က်မၼာေရး ဗဟုသုတ

အမ်ိဳးသမီးေတြ ဓမၼတာလာစဥ္ နာက်င္ကိုက္ခဲေနလွ်င္…

အမျိုးသမီးလေးတွေ လစဉ်ကြုံတွေ့ရတဲ့ ဓမ္မတာဖြစ်စဉ်မှာ ခံစားရတဲ့ နာကျင်မှုတွေကိုသက်သာစေဖို့ နည်းလမ်းအမျိုးမျိုးသုံးကြပေမယ့် နှိပ်နယ်တဲ့နည်းလေးတွေကိုတော့ လူသိနည်းပါတယ်။

ခန္ဓာကိုယ်ရဲ့တချို့နေရာလေးတွေကို နှိပ်နယ်ပေးရင် ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲမှုတွေကိုသက်သာစေနိုင်ပါတယ်။

အကိုက်အခဲပျောက်ဆေးတွေကို အမြဲတမ်းသောက်ရင်မကောင်းဘူးဆိုတာသိပေမယ့် အကိုက်အခဲပျောက်ဆေးမသောက်ရင်လည်း နာကျင်ကိုက်ခဲမှုတွေက မသက်သာဘူးဆိုတဲ့ ပျိုမေတို့ ဒီနှိပ်နည်းလေးတွေကို လုပ်ကြည့်လိုက်ပါနော်။

(၁) ခါးနောက်နေရာ

အိပ်ရာမှာလဲအိပ်ပြီး ခါးအောက်ထဲလက်ထည့်ပြီး ပုံမှာအနီစက်လေးတွေပြထားတဲ့နေရာလေးတွေကို ဖြည်းဖြည်းလေးနှိပ်ပေးတာက သားအိမ်မှာတင်းကြပ်နေတာတွေကို ပြေလျော့စေတာကြောင့် နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။

ဒါ့အပြင် ခါးနာတာနဲ့ အထိုင်များလို့ ညောင်းညာတာကိုပါ သက်သာစေပါတယ်။

(၂) လည်ပင်းအနောက်နေရာ

လည်ပင်းနောက်က အနီစက်လေးတွေပြထားတဲ့နေရာကို နေ့တိုင်းမိနစ်အနည်းငယ်နှိပ်ပေးရုံနဲ့ ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲမှုများကို သက်သာစေပြီး လည်ပင်းနဲ့ မျက်လုံးညောင်းညာတာကို သက်သာစေနိုင်ပါတယ်။

(၃) ခြေဖမိုး

ဒီနေရာကိုနေ့စဉ်မိနစ်အနည်းငယ်လောက်နှိပ်ပေးမယ်ဆိုရင် နာကျင်ကိုက်ခဲမှုတွေကိုသက်သာစေပြီး မှတ်ဉာဏ်ကိုလည်းတိုးတက်စေနိုင်ပါတယ်။

(၄) ခြေကျင်းဝတ်အထက်အတွင်းပိုင်းနေရာ

ခြေထောက်အတွင်းဘက် ခြေကျင်းဝတ်အပေါ်နားက နေရာလေးကို လက်မလေးနဲ့ဖြည်းဖြည်းလေးဖိနှိပ်ပေးမယ်ဆိုရင် ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုတွေကိုသက်သာစေပြီး ညအိပ်မပျော်တာကိုပါ အိပ်ပျော်သွားစေပါတယ်။ ကိုယ်ဝန်ရှိတဲ့သူတွေတော့ ဒီနေရာကိုမနှိပ်ပေးသင့်ပါဘူး။

(၅) လက်ဖမိုး

လက်ဖမိုးပေါ်က အနီစက်ပြထားတဲ့နေရာကို အချိန်အနည်းငယ်လောက်နှိပ်ပေးမယ်ဆိုရင် ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲမှုတွေအပြင် ပင်ပန်းနွမ်းနယ်မှုတွေကိုပါပြေပျောက်စေနိုင်ပါတယ်။

MAY THAZINHTOO

Zawgyi

အမ်ိဳးသမီးေလးေတြ လစဥ္ႀကဳံေတြ႕ရတဲ့ ဓမၼတာျဖစ္စဥ္မွာ ခံစားရတဲ့ နာက်င္မႈေတြကိုသက္သာေစဖို႔ နည္းလမ္းအမ်ိဳးမ်ိဳးသုံးၾကေပမယ့္ ႏွိပ္နယ္တဲ့နည္းေလးေတြကိုေတာ့ လူသိနည္းပါတယ္။

