လူတွေပြောပြောနေကြတဲ့ အချစ်သာစစ်ရင် အရာရာကို ရင်ဆိုင်ကျော်ဖြတ်နိုင်တယ်ဆိုတဲ့စကားကို ဖိလစ်ပိုင်နိုင်ငံက စုံတွဲနှစ်ဦးကတော့ ဒီစကားဟာမှန်ကန်ကြောင်း သက်သေပြသွားခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ Tropical Storm Yagi လို့ခေါ်တဲ့မုန်တိုင်းကျရောက်မှုကြောင့် မိုးတွေ အဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ် လို့ သိရှိရပါတယ်။ဒါပေမဲ့ မုန်တိုင်းဘယ်လောက်တိုက်တိုက် ရေတွေဘယ်လောက်ကြီးကြီး ဒီ စုံတွဲနှစ်ဦး ရဲ့ချစ်ခြင်းမေတ္တာနဲ့ချည်နှောင်ထားတဲ့ ကြိုးလေးကိုတော့ မဖြတ်နိုင်ခဲ့ပါဘူး။
ဖိလစ်ပိုင်နိုင်ငံက Jefferson လို့ခေါ်တဲ့အမျိုးသားနဲ့ Jobel de los Angeles လို့ခေါ်တဲ့အမျိုးသမီးတို့ စုံတွဲနှစ်ဦး ဟာ ရေတွေ၊မိုးတွေ ကြားထဲမှ သူတို့ရဲ့မင်္ဂလာပွဲ ကိုအပျက်မခံဘဲ ဆက်လက်ကျင်းပခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့ သူတို့စုံတွဲနှစ်ဦးရဲ့ သူငယ်ချင်းတွေ၊မိသားစုဝင်တွေ အများအပြားတက်ရောက်ခဲ့ပါတယ်။နောက်ပြီးသူတို့က မင်္ဂလာဆောင်အမှတ်တရဓာတ်ပုံ တွေကို ဖိနပ်မပါဘဲ ခြေဗလာတွေနဲ့ ရိုက်ကူးခဲ့ကြပါတယ်။ မင်္ဂလာဆောင် Video ကိုတော့ သူတို့ရဲ့ ဦးလေးဖြစ်သူက မင်္ဂလာပွဲပြီးမှ Social Media ပေါ်တင်ခဲ့ပြီး အဲ့ဒီ Video ဟာ ပြည်တွင်း Media တွေမှာသာမက ပြည်ပက Media တွေအထိတောင် နာမည်ကြီး ပျံ့နှံ့သွားခဲ့ပါတယ်။ဒီစုံတွဲနှစ်ဦး ကတော့ သူတို့ဘဝတစ်လျှောက်လုံး ဒီအချိန်၊ဒီအဖြစ်အပျက်လေးကိုအမြဲတမ်းသတိရတမ်းတနေမိလိမ့်မယ် လို့ကျွန်တော်ထင်မိပါတယ်။စာဖတ်ပရိသတ် တို့လည်း မိုးထဲ ရေထဲ က ဒီစုံတွဲနှစ်ဦး ရဲ့ မင်္ဂလာပွဲလေးကိုကြည့်ရှုနိုင်ဖို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
JRose (KB Chimmy)
Reference : elitereaders
Zawgyi
လူတွေပြောပြောနေကြတဲ့ အချစ်သာစစ်ရင် အရာရာကို ရင်ဆိုင်ကျော်ဖြတ်နိုင်တယ်ဆိုတဲ့စကားကို ဖိလစ်ပိုင်နိုင်ငံက စုံတွဲနှစ်ဦးကတော့ ဒီစကားဟာမှန်ကန်ကြောင်း သက်သေပြသွားခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ Tropical Storm Yagi လို့ခေါ်တဲ့မုန်တိုင်းကျရောက်မှုကြောင့် မိုးတွေ အဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ် လို့ သိရှိရပါတယ်။ဒါပေမဲ့ မုန်တိုင်းဘယ်လောက်တိုက်တိုက် ရေတွေဘယ်လောက်ကြီးကြီး ဒီ စုံတွဲနှစ်ဦး ရဲ့ချစ်ခြင်းမေတ္တာနဲ့ချည်နှောင်ထားတဲ့ ကြိုးလေးကိုတော့ မဖြတ်နိုင်ခဲ့ပါဘူး