အေထြအေထြဗဟုသုတ

လူတိုင္း လူတိုင္း ေန႔စဥ္ မ်က္ႏွာပြင့္ေအာင္ လုပ္လို႔ရတဲ့ ပီယနည္း

လူခ်စ္လူခင္ေပါၿပီးသြားေလရ ေရာက္ေလရာမွာရန္အေႏွာင့္အယွက္ကင္းကင္းနဲ႔ အားလံုး အဆင္ေျပေျပျဖစ္ေအာင္ ကူညီသူေပါ၊က႐ုဏာထားသူမ်ား ေမတၲာထားသူမ်ား ေပါမ်ားတဲ့ ဓာတ္သဘာဝကိုပီယဓာတ္ဟု ေခၚပါတယ္။ပီယဓာတ္နဲ႔ ေန႔တိုင္းမ်က္ႏွာပြင့္ေစေအာင္ ေဆာင္ရြက္ႏိုင္တဲ့ ျမန္မာ့႐ိုးရာနည္းပညာတစ္ခုတင္ ျပပါမယ္။

အိမ္ကအျပင္ထြက္ရင္ သြားေလရာလမ္း တစ္ေလွ်ာက္အေႏွာင့္အယွက္ေပးတဲ့လူလည္းကင္းေဝးခ်င္တယ္။သူတစ္ပါးသေဘာက်ေလာက္ ေအာင္လည္း စတိုင္ထုတ္ခ်င္တယ္။ ဒီလိုအေနအ ထားမ်ိဳး မိန္းကေလးတိုင္း လိုလားတယ္။

ဒီေနရာမွာပီယဓာတ္ကသိပ္အေရးႀကီးတယ္။လိုက္ေႏွာင့္ယွက္တာမ်ိဳး၊ ဣေျႏၵပ်က္ ေလာက္ေအာင္ ျပဳမူတာေတြ၊အရွက္ကြဲေအာင္႐ိုင္း႐ိုင္းစိုင္းစိုင္း ေျပာဆိုဒုကၡေပးေစာ္ကားေမာ္ကားေျပာဆိုနာက္ေျပာင္တာမ်ိဳးဘယ္မိန္းကေလးမွမလိုလားတာ အမွန္ပဲ။

ေနာက္ေျပာင္သူ အေႏွာင့္အယွက္ ကင္းေစ၊ ခ်စ္ခင္သနားစိတ္နဲ႔ ႐ိုင္း႐ိုင္းပင္းပင္း ကူ ညီၿပီး ၿပံဳးျပတာနဲ႔တစ္ဖက္လူ ကိုယ့္ကို ကူညီလို စိတ္ ညႊတ္က်ေစတဲ့ ဓာတ္ကို ပီယလို႔ေခၚပါတယ္။အမ်ိဳးသားမ်ားအဖို႔လည္း ရန္ကင္းၿပီး၊ အေႏွာင့္အယွက္ ကင္းၿပီး မိန္းကေလးေတြ စိတ္ ဝင္စားခံရၿပီးအႀကီးအကဲ ဆရာသမားပင္ ႏွစ္သက္ ခံရတဲ့ မ်က္ႏွာပြင့္ျခင္းကို ပီယေခၚပါတယ္။

မ်က္ႏွာပြင့္ ပီယေကာင္းေအာင္ ဒီလိုလုပ္ပါ။

တနဂၤေႏြေန႔ – အိမ္ကထြက္ရင္ ဦးေခါင္းထိပ္မွာ(အ)အကၡရာကို လက္ညႇိဳးနဲ႔ တို႔ထိေရးၿပီး ထြက္ပါ။ တစ္ေန႔တာစိတ္ခ်မ္းသာေစရမယ္။

တနလၤာေန႔ – ဆိုရင္ေတာ့ လက္ညႇိဳးျဖင့္ နဖူးမွာ(က)အကၡ ရာကို ေရးၿပီးအိမ္ကထြက္ပါ။ တစ္ေန႔လံုးထူးျခားစြာ အဆင္ေျပပါလိမ့္မယ္။

အဂၤါေန႔မွာ – အိမ္ကအထြက္ မ်က္လံုးမ်က္ခံုးေပၚမွာ(ဆ)အကၡရာေရးၿပီး အိမ္ကထြက္ပါ။ အားလံုးအဆင္ေျပ၊ ခရီးလမ္းပန္းေခ်ာေမြ႕၊ တစ္ေန႔တာအဆင္ေျပမည္။

