လူတော်တော်များများဟာ ရည်မှန်းချက်အသစ် (ဒါမှမဟုတ်) စိန်ခေါ်မှုအသစ်တစ်ခုခုကို အခါအား လျော်စွာ ချမှတ်အကောင်အထည်ဖော်လေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း မအောင်မြင်ဘဲ ကျရှုံးမှုနဲ့ အဆုံးသတ် ရလေ့ရှိတာ များနေပြန်တယ်။
အဲဒီအခါ တော်တော်များများ ပြောတတ်ကြတာက ဒီအချိန်မှာ ငါ အဆင်သင့်ဖြစ် မနေသေးလို့ပါ။ နောက်တစ်ပတ်၊ နောက်တစ်လ၊ နောက်တစ်နှစ်ကျရင် အောင်မြင်အောင် ပြန်လုပ်မယ်တဲ့။ ဒါ ပေမယ့် ဘာမှ ထပ်ပြီး အကောင်အထည်မပေါ်လာခဲ့ကြပါဘူး။
ကျွန်တော်တို့ဟာ အစပိုင်းမှာ ဇွဲနဘဲကောင်းကောင်းနဲ့ အကောင်အထည်ဖော်လေ့ရှိကြပေမယ့် အနည်း ငယ်လောက် ကြိုးပမ်းအားထုတ်ပြီးရင်တော့ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ လုံလောက်ပြီလို့ ထင်တတ်သွား ကြတယ်။ အဲဒီလိုနဲ့ပဲ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေအကောင်အထည်ဖော်နိုင်ဖို့ တဖြည်းဖြည်း တုံ့နှေးသွား ကြရတော့တာပါပဲ။
ဘာကြောင့် ဒီလိုဖြစ်ရသလဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ မြန်မြန်နဲ့ များများ လိုချင်လို့ပါပဲ။ ဆို လိုတာက အချိန်တိုအတွင်းမှာ ရည်မှန်းချက်ကို အကောင်အထည်ဖော်ချင်မိကြလို့ပါ။ တာဝန်အသစ်တွေကို ထမ်းဆောင်ဖို့ အားနည်းကျလို့ပါ။ အကျင့်ဟောင်းတွေကို ပြင်ဖို့ ခက်ခဲသလို အကျင့်အသစ်တွေ မွေးမြူဖို့ ခက်ခဲ ကြလို့ပါပဲ။
ခိုင်ဇံ (သို့မဟုတ်) တစ်မိနစ်သဘောတရား
ဂျပန်လူမျိုးတွေမှာ ခိုင်ဇံလို့ ခေါ်တဲ့ အလေ့အထတစ်ခုရှိပါတယ်။ တစ်မိနစ်သဘောတရားလို့လဲ ခေါ် ကြတယ်။ ဒီအလေ့အထရဲ့ အဓိကအနှစ်သာရကတော့ နေ့စဉ်နေ့တိုင်း သတ်မှတ်ထားတဲ့ အချိန်အတိအကျမှာ ကိုယ်လေ့လာသင်ယူချင်တဲ့အရာ (ဒါမှမဟုတ်) ကိုယ်လုပ်ချင်တဲ့အရာကို တစ်မိနစ်တည်းသာ လုပ်ဖို့ပါပဲ။
သေ ချာတာကတော့ ဘယ်လိုလူမျိုးအတွက်မဆို ဒီလိုလုပ်ဖို့ လွယ်ကူပြီး အရမ်းပျင်းတဲ့လူတွေတောင် တစ်မိနစ် တော့ လုပ်နိုင်ကြတာချည်းပါပဲ။ နေ့စဉ်နေ့တိုင်းမှာ တစ်စုံတစ်ခုကို တစ်နာရီ၊ နာရီဝက် စသဖြင့်လုပ်ဖို့ အခက်အ ခဲရှိနိုင်ပေမယ့် စက္ကန့်(၆၀)လောက်ပဲ လုပ်တဲ့အခါ ဘာအမှားမှမဖြစ်ဘဲ အာရုံစူးစိုက်နိုင်ဖို့ သေချာပါတယ်။
သည်လိုလုပ်ရင်းနဲ့ အရင်က ကျွန်တော်တို့အနေနဲ့ နှစ်သက်ဖွယ်ကောင်းမယ်လို့ မထင်ခဲ့တဲ့ အလုပ်တွေ ဟာ ကျွန်တော်တို့အတွက် ပျော်ရွှင်မှုနဲ့ စိတ်ကျေနပ်မှုတွေ ဖြစ်ပေါ်လာစေကြောင်း တွေ့လာရမှာပါ။ ဒီလိုနဲ့ အချိန်နည်းနည်းချင်းစီတိုးသွားလိုက်ရင် ပြည့်စုံတဲ့ လမ်းကြောင်းပေါ်ကို ရောက်ရှိလာမှာဖြစ်ပြီး ရလာဒ်ကောင်း တွေရအောင် စွမ်းဆောင်လာနိုင်ကြမှာလဲ ဖြစ်ပါတယ်။
