က်မၼာေရး ဗဟုသုတ
ရေဖျဉ််းရောဂါကို သက်သာပျောက်ကင်းစေတဲ့ မြန်မာဆေးနည်း..
ရေဖျဉ််းရောဂါပျောက်ဆေးတွင် ပါဝင်ပစ္စည်းများ – ငုဝါရွက်(ခ)ဖွားဖက်ရွက် [၂၅ ]ကျပ်သား။ သင်္ဘောမဲဇလီ(ခ)ပွေးကိုင်းရွက် [၂၅]ကျပ်သား။ သက်ရင်းကြီးရွက်် [၂၅ ] ကျပ်သား။ မန်ကျည်းသီးမှည့် [၂၅] ကျပ်သား။ ထန်းလျက်စစ်စစ်[၂၅] ကျပ်သား။ အရွက်များခူးလျှင်…ဆေးအချိန် [၂၅]ကျပ်သားစီခူးသည့်အခါဆေးအချိန်မှန်အောင် မနက်ခူးလျင်တမနက်တည်း၊ ညနေခူးလျင်တစ်ညနေတည်းအပြီးခူးရမည်။ ထို့နောက် ရေစင်အောင်ဆေး မြေအိုးထဲထည့်ပြီး ရေသုံးပိဿာနှင့် သုံးခွက်တစ်ခွက်တင် ကျန်အောင်ကျိုပြီးအရည်စစ်အအေးခံထားပါ။
စကျိုသည့်အချိန်တွင် ထန်းလျက်နှင့်မန်ကျည်းမှည့်ကို ရေမြုပ်ရုံထည့်စိမ်ထားပါ..။ အအေးခံထားသော ဆေးရည်ထဲထန်းလျက်နှင့်မန်ကျည်းမှည့်စိမ်ရည် ကိုမစစ်ပဲထည့်၍ရောစပ်မွေပေးပါ။သုံးရက်အတွင်းတတ်နိုင်သလောက်သောက်ပ..ါ။ သတိပြုရန် မဲဇလီရွက်သည်အဆိပ်ဖြစ်တတ်သဖြင့်သုံးရက်ကျော်လျင် သွန်၍အသစ်ကျိုချက်သောက်ပါ။ ဆေးသောက်နေစဉ်အတွင်း BPI ဆီးဆေးကို နှစ်ရက်တစ်ကြိမ်ထိုးပါ။သုံးလေးကြိမ်သောက်လျင်ရောဂါပျောက်ပါသည်။
Credit – ဦးစံသိန်း ဗောဓိလမ်း ၊ပင်လုံ
[zawgyi]
Credit -ဦးစံသိန်း ဗောဓိလမ်း ၊ပင်လုံ