အေထြအေထြဗဟုသုတ

ညတစ်ညရဲ့ အဖြစ်အပျက်လေးတစ်ခုပါ (မိန်းမသားတွေ ဆိုတာ)

မိန်းမတွေဆိုတာ..

ညတစ်ညရဲ့ အဖြစ်အပျက်လေးတစ်ခုပါ ကျွန်တော် ကုတင်ပေါ်မှာ မအိပ်ချင်သေးပဲ လှဲလိုက်မိတယ် ။

အသင့် အိပ်ပျော်နေရှာတဲ့ ကျွန်တော့ရဲ့ အားနွဲ့နွဲ့ ချစ်ဇနီးလေးရဲ့ နူးညံ့လှပတဲ့ မျက်နှာလေးကို ကျွန်တော် သေချာ ကြည့်နေရင်းကနေ အတွေးတစ်ချို့ဝင်လာပြီး ကျွန်တော့ဟာ ကျွန်တော်တွေးနေမိတယ်

မိန်းကလေးဆိုတာ ဘယ်လိုပါလိမ့် ? ကျွန်တော်နဲ့ မင်္ဂလာ မဆောင်ခင်က မိဘအသိုင်းအဝိုင်းရဲ့အချစ်တွေနဲ့ ထိန်းသိမ်းမှု့အောက်မှာနေပြီး ကြီးပြင်းလာခဲ့တယ်

အခုကျ တစ်ချက်ထဲ ရုတ်တစ်ရက်မှာပဲ သိတောင် မသိထားတဲ့ လူတစ်ယောက်ရဲ့ဘေးမှာအမိန့်နာခံရင်းနဲ့အိပ်စက်နေရပြန်တယ်

ကျွန်တော့ကြောင့် တစ်သက်လုံး အတူနေခဲ့တဲ့ မိဘတွေကိုစွန့်ခွာလာခဲ့ပြန်တယ်

ကျွန်တော့ကို ပင်ပင်ပန်းပန်း ပြုစုရင်း ကျွန်တော့ရဲ့ မပြောပလောက်တဲ့ စကားလေးတွေနဲ့ သူပျော်နေပြန်တယ်

ပြီးတော့ ကျွန်တော့ကိုယ် ကျွန်တော် မေးခွန်းတစ်ချို့မေးနေမိတယ် ။

ဒါလဲပဲ ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက မိမိရဲ့ ဇနီးမိန်းမကို ရိုက်နှက်နေနိုင်ကြတာလဲ

ဘယ်လိုဖြစ်လို့တစ်ချို့လူတွေက နှစ်ဘဝအတွက် ရည်စူးပြီး လာခဲ့သူကို တစ်ဘဝတောင် မကုန်သေးဘူး စိတ်ကုန်သွားကြတာလဲ ?

ဘယ်လိုဖြစ်လို့ တစ်ချို့လူတွေက မိန်းမနဲ့သားသမီးကို အိမ်မှာ ထားပြီး သူငယ်ချင်းတွေနဲ့ Hotel တွေမှာ အစားအသောက်ကောင်းတွေ စားသောက်နေနိုင်ကြတာလဲ ?

တစ်နေ့လုံး ယောကျာ်းလာမှ အတူတူ စားမယ်ဆိုပြီး ထမင်းဝိုင်းလေး အသင့်နဲ့ ကလေးတွေကို လက်ဆေးပေးပြီး ထိုင်စောင့်နေတဲ့ မိန်းမကို ဘာလို့ မေ့နေရပြန်တာလဲ ?

ဘယ်လိုဖြစ်လို့ တစ်ချို့တစ်ချို့တွေက မိန်းမအတွက်တော့ အိမ်ကိုထောင်လို လုပ်ထားလိုက်ကြပြီး

ကိုယ်တိုင်ကျတော့ အများသုံး အိမ်သာလို လာချင်တဲ့ အချိန်လာ သွားချင်တဲ့အချိန်သွားဖြစ်နေကြတာလဲ ?

ဘယ်လိုဖြစ်လို့ တစ်ချို့ တစ်ချို့ တွေက မိမိဇနီးကို မျက်ရည်စက်နဲ့ ညတွေကို ဖြတ်သန်းစေနေတာလဲ ?

တစ်ချို့ တစ်ချို့က မိန်းမ မိသားစုကို အချိန် မပေးပဲ လမ်းပေါ်မှာပဲ အချိန်တွေကို ကုန်ဆုံး လိုက်နေကြတယ်…

မိသားစုမှာ ဖခင်ရဲ့ နွေးထွေးမှု့ ဆိုတာ သားသမီးတွေ သိခွင့် မရတော့တာ ဘာ့ကြောင့်လဲ ?

ဘယ်လိုဖြစ်လို့ ယောကျာ်းတွေ တာဝန်ခံပြီး တာဝန်မယူကြတော့တာလဲ ? ပြေးမယ်ဆိုလဲပြေး ဘယ်အထိပြေးကြမလဲ ?