တစ်မိနစ်သဘောတရားဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အစွမ်းအစတွေအပေါ် ကျွန်တော်တို့ကိုယ်တိုင် မယုံကြည်ဖြစ်နေမှုအပေါ် အနိုင်ယူလိုက်ပြီး မလုံမလဲဖြစ်မှုတွေ၊ အကူအညီကင်းမဲ့သလို ခံစားနေရမှုတွေထံမှ ကျွန်တော်တို့ကို လွတ်မြောက်စေမှာ ဖြစ်ပါတယ်။
အဲဒီလိုခံစားလာရပြီဆိုရင် ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အချိန်တစ်မိနစ်ကနေ နည်းနည်းချင်းစီတိုးလို့ရပါပြီ။ ဒါပေမယ့် အစပိုင်းမှာ ငါးမိနစ်ခန့်သာ တိုးသွားဖို့ လိုပြီး နောက်ပိုင်းကျမှသာ နာရီဝက်၊ တစ်နာရီ စသဖြင့် တိုးသွားရမှာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ တစ်မိနစ်သဘောတရား ရဲ့ တိုးတက်မှုအခြေအနေကို ကျွန်တော်တို့မျက်စိရှေ့မှာတင် တွေ့မြင်လာရမှာပါ။
ကျွန်တော်တို့လိုအပ်တာက ကျွန်တော်တို့ဘာလိုချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသဘောပေါက် ဖို့ပါပဲ။ အဲဒီနောက်မှာတော့ ခိုင်ဇံသဘောတရားကို အသုံးပြုပြီး လိုချင်တာရအောင် လုပ်နိုင်ကြပြီဖြစ်ပါတယ်။
https://brightside.me/article/a-japanese-technique-for-overcoming-laziness-11255/ ကို ဆီလျော် သလို ဘာသာပြန်ပါတယ်။
မင်းအရိပ် (ရောင်စုံအခန်းငယ်)
လူေတာ္ေတာ္မ်ားမ်ားဟာ ရည္မွန္းခ်က္အသစ္ (ဒါမွမဟုတ္) စိန္ေခၚမႈအသစ္တစ္ခုခုကို အခါအား ေလ်ာ္စြာ ခ်မွတ္အေကာင္အထည္ေဖာ္ေလ့ရွိၾကပါတယ္။ ဒါေပမယ့္လည္း မေအာင္ျမင္ဘဲ က်ရႈံးမႈနဲ႔ အဆုံးသတ္ ရေလ့ရွိတာ မ်ားေနျပန္တယ္။
အဲဒီအခါ ေတာ္ေတာ္မ်ားမ်ား ေျပာတတ္ၾကတာက ဒီအခ်ိန္မွာ ငါ အဆင္သင့္ျဖစ္ မေနေသးလို႔ပါ။ ေနာက္တစ္ပတ္၊ ေနာက္တစ္လ၊ ေနာက္တစ္ႏွစ္က်ရင္ ေအာင္ျမင္ေအာင္ ျပန္လုပ္မယ္တဲ့။ ဒါ ေပမယ့္ ဘာမွ ထပ္ၿပီး အေကာင္အထည္မေပၚလာခဲ့ၾကပါဘူး။
ကြၽန္ေတာ္တို႔ဟာ အစပိုင္းမွာ ဇြဲနဘဲေကာင္းေကာင္းနဲ႔ အေကာင္အထည္ေဖာ္ေလ့ရွိၾကေပမယ့္ အနည္း ငယ္ေလာက္ ႀကိဳးပမ္းအားထုတ္ၿပီးရင္ေတာ့ ကြၽန္ေတာ္တို႔ကိုယ္ ကြၽန္ေတာ္တို႔ လုံေလာက္ၿပီလို႔ ထင္တတ္သြား ၾကတယ္။ အဲဒီလိုနဲ႔ပဲ ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ေတြအေကာင္အထည္ေဖာ္ႏိုင္ဖို႔ တျဖည္းျဖည္း တုံ႔ေႏွးသြား ၾကရေတာ့တာပါပဲ။
ဘာေၾကာင့္ ဒီလိုျဖစ္ရသလဲ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ဟာ ျမန္ျမန္နဲ႔ မ်ားမ်ား လိုခ်င္လို႔ပါပဲ။ ဆို လိုတာက အခ်ိန္တိုအတြင္းမွာ ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ခ်င္မိၾကလို႔ပါ။ တာဝန္အသစ္ေတြကို ထမ္းေဆာင္ဖို႔ အားနည္းက်လို႔ပါ။ အက်င့္ေဟာင္းေတြကို ျပင္ဖို႔ ခက္ခဲသလို အက်င့္အသစ္ေတြ ေမြးျမဴဖို႔ ခက္ခဲ ၾကလို႔ပါပဲ။
