ၾကားသိရသမွ်

အင္းစိန္ကပိုးေတြ႕လူနာသုံးဦးထဲမွာ အိမ္ေျခမဲ့တစ္ဦးပါဝင္ေန

အင္းစိန္ကပိုးေတြ႕လူနာသုံးဦးထဲမွာ အိမ္ေျခမဲ့တစ္ဦးပါဝင္ေန

ရပ္ကြက္ကင္းတဲမွာေနထိုင္သူျဖစ္ပါတယ္။ ဒီေန႔ မနက္ ၈ နာရီထုတ္ျပန္ခ်က္အရ အင္းစိန္ၿမိဳ႕နယ္က ကိုဗစ္အတည္ျပဳလူနာ သုံးဦးပါဝင္ခဲ့ရာမွာ လူနာတစ္ဦးမွာအိမ္ေျခမဲ့ျဖစ္ၿပီး လမ္းကေပးထားတဲ့ ရပ္ကြက္ကင္းတဲမွာေနထိုင္သူျဖစ္တယ္လို႔ အင္းစိန္ၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ေျပာပါတယ္။

လက္ရွိမွာ အတည္ျပဳလူနာသုံးဦးနဲ႔ဆက္စပ္ထိေတြ႕ခဲ့တဲ့ မိသားစုဝင္၁၄ ဦးရွိေနၿပီး မိသားစုဝင္ေတြကို အသြားအလာကန႔္သတ္ထားသလို လမ္းေတြကိုလည္း ယာယီ lock down ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။

” ေအာင္ဆန္းရပ္ကြက္က တစ္ဦးကေတာ့ အိမ္ေျခရာမဲ့ေပါ့ေနာ္။ လမ္းကေပးထားတဲ့ ကင္းတဲမွာေနတယ္ ။ မိသားစုဝင္မရွိဘူးေပါ့ ။ ေနာက္တစ္ေယာက္ကေတာ့ မိသားစုဝင္ ၁ဝဦးေလာက္ရွိပါတယ္ ။ ႐ြာမအေနာက္မွာေနထိုင္တဲ့ လူနာကေတာ့ ဆိုင္တစ္ခုရဲ႕ အေရာင္းဝန္ထမ္းေကာင္မေလးပါ ။

 

သူနဲ႔အတူေနတဲ့ ဝန္ထမ္းေလးဦးရွိပါတယ္ ။ ပိုးေတြ႕လူနာေတြကေတာ့ ေဝဘာဂီေဆး႐ုံကို ေခၚေဆာင္သြားပါၿပီ ။ က်န္တဲ့သူေတြကို ကြာရန္တင္းလုပ္ေဆာင္ဖို႔ကေတာ့ တိုင္းက်န္းမာေရးရဲ႕ ၫႊန္ၾကားခ်က္ကို ေစာင့္ေနပါတယ္ ” လို႔ အင္းစိန္ၿမိဳ႕နယ္ ၊ ျပည္နယ္လႊတ္ေတာ္မဲဆႏၵနယ္ အမွတ္(၂) ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က ေျပာပါတယ္ ။

ပိုးေတြ႕လူနာ ၃ဦးကေတာ့ လူနာအမွတ္ ၇၄၀၊ ၇၄၂ နဲ႔ရ၄၃ တို႔ျဖစ္ၾကၿပီး လူနာအမွတ္ ၇၄၀ ကေတာ့ အသက္ ၂၄ ႏွစ္အ႐ြယ္ အမ်ိဳးသမီးျဖစ္ၿပီး ႐ြာမအေနာက္ရပ္ကြက္၊ ဘုရင့္ေနာင္လမ္းမႀကီးမွာ ေနထိုင္သူျဖစ္ပါတယ္။

 

လူနာအမွတ္ ၇၄၂နဲ႔ ၇၄၃ ကေတာ့ အသက္ ၂၅ ႏွစ္အ႐ြယ္ နဲ႔ ၄၅ ႏွစ္အ႐ြယ္ အမ်ိဳးသားေတြ ျဖစ္ၾကၿပီး ေအာင္ဆန္းရပ္ကြက္၊ သစၥာဝါဒီလမ္းမွာေနထိုင္သူေတြ လို႔ အင္းစိန္ၿမိဳ႕နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္က လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

 