ဒီလိုတွေတွေးပြီး နောက်ဆုံး အဲ့ဒီ့ညမှာ ကျွန်တော်တွေးလိုက်တယ် ကျွန်တော့မှာ အေ ရှိတယ် ကျွန်တော့မှာ မိန်းမလဲရှိတယ်…။

ကျွန်တော် သူတို့ နှစ်ယောက်စလုံးကို ဂုဏ်ယူ လေးစားသင့်တယ် မိန်းမကို ကြင်နာရင်း မိဘကို ရိုသေရင်းပေါ့…။

ဘာကြောင့်လဲ ဆိုရင်..သူတို့ နှစ်ယောက်ထဲက တစ်ယောက်က ကျွန်တော့ကို အသက်နဲ့ရင်းပြီး လောကထဲကို ခေါ်ဆောင်လာခဲ့တယ်…။

နောက်တစ်ယောက်က တစ်လောကလုံးကို စွန့်ခွာပြီး ကျွန်တော့ အနားကိုလာခဲ့တဲ့သူပါ..အမေဆိုတာလဲ တစ်ချိန်က မိန်းမ ဖြစ်ခဲ့တယ်..

လက်ရှိ ဘေးနားမှာ ရှိနေတဲ့ မိန်းမ ဆိုတာ ကလည်း..တစ်ချိန်မှာ အမေ ဖြစ်အုံး မှာမို့ အမေ့ကို တန်ဖိုး ထားသလို မိန်းမကိုလဲ တန်ဖိုး ထားကြပါ…။နားလည် နိုင်ကြပါစေ…။

မိသားစုတိုင်း မိသားစုတိုင်း တစ်ဦးနဲ့ တစ်ဦး ချစ်ချစ် ခင်ခင် တစ်သက်တာ ပျော်ရွှင်စွာ နေသွားကြရပါစေ…။

Credit – Original Writer

မိန္းမေတြဆိုတာ ..

ညတစ္ညရဲ႕ အျဖစ္အပ်က္ေလးတစ္ခုပါ ကြၽန္ေတာ္ ကုတင္ေပၚမွာ မအိပ္ခ်င္ေသးပဲ လွဲလိုက္မိတယ္

အသင့္ အိပ္ေပ်ာ္ေနရွာတဲ့ ကြၽန္ေတာ့ရဲ႕ အားႏြဲ႕ႏြဲ႕ ခ်စ္ဇနီးေလးရဲ႕ ႏူးညံ့လွပတဲ့ မ်က္ႏွာေလးကို ကြၽန္ေတာ္ ေသခ်ာ ၾကည့္ေနရင္းကေန အေတြးတစ္ခ်ိဳ႕ဝင္လာၿပီး ကြၽန္ေတာ့ဟာ ကြၽန္ေတာ္ေတြးေနမိတယ္

မိန္းကေလးဆိုတာ ဘယ္လိုပါလိမ့္ ? ကြၽန္ေတာ္နဲ႔ မဂၤလာ မေဆာင္ခင္က မိဘအသိုင္းအဝိုင္းရဲ႕အခ်စ္ေတြနဲ႔ ထိန္းသိမ္းမႈ႕ေအာက္မွာေနၿပီး ႀကီးျပင္းလာခဲ့တယ္

အခုက် တစ္ခ်က္ထဲ ႐ုတ္တစ္ရက္မွာပဲ သိေတာင္ မသိထားတဲ့ လူတစ္ေယာက္ရဲ႕ေဘးမွာအမိန႔္နာခံရင္းနဲ႔အိပ္စက္ေနရျပန္တယ္

ကြၽန္ေတာ့ေၾကာင့္ တစ္သက္လုံး အတူေနခဲ့တဲ့ မိဘေတြကိုစြန႔္ခြာလာခဲ့ျပန္တယ္…

ကြၽန္ေတာ့ကို ပင္ပင္ပန္းပန္း ျပဳစုရင္း..ကြၽန္ေတာ့ရဲ႕ မေျပာပေလာက္တဲ့ စကားေလးေတြနဲ႔ သူေပ်ာ္ေနျပန္တယ္…

ၿပီးေတာ့ ကြၽန္ေတာ့ကိုယ္ ကြၽန္ေတာ္ ေမးခြန္းတစ္ခ်ိဳ႕ေမးေနမိတယ္ ။

ဒါလဲပဲ ဘယ္လိုျဖစ္လို႔ တစ္ခ်ိဳ႕လူေတြက မိမိရဲ႕ ဇနီးမိန္းမကို ႐ိုက္ႏွက္ေနႏိုင္ၾကတာလဲ ။

ဘယ္လိုျဖစ္လို႔တစ္ခ်ိဳ႕လူေတြက ႏွစ္ဘဝအတြက္ ရည္စူးၿပီး လာခဲ့သူကို တစ္ဘဝေတာင္ မကုန္ေသးဘူး စိတ္ကုန္သြားၾကတာလဲ ?

