယောင် ယမ်းတာတွေ၊ ကြွက်သားယောင် ယမ်းတာတွေ စတာတွေ ကိုလည်း ငရုတ်သီးလိုမျိုး အစပ် အရသာတွေဟာ လျော့ကျစေ ပါတယ်။ ဒါကြောင့် ခေါင်းကိုက်ရင် အစပ်စားပါတဲ့ ။

ကင်ဆာဆဲလ်တွေကိုလည်းသေစေတယ်

UCLA လရဲ့ လေ့လာ ချက် အရ အစပ်စားခြင်းဟာ ကင်ဆာပြန့်ပွားမှုနှုန်း ကိုလျော့ကျစေပြီတော့ ကင်ဆာဖြစ် နိုင်ချေ မှလည်း ကာကွယ်ပေးပါတယ်။

ဘတ်တီးရီးယားတွေကိုသတ်ဖို့

Antioxidant နဲ့ Antimicrobial ဓာတ်တွေ ပါဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ် အတွက်် ဆိုးကျိုးဖြစ်စေမယ့် ဘတ်တီးရီးယားတွေကို သေစေနိုင် ပါတယ် ။

penny