FTTH ဖိုင်ဘာအင်တာနက်တွေကို ယာယီထိန်းသိမ်းပိတ်ပင်မယ်ဆိုတဲ့ သတင်းနှင့်ပတ်သက်၍ We Check ရဲ့ ထုတ်ပြန်ချက်
FTTH ဖိုင်ဘာအင်တာနက်တွေကို ယာယီထိန်းသိမ်းပိတ်ပင်မယ်ဆိုတဲ့ သတင်းနှင့်ပတ်သက်ပြီး We Check မှ ခုလိုထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်မှာ ”ပြည်တွင်းသုံး အင်ထရာနက် (Intranet) လုပ်ဖို့အတွက် FTTH ဖိုင်ဘာအင်တာနက်တွေကို ယာယီထိန်းသိမ်းပိတ်ပင်မယ်ဆိုတဲ့
သတင်းက သတင်းအမှား ပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီး မနေ့က ပြန့်နှံ့ခဲ့တဲ့ ဝန်ကြီးဌာနအကြောင်းကြားစာကလည်း (စာအတု) သာဖြစ်ပါတယ်။ဒီ အင်ထရာနက်ဆိုတာက အလွယ်ပြောရရင် ကျနော်တို့ ရုံးတွေမှာသုံးတဲ့
Data Sharing, File Sharing, Printer Sharing လောက်ပဲ သုံးဖို့ဖြစ်ပါတယ်။ ဒီ အင်ထရာနက်ကိစ္စ စပြန့်ခဲ့တဲ့ ဧပြီ ၂၄ တုန်းကလည်း
ကျနော်တို့ ရှင်းပြခဲ့ဖူးပါတယ်။ဆိုတော့ လတ်တလောမှာ FTTH ပိတ်ပြီး အင်ထရာနက်နဲ့ အစားထိုးမယ်ဆိုတဲ့
သတင်းကို ကျနော်အနေနဲ့ လုံးဝ သတင်းအမှားလို့ပဲ ထပ်မံပြောပါရစေ။ထူးခြားသတင်းရှိလာရင်တော့ ပြောပါ့မယ်။ဒါလောက်ပါပဲ။” ဆိုပြီး ထုတ်ပြန်ထားချက်အား ပြန်လည်မျှဝေလိုက်ရပါတယ်။
We Check
We Check Community
Zawgyi
We Check
We Check Community