ဘယ္လိုျဖစ္လို႔ တစ္ခ်ိဳ႕လူေတြက မိန္းမနဲ႔သားသမီးကို အိမ္မွာ ထားၿပီး သူငယ္ခ်င္းေတြနဲ႔ Hotel ေတြမွာ အစားအေသာက္ေကာင္းေတြ စားေသာက္ေနႏိုင္ၾကတာလဲ ?

တစ္ေန႔လုံး ေယာက်ာ္းလာမွ အတူတူ စားမယ္ဆိုၿပီး ထမင္းဝိုင္းေလး အသင့္နဲ႔ ကေလးေတြကို လက္ေဆးေပးၿပီး ထိုင္ေစာင့္ေနတဲ့ မိန္းမကို ဘာလို႔ ေမ့ေနရျပန္တာလဲ ?

ဘယ္လိုျဖစ္လို႔ တစ္ခ်ိဳ႕တစ္ခ်ိဳ႕ေတြက မိန္းမအတြက္ေတာ့ အိမ္ကိုေထာင္လို လုပ္ထားလိုက္ၾကၿပီး..

ကိုယ္တိုင္က်ေတာ့ အမ်ားသုံး အိမ္သာလို လာခ်င္တဲ့ အခ်ိန္လာ သြားခ်င္တဲ့အခ်ိန္သြားျဖစ္ေနၾကတာလဲ ?

ဘယ္လိုျဖစ္လို႔ တစ္ခ်ိဳ႕ တစ္ခ်ိဳ႕ ေတြက မိမိဇနီးကို မ်က္ရည္စက္နဲ႔.. ညေတြကို ျဖတ္သန္းေစေနတာလဲ ?

တစ္ခ်ိဳ႕ တစ္ခ်ိဳ႕က မိန္းမ မိသားစုကို အခ်ိန္ မေပးပဲ လမ္းေပၚမွာပဲ အခ်ိန္ေတြကို ကုန္ဆုံး လိုက္ေနၾကတယ္…

မိသားစုမွာ ဖခင္ရဲ႕ ေႏြးေထြးမႈ႕.. ဆိုတာ သားသမီးေတြ သိခြင့္ မရေတာ့တာ ဘာ့ေၾကာင့္လဲ ?

ဘယ္လိုျဖစ္လို႔ ေယာက်ာ္းေတြ တာဝန္ခံၿပီး တာဝန္မယူၾကေတာ့တာလဲ ? ေျပးမယ္ဆိုလဲေျပး ဘယ္အထိေျပးၾကမလဲ ?

ဒီလိုေတြေတြးၿပီး ေနာက္ဆုံး အဲ့ဒီ့ညမွာ ကြၽန္ေတာ္ေတြးလိုက္တယ္ ကြၽန္ေတာ့မွာ ေအ ရွိတယ္ ကြၽန္ေတာ့မွာ မိန္းမလဲရွိတယ္…။

ကြၽန္ေတာ္ သူတို႔ ႏွစ္ေယာက္စလုံးကို ဂုဏ္ယူ ေလးစားသင့္တယ္ မိန္းမကို ၾကင္နာရင္း မိဘကို ႐ိုေသရင္းေပါ့…။

ဘာေၾကာင့္လဲ ဆိုရင္..သူတို႔ ႏွစ္ေယာက္ထဲက တစ္ေယာက္က ကြၽန္ေတာ့ကို အသက္နဲ႔ရင္းၿပီး ေလာကထဲကို ေခၚေဆာင္လာခဲ့တယ္…။

ေနာက္တစ္ေယာက္က တစ္ေလာကလုံးကို စြန႔္ခြာၿပီး..ကြၽန္ေတာ့ အနားကိုလာခဲ့တဲ့သူပါ..အေမဆိုတာလဲ တစ္ခ်ိန္က မိန္းမ ျဖစ္ခဲ့တယ္..

လက္ရွိ ေဘးနားမွာ ရွိေနတဲ့ မိန္းမ ဆိုတာ ကလည္း တစ္ခ်ိန္မွာ အေမ ျဖစ္အုံး မွာမို႔ အေမ့ကို တန္ဖိုး ထားသလို မိန္းမကိုလဲ တန္ဖိုး ထားၾကပါ…။နားလည္ ႏိုင္ၾကပါေစ…။

မိသားစုတိုင္း မိသားစုတိုင္း တစ္ဦးနဲ႔ တစ္ဦး ခ်စ္ခ်စ္ ခင္ခင္ တစ္သက္တာ ေပ်ာ္႐ႊင္စြာ ေနသြားၾကရပါေစ ။

Credit – Original Writer