ခႏၶာကိုယ္ရဲ႕တခ်ိဳ႕ေနရာေလးေတြကို ႏွိပ္နယ္ေပးရင္ ဓမၼတာလာစဥ္နာက်င္ကိုက္ခဲမႈေတြကိုသက္သာေစႏိုင္ပါတယ္။

အကိုက္အခဲေပ်ာက္ေဆးေတြကို အၿမဲတမ္းေသာက္ရင္မေကာင္းဘူးဆိုတာသိေပမယ့္ အကိုက္အခဲေပ်ာက္ေဆးမေသာက္ရင္လည္း နာက်င္ကိုက္ခဲမႈေတြက မသက္သာဘူးဆိုတဲ့ ပ်ိဳေမတို႔ ဒီႏွိပ္နည္းေလးေတြကို လုပ္ၾကည့္လိုက္ပါေနာ္။

(၁) ခါးေနာက္ေနရာ

အိပ္ရာမွာလဲအိပ္ၿပီး ခါးေအာက္ထဲလက္ထည့္ၿပီး ပုံမွာအနီစက္ေလးေတြျပထားတဲ့ေနရာေလးေတြကို ျဖည္းျဖည္းေလးႏွိပ္ေပးတာက သားအိမ္မွာတင္းၾကပ္ေနတာေတြကို ေျပေလ်ာ့ေစတာေၾကာင့္ နာက်င္ကိုက္ခဲမႈေတြကို သက္သာေစပါတယ္။

ဒါ့အျပင္ ခါးနာတာနဲ႔ အထိုင္မ်ားလို႔ ေညာင္းညာတာကိုပါ သက္သာေစပါတယ္။

(၂) လည္ပင္းအေနာက္ေနရာ

လည္ပင္းေနာက္က အနီစက္ေလးေတြျပထားတဲ့ေနရာကို ေန႔တိုင္းမိနစ္အနည္းငယ္ႏွိပ္ေပး႐ုံနဲ႔ ဓမၼတာလာစဥ္နာက်င္ကိုက္ခဲမႈမ်ားကို သက္သာေစၿပီး လည္ပင္းနဲ႔ မ်က္လုံးေညာင္းညာတာကို သက္သာေစႏိုင္ပါတယ္။

(၃) ေျခဖမိုး

ဒီေနရာကိုေန႔စဥ္မိနစ္အနည္းငယ္ေလာက္ႏွိပ္ေပးမယ္ဆိုရင္ နာက်င္ကိုက္ခဲမႈေတြကိုသက္သာေစၿပီး မွတ္ဉာဏ္ကိုလည္းတိုးတက္ေစႏိုင္ပါတယ္။

(၄) ေျခက်င္းဝတ္အထက္အတြင္းပိုင္းေနရာ

ေျခေထာက္အတြင္းဘက္ ေျခက်င္းဝတ္အေပၚနားက ေနရာေလးကို လက္မေလးနဲ႔ျဖည္းျဖည္းေလးဖိႏွိပ္ေပးမယ္ဆိုရင္ ဓမၼတာလာစဥ္ နာက်င္ကိုက္ခဲမႈေတြကိုသက္သာေစၿပီး ညအိပ္မေပ်ာ္တာကိုပါ အိပ္ေပ်ာ္သြားေစပါတယ္။ ကိုယ္ဝန္ရွိတဲ့သူေတြေတာ့ ဒီေနရာကိုမႏွိပ္ေပးသင့္ပါဘူး။

(၅) လက္ဖမိုး

လက္ဖမိုးေပၚက အနီစက္ျပထားတဲ့ေနရာကို အခ်ိန္အနည္းငယ္ေလာက္ႏွိပ္ေပးမယ္ဆိုရင္ ဓမၼတာလာစဥ္နာက်င္ကိုက္ခဲမႈေတြအျပင္ ပင္ပန္းႏြမ္းနယ္မႈေတြကိုပါေျပေပ်ာက္ေစႏိုင္ပါတယ္။

MAY THAZINHTOO