#သိန်းမောင်မောင်
လေးစားပါတယ်
CREDIT
Unicode
ပုံတင်ကောင်းတဲ့ “မမ,ညီမ”များအတွက် ပေးစာ
မမ နဲ့ ညီမလေးများFbဆိုတာ သုံးတတ်ရင် အကျိုး ဖြစ်မယ် မသုံးတတ်ရင် အကျိုးနဲ့မယ်အဆုံးမှာတော့ မမတို့ ညီမ တို့ အတွက် အန္တရယ် စက်ကွင်းကြီး ဖြစ်လာမယ် တချို့သော မိန်းကလေး တွေက သုံးတော့ သုံးကြတာပဲ ဘာအကျိုးမှ မရှိမေးစရာပေါ့လေ….
သူတို့ကိုယ်တိုင်က ဘာကြောင့် fb ဆိုတာ ပေါ်လာတာလဲ မသိတော့ခေတ်လိုက်လို့ဆိုရမလား ခေတ်ပျက်လို့ ဆိုရမလားတင်လိုက်တဲ့ ပုံအလန်းဇယားတွေ ဘာအကျိုးမှ မရှိလိုင်းပေါ် ပုံရိုက်တင်လို့ရော နိုင်ငံကျော် သွားမှာတဲ့လားမဟုတ်မမှန်တဲ့ စိတ်ကူးတွေကို မသယ်ဆောင်လာပါနဲ့လား မမတို့ ညီမတို့ရယ်
Like in comment တစ်ထောင်ပြည့်အောင် ပုံလှတွေ တင်တာလားလိုင်းပေါ်မှာ လူကောင်းတွေက ခပ်နည်းနည်းရယ် သတိရှိမှပေါ့မမတို့ ညီမတို့ ပုံတင်မှတော့မောင်မောင်တို့လို့ ယောကျာ်းတွေက ချစ်တယ်ပြောမယ် လှတယ်ပြောမယ် သားပြော မယားပြော ပြောလာကြမယ်ဒါကမဆန်းပါဘူး တင်သူရှိလို့ ပြောသူရှိတာပေါ့
တင်ပါ မတင်နဲ့လို့ မဆိုလိုပါဘူးတစ်ခါတလေ ခရီးသွားခိုက် အမှတ်တရလေးတွေ အဖြစ်တစ်ခါတလေ မိသားစု ဆုံတုန်းလေး အမှတ်တရအဖြစ်ဒါတွေက မည်သူမဆို လက်ခံလို ရပါတယ်။
မိန်းကလေးမှန်ရင် ကိုယ်အလှကို ကိုယ် ရုပ်လုံး ပေါ်အောင် ထုပ်ပြနေစရာ မလိုပါဘူးမိန်းကလေးမှန်ရင် တူတူပဲ ဘယ်မိန်းကလေးမှာမှ အပိုမပါလာဘူး။
သိထားရမှာက ကိုယ့်ပုံကို တင်ပြီးကြွာရလောက်အောင် မင်းသမီးလည်း မဟုတ်ဘူးဆိုတာရင်လေးတာတော့အမှန်ပဲ ခေတ်ပျက်လာတော့ မမတို့ ညီမတို့ အတွေးလေးတွေ ပျက်စီးသွားမှာကို မမ တို့ ညီမလေး တို့ရယ်
Fb ကို အပျော်သုံးရင် အလိမ်ညာတွေ ရောက်လာမယ် Fbကို အတည်သုံးရင် ဗဟုသုတ တွေ ရသွားမယ် Fbကို ပေါ့ပျက်ပျက် သုံးရင် ဘဝပါ ပျက်သွားလိမ့်မယ်
ထမက်းစာလဲ ပုံတင် မုန့်စားလည်းပုံတင် သွားလည်းတင် ထိုင်လည်းတင် အိပ်လည်းတင် အတင်အမျိုးပေါင်းစုံတော့ မဖြစ်စေချင် ပုံတင်ကောင်းတဲ့ မိန်းကလေးတစ်ယောက်ကို လာခင်သူကလည်း ရိုးသားသူ မရှိသလောက် ရှားနေလိမ့်မယ်
ဒါကြောင့် တင်တော့ တင်ပါအတင် ကောင်းတာနဲ့ အတင်မကောင်းတာ ခွဲခြား သိမြင်ဖို့ လိုမယ် တွေ့တိုင်း မြင်တိုင်းသာ ပြောရမယ်ဆိုရင် အဆုံးကို ရှာတွေမှာမဟုတ်ပါဘူးကျွန်နော်က မြင်ရင် ပြောရမှ ကျေနပ်တဲ့ သူဆိုတော့ ကွယ်ရာမှာ မနေတတ်တာ အကျင့်လေရှေ့ထွက် ပြောရမှ ကျေနပ်တာ ခုလိုပြောမိလို့ မုန်းချင် မုန်းကြပါစေ
အခါတစ်ရာ အမုန်းခံလိုက်မယ်ပြောသင့်လို့ ပြောပါရစေ
မေတ္တာ စေတနာ များစွာဖြင့်
#သိန်းမောင်မောင်
လေးစားပါတယ်
CREDIT