ဗုဒၶဟူးေန႔ – အိမ္မွအထြက္လက္ညႇိဳးေလးနဲ႔ လွ်ာေပၚမွာ(ရ)အကၡရာကို ေရးၿပီးထြက္၊ ထူးျခားစြာအဆင္ ေျပသြားပါလိမ့္မည္။

ၾကာသပေတးေန႔ – အိမ္ကထြက္ခါနီး လက္ညႇိဳးနဲ႔ ညႇပ္႐ိုးမွာ(ပ) အကၡရာေရးၿပီး ထြက္ပါ။ ဒီေန႔ကိစၥအားလံုး ေခ်ာေမြ႕ပါလိမ့္မယ္။

ေသာၾကာေန႔ – အိမ္ကအထြက္ ရင္ညြန္႔မွာ (သ)အကၡရာ ေရး ၿပီး ထြက္ေပါ့။ ဟန္က်သြားလိမ့္မယ္။

စေနေန႔တြင္ – ခ်က္မွာ (တ) အကၡရာေရးၿပီး လိုရာခရီး ထြက္။ သြားေလရာ အကူအညီေပးသူေပၚ၊ ရန္ေဘး အႏၱရာယ္ကင္းပါလိမ့္မယ္။

သတိထားရမွာက အကၡရာေတြကို ေရးတဲ့အခါ ပီသမွန္ကန္ ေအာင္ေရးပါ။ လက္ညႇိဳးထိပ္ဖ်ားနဲ႔ ခပ္ဖြဖြ တို႔ထိၿပီးေရးပါ။ ေယာက်ာ္းေလးဆို ညာလက္ညႇိဳးသံုးပါ။ မိန္းကေလးဆို ဘယ္လက္ညႇိဳးသံုးပါ။လက္ေတြ႕သံုးၾကေပေတာ့။ အလွက်က္သေရလည္းရွိ၊ သြားလာေလရာ ပီယရွိေနမွေတာ့ ဘာလိုေသးလဲ။ဥာဏ္ရွိသလို ခ်ဲ႕သံုးပါ။

အင္တာဗ်ဴးေတြ၊ အလုပ္ကိစၥေတြ၊ စာေမးပြဲေျဖတဲ့အခါေတြကအစ ႏွစ္ဦးေတြ႕ၾကရင္အဆံုး အဆင္ေျပေအာင္ လက္ ေတြ႕သံုးစြဲၾကည့္ၾကေပါ့။အေရာင္းအဝယ္သမားေတြ လည္း ေဈးေခၚ ေဈးေျပာ ေကာင္းတယ္။ သံုးၾကည့္ ပါ။ မိမိမိတ္ေဆြေတြ အကုန္ဖတ္လို႔ရေအာင္ မွ်ေဝေပးသြားဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)

Credit:thadinyatkwat

#Unicode Version# ျဖင့္ဖတ္ပါ ။

လူချစ်လူခင်ပေါပြီးသွားလေရ ရောက်လေရာမှာရန်အနှောင့်အယှက်ကင်းကင်းနဲ့ အားလုံး အဆင်ပြေပြေဖြစ်အောင် ကူညီသူပေါ၊ကရုဏာထားသူများ မေတ္တာထားသူများ ပေါများတဲ့ ဓာတ်သဘာဝကိုပီယဓာတ်ဟု ခေါ်ပါတယ်။ပီယဓာတ်နဲ့ နေ့တိုင်းမျက်နှာပွင့်စေအောင် ဆောင်ရွက်နိုင်တဲ့ မြန်မာ့ရိုးရာနည်းပညာတစ်ခုတင် ပြပါမယ်။

အိမ်ကအပြင်ထွက်ရင် သွားလေရာလမ်း တစ်လျှောက်အနှောင့်အယှက်ပေးတဲ့လူလည်းကင်းဝေးချင်တယ်။သူတစ်ပါးသဘောကျလောက် အောင်လည်း စတိုင်ထုတ်ချင်တယ်။ ဒီလိုအနေအ ထားမျိုး မိန်းကလေးတိုင်း လိုလားတယ်။

ဒီနေရာမှာပီယဓာတ်ကသိပ်အရေးကြီးတယ်။လိုက်နှောင့်ယှက်တာမျိုး၊ ဣန္ဒြေပျက် လောက်အောင် ပြုမူတာတွေ၊အရှက်ကွဲအောင်ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဒုက္ခပေးစော်ကားမော်ကားပြောဆိုနာက်ပြောင်တာမျိုးဘယ်မိန်းကလေးမှမလိုလားတာ အမှန်ပဲ။

နောက်ပြောင်သူ အနှောင့်အယှက် ကင်းစေ၊ ချစ်ခင်သနားစိတ်နဲ့ ရိုင်းရိုင်းပင်းပင်း ကူ ညီပြီး ပြုံးပြတာနဲ့တစ်ဖက်လူ ကိုယ့်ကို ကူညီလို စိတ် ညွှတ်ကျစေတဲ့ ဓာတ်ကို ပီယလို့ခေါ်ပါတယ်။အမျိုးသားများအဖို့လည်း ရန်ကင်းပြီး၊ အနှောင့်အယှက် ကင်းပြီး မိန်းကလေးတွေ စိတ် ဝင်စားခံရပြီးအကြီးအကဲ ဆရာသမားပင် နှစ်သက် ခံရတဲ့ မျက်နှာပွင့်ခြင်းကို ပီယခေါ်ပါတယ်။

မျက်နှာပွင့် ပီယကောင်းအောင် ဒီလိုလုပ်ပါ။

တနင်္ဂနွေနေ့ – အိမ်ကထွက်ရင် ဦးခေါင်းထိပ်မှာ(အ)အက္ခရာကို လက်ညှိုးနဲ့ တို့ထိရေးပြီး ထွက်ပါ။ တစ်နေ့တာစိတ်ချမ်းသာစေရမယ်။

တနင်္လာနေ့ – ဆိုရင်တော့ လက်ညှိုးဖြင့် နဖူးမှာ(က)အက္ခ ရာကို ရေးပြီးအိမ်ကထွက်ပါ။ တစ်နေ့လုံးထူးခြားစွာ အဆင်ပြေပါလိမ့်မယ်။

အင်္ဂါနေ့မှာ – အိမ်ကအထွက် မျက်လုံးမျက်ခုံးပေါ်မှာ(ဆ)အက္ခရာရေးပြီး အိမ်ကထွက်ပါ။ အားလုံးအဆင်ပြေ၊ ခရီးလမ်းပန်းချောမွေ့၊ တစ်နေ့တာအဆင်ပြေမည်။

ဗုဒ္ဓဟူးနေ့ – အိမ်မှအထွက်လက်ညှိုးလေးနဲ့ လျှာပေါ်မှာ(ရ)အက္ခရာကို ရေးပြီးထွက်၊ ထူးခြားစွာအဆင် ပြေသွားပါလိမ့်မည်။

ကြာသပတေးနေ့ – အိမ်ကထွက်ခါနီး လက်ညှိုးနဲ့ ညှပ်ရိုးမှာ(ပ) အက္ခရာရေးပြီး ထွက်ပါ။ ဒီနေ့ကိစ္စအားလုံး ချောမွေ့ပါလိမ့်မယ်။

သောကြာနေ့ – အိမ်ကအထွက် ရင်ညွန့်မှာ (သ)အက္ခရာ ရေး ပြီး ထွက်ပေါ့။ ဟန်ကျသွားလိမ့်မယ်။

စနေနေ့တွင် – ချက်မှာ (တ) အက္ခရာရေးပြီး လိုရာခရီး ထွက်။ သွားလေရာ အကူအညီပေးသူပေါ်၊ ရန်ဘေး အန္တရာယ်ကင်းပါလိမ့်မယ်။

သတိထားရမှာက အက္ခရာတွေကို ရေးတဲ့အခါ ပီသမှန်ကန် အောင်ရေးပါ။ လက်ညှိုးထိပ်ဖျားနဲ့ ခပ်ဖွဖွ တို့ထိပြီးရေးပါ။ ယောကျာ်းလေးဆို ညာလက်ညှိုးသုံးပါ။ မိန်းကလေးဆို ဘယ်လက်ညှိုးသုံးပါ။လက်တွေ့သုံးကြပေတော့။ အလှကျက်သရေလည်းရှိ၊ သွားလာလေရာ ပီယရှိနေမှတော့ ဘာလိုသေးလဲ။ဉာဏ်ရှိသလို ချဲ့သုံးပါ။

အင်တာဗျူးတွေ၊ အလုပ်ကိစ္စတွေ၊ စာမေးပွဲဖြေတဲ့အခါတွေကအစ နှစ်ဦးတွေ့ကြရင်အဆုံး အဆင်ပြေအောင် လက် တွေ့သုံးစွဲကြည့်ကြပေါ့။အရောင်းအဝယ်သမားတွေ လည်း ဈေးခေါ် ဈေးပြော ကောင်းတယ်။ သုံးကြည့် ပါ။ မိမိမိတ်ဆွေတွေ အကုန်ဖတ်လို့ရအောင် မျှဝေပေးသွားဦးနော်။

ဖိုးသူတော် (www.phothutaw.com)

Credit:thadinyatkwat