ပိုးေတြ႕လူနာသုံးဦးေနထိုင္တဲ့ အင္းစိန္ၿမိဳ႕နယ္ ၊ ႐ြာမအေနာက္ရပ္ကြက္ နဲ႔ ေအာင္ဆန္းရပ္ကြက္က လမ္းေတြကို အသြားအလာကန႔္သတ္ထားလိုက္ၿပီး ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ နဲ႔ လူမႈကူညီေရးအသင္းတို႔က ပိုးသတ္ေဆးဖ်န္းတာေတြ လုပ္ေဆာင္ထားၿပီး ျဖစ္တယ္လို႔ သိရပါတယ္ ။

ဓူဝံ

Unicode

အင်းစိန်ကပိုးတွေ့လူနာသုံးဦးထဲမှာ အိမ်ခြေမဲ့တစ်ဦးပါဝင်နေ

ရပ်ကွက်ကင်းတဲမှာနေထိုင်သူဖြစ်ပါတယ်။ ဒီနေ့ မနက် ၈ နာရီထုတ်ပြန်ချက်အရ အင်းစိန်မြို့နယ်က ကိုဗစ်အတည်ပြုလူနာ သုံးဦးပါဝင်ခဲ့ရာမှာ လူနာတစ်ဦးမှာအိမ်ခြေမဲ့ဖြစ်ပြီး လမ်းကပေးထားတဲ့ ရပ်ကွက်ကင်းတဲမှာနေထိုင်သူဖြစ်တယ်လို့ အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

 

လက်ရှိမှာ အတည်ပြုလူနာသုံးဦးနဲ့ဆက်စပ်ထိတွေ့ခဲ့တဲ့ မိသားစုဝင်၁၄ ဦးရှိနေပြီး မိသားစုဝင်တွေကို အသွားအလာကန့်သတ်ထားသလို လမ်းတွေကိုလည်း ယာယီ lock down ပြုလုပ်ထားတယ်လို့ သိရပါတယ်။

” အောင်ဆန်းရပ်ကွက်က တစ်ဦးကတော့ အိမ်ခြေရာမဲ့ပေါ့နော်။ လမ်းကပေးထားတဲ့ ကင်းတဲမှာနေတယ် ။ မိသားစုဝင်မရှိဘူးပေါ့ ။ နောက်တစ်ယောက်ကတော့ မိသားစုဝင် ၁ဝဦးလောက်ရှိပါတယ် ။ ရွာမအနောက်မှာနေထိုင်တဲ့ လူနာကတော့ ဆိုင်တစ်ခုရဲ့ အရောင်းဝန်ထမ်းကောင်မလေးပါ ။

သူနဲ့အတူနေတဲ့ ဝန်ထမ်းလေးဦးရှိပါတယ် ။ ပိုးတွေ့လူနာတွေကတော့ ဝေဘာဂီဆေးရုံကို ခေါ်ဆောင်သွားပါပြီ ။ ကျန်တဲ့သူတွေကို ကွာရန်တင်းလုပ်ဆောင်ဖို့ကတော့ တိုင်းကျန်းမာရေးရဲ့ ညွှန်ကြားချက်ကို စောင့်နေပါတယ် ” လို့ အင်းစိန်မြို့နယ် ၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ် ။

ပိုးတွေ့လူနာ ၃ဦးကတော့ လူနာအမှတ် ၇၄၀၊ ၇၄၂ နဲ့ရ၄၃ တို့ဖြစ်ကြပြီး လူနာအမှတ် ၇၄၀ ကတော့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးမှာ နေထိုင်သူဖြစ်ပါတယ်။

လူနာအမှတ် ၇၄၂နဲ့ ၇၄၃ ကတော့ အသက် ၂၅ နှစ်အရွယ် နဲ့ ၄၅ နှစ်အရွယ် အမျိုးသားတွေ ဖြစ်ကြပြီး အောင်ဆန်းရပ်ကွက်၊ သစ္စာဝါဒီလမ်းမှာနေထိုင်သူတွေ လို့ အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ပိုးတွေ့လူနာသုံးဦးနေထိုင်တဲ့ အင်းစိန်မြို့နယ် ၊ ရွာမအနောက်ရပ်ကွက် နဲ့ အောင်ဆန်းရပ်ကွက်က လမ်းတွေကို အသွားအလာကန့်သတ်ထားလိုက်ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ နဲ့ လူမှုကူညီရေးအသင်းတို့က ပိုးသတ်ဆေးဖျန်းတာတွေ လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ် ။

ဓူဝံ