ခိုင္ဇံ (သို႔မဟုတ္) တစ္မိနစ္သေဘာတရား
ဂ်ပန္လူမ်ိဳးေတြမွာ ခိုင္ဇံလို႔ ေခၚတဲ့ အေလ့အထတစ္ခုရွိပါတယ္။ တစ္မိနစ္သေဘာတရားလို႔လဲ ေခၚ ၾကတယ္။ ဒီအေလ့အထရဲ႕ အဓိကအႏွစ္သာရကေတာ့ ေန႔စဥ္ေန႔တိုင္း သတ္မွတ္ထားတဲ့ အခ်ိန္အတိအက်မွာ ကိုယ္ေလ့လာသင္ယူခ်င္တဲ့အရာ (ဒါမွမဟုတ္) ကိုယ္လုပ္ခ်င္တဲ့အရာကို တစ္မိနစ္တည္းသာ လုပ္ဖို႔ပါပဲ။
ေသ ခ်ာတာကေတာ့ ဘယ္လိုလူမ်ိဳးအတြက္မဆို ဒီလိုလုပ္ဖို႔ လြယ္ကူၿပီး အရမ္းပ်င္းတဲ့လူေတြေတာင္ တစ္မိနစ္ ေတာ့ လုပ္ႏိုင္ၾကတာခ်ည္းပါပဲ။ ေန႔စဥ္ေန႔တိုင္းမွာ တစ္စုံတစ္ခုကို တစ္နာရီ၊ နာရီဝက္ စသျဖင့္လုပ္ဖို႔ အခက္အ ခဲရွိႏိုင္ေပမယ့္ စကၠန႔္(၆၀)ေလာက္ပဲ လုပ္တဲ့အခါ ဘာအမွားမွမျဖစ္ဘဲ အာ႐ုံစူးစိုက္ႏိုင္ဖို႔ ေသခ်ာပါတယ္။
သည္လိုလုပ္ရင္းနဲ႔ အရင္က ကြၽန္ေတာ္တို႔အေနနဲ႔ ႏွစ္သက္ဖြယ္ေကာင္းမယ္လို႔ မထင္ခဲ့တဲ့ အလုပ္ေတြ ဟာ ကြၽန္ေတာ္တို႔အတြက္ ေပ်ာ္႐ႊင္မႈနဲ႔ စိတ္ေက်နပ္မႈေတြ ျဖစ္ေပၚလာေစေၾကာင္း ေတြ႕လာရမွာပါ။ ဒီလိုနဲ႔ အခ်ိန္နည္းနည္းခ်င္းစီတိုးသြားလိုက္ရင္ ျပည့္စုံတဲ့ လမ္းေၾကာင္းေပၚကို ေရာက္ရွိလာမွာျဖစ္ၿပီး ရလာဒ္ေကာင္း ေတြရေအာင္ စြမ္းေဆာင္လာႏိုင္ၾကမွာလဲ ျဖစ္ပါတယ္။
တစ္မိနစ္သေဘာတရားဟာ ကြၽန္ေတာ္တို႔ရဲ႕ ကိုယ္ပိုင္အစြမ္းအစေတြအေပၚ ကြၽန္ေတာ္တို႔ကိုယ္တိုင္ မယုံၾကည္ျဖစ္ေနမႈအေပၚ အႏိုင္ယူလိုက္ၿပီး မလုံမလဲျဖစ္မႈေတြ၊ အကူအညီကင္းမဲ့သလို ခံစားေနရမႈေတြထံမွ ကြၽန္ေတာ္တို႔ကို လြတ္ေျမာက္ေစမွာ ျဖစ္ပါတယ္။
အဲဒီလိုခံစားလာရၿပီဆိုရင္ ကြၽန္ေတာ္တို႔ သတ္မွတ္ထားတဲ့ အခ်ိန္တစ္မိနစ္ကေန နည္းနည္းခ်င္းစီတိုးလို႔ရပါၿပီ။ ဒါေပမယ့္ အစပိုင္းမွာ ငါးမိနစ္ခန႔္သာ တိုးသြားဖို႔ လိုၿပီး ေနာက္ပိုင္းက်မွသာ နာရီဝက္၊ တစ္နာရီ စသျဖင့္ တိုးသြားရမွာျဖစ္ပါတယ္။ ဒီလိုနည္းနဲ႔ တစ္မိနစ္သေဘာတရား ရဲ႕ တိုးတက္မႈအေျခအေနကို ကြၽန္ေတာ္တို႔မ်က္စိေရွ႕မွာတင္ ေတြ႕ျမင္လာရမွာပါ။
ကြၽန္ေတာ္တို႔လိုအပ္တာက ကြၽန္ေတာ္တို႔ဘာလိုခ်င္တယ္ဆိုတာကို ရွင္းရွင္းလင္းလင္းသေဘာေပါက္ ဖို႔ပါပဲ။ အဲဒီေနာက္မွာေတာ့ ခိုင္ဇံသေဘာတရားကို အသုံးျပဳၿပီး လိုခ်င္တာရေအာင္ လုပ္ႏိုင္ၾကၿပီျဖစ္ပါတယ္။
https://brightside.me/article/a-japanese-technique-for-overcoming-laziness-11255/ ကို ဆီေလ်ာ္ သလို ဘာသာျပန္ပါတယ္။
မင္းအရိပ္ (ေရာင္စုံအခန္းငယ္)