သက်သာပျောက်ကင်းစေသောကုသနည်းများ တတ်နိုင်သမျှ စုစည်းထားပါသည်။ကလေး၊လူကြီး၊လူငယ်မရွေးဖြစ်တတ်ကြပြီး၊ မိဘမျိုးရိုးကြောင့်လည်းဖြစ်တတ်သည်။ညအချိန် မတော်နှင့် လင်းအားကြီးချိန်တို့တွင် ရောဂါထလေ့ရှိ၏။ ချွေးစေးများထွက်ပြီးအ သံထွက်၍ အ သက် ရှူကျပ်ခြင်းဖြစ်သည်..။ ခံစားရသူရော၊ကြည့်ရသူပါ စိတ်ညစ်ဖွယ်ရာဖြစ်သည်။
သတိပြုရန် – စူးရှသော ရနံ့များ၊အေးသောဆောင်းရာ သီလေနှင့် ဆေးလိပ်၊ မီးခိုးနံ့တို့ကို အထူးရှောင် ရှားသတိပြုရသည်။မြန်မာနည်းမြန်မာဟန် – (၁) နှမ်းဆီစစ်စစ်ထဲသို့ လေနှင်းဆီလေးတစ်စက်နှစ်စက်ချပြီး ပန်းနာထသူ၏ ကိုယ်ခန္ဓာအနှံ ဖိသိပ်လိမ်းကျံပေးရသည်..။(၂) ဂျင်း၊ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ငရုတ်ကောင်းကို ဆားနှင့်ထောင်းပြီး သံပုရာရည်လေးညှစ်ပြီး ထမင်းဖြင့် ကျွေးရသည်။(၃) ရေဖလားတစ်လုံးစာတွင်သဖန်းသီးခြောက်(၅)လုံး လောက်ကို ကျောက် ချဉ်(၁)ပဲသားစိမ်ထားပြီး ထိုစိမ်ရည်ကို ညတိုင်းတိုက်ရသည်။ထိုသို့ပြုခြင်းဖြင့် ချွဲသလိပ်များ
ပျော်ဆင်းစေပါသည်။(၄) အချို့ ပန်းနာသမားများ က ဖန်ခါးသီးမှုန့်နှင့် ဆီးဖြူသီး မှုန့်များ ကိုဆောင်ထားကြပြီး ပန်းနာထသည်နှင့် ဖန်ခါးသီး၊ဆီးဖြူသီး လက်ဖက်စားဇွန်း(၁)ဇွန်းစီဖြင့် ပျားရည်တစ်ဇွန်းနေ့စဉ်သောက်ပေးစေခြင်းဖြစ်သည်။(၅) ကျွဲနှာခေါင်းချိတ်ပင်ကို ပန်းနာသမားများ ရုက္ခမူဆားချက်ထား တတ်ကြပြီး ပျား ရည်တစ်ဇွန်းနှင့်ရုက္ခမူဆားလက်ဖက်စားဇွန်း ဇွန်း၀က်မျှ နေစဉ်သောက်၍ ပန်းနာအပြီးပျောက်သည်များလည်းရှိပါသည်..။(၆) ကင်းပုံသီး ပဉ္စ(၅)ပါးအား သတ္တုရည်ညှစ်ပြီးနေ့စဉ်သောက်ပေးပါကပန်းနာရင်ကျပ်အမြစ်ပြတ်
ကြောင်းဆိုပါသည်။(၇) နတ်ဆေးဂမုန်းပင်၏ ပဉ္စ(၅)ပါးအား အခြောက်လှန်းအမှုန့်ကြိတ်ပြီးပျားရည်နှင့်တေ၍ စားပေးပါက ပန်းနာရောဂါအမြစ်ပြတ်သည်လည်းဆိုသည်။နတ်ဆေး ဂမုန်းပင်သည် ချင်းပြည်နယ်နာဂတောင်တန်း ဖက်တွင်ရှိသည်ဆိုပါသည်။(၈) ပဲစဉ်းငုံအားတစ်နေ့ လက်ဖက်ရည်(၁)အကြမ်းပန်း ကန်လုံး(၁)လုံးနေ့စဉ်ပြုတ်ပြီး ပဲဟင်းချက်စားပါကလည်း ဘာဆေးမျှသောက်စရာမလို ပန်းနာအမြစ်ပြတ် သက်သာပျောက်ကင်းသည်လည်း ညွှန်းပါသည်။
(၉) ပင်စိမ်းမွှေးရွက်နှင့် ဒန့်ဒလွန်ရွက်လက်တစ်ဆုပ်ကို ထုထောင်းချေမွသတ္တုရည်ရပါက ဆားအနည်းငယ် ထည့်ပြီး နေ့စဉ်ထမင်းစားဇွန်းတစ်ဇွန်းတိုက်ပေးပါက ပန်းနာသက်သာပျောက်ကင်းစေသည်ဆိုစသည်။(၁၀) ကွမ်းရွက်ကို ချေပြီး ချောသောမျှက်နျာစာဖက်က ရင်ဘတ်ကို အမြဲ ကပ်ပေးခြင်းဖြင့် အမောမဖေါက် အသက်ရှူ၀၀ဖြင့်လည်း ပန်းနာကို ပျောက်ကင်းသက်သာစေပါသည်။(၁၁) အိမ်သုံးဆား(၁)ဇွန်း၊ဓာတ်ဆီ(၁)ဇွန်းကို ပေါင်းစပ်ပြီးမီးရှို့ရပါသည်။ဓာတ်ဆီကုန်ပြီးအထိရှို့ရပြီး ကျန်သောဆားကို နေ့စဉ် လက်ဖက်စားဇွန်း
တစ်ဇွန်းမျှ သံပုရာသီးတစ်စိတ်ညှစ်ပြီးသောက်ပေးပါက အမြစ်ပြတ်သက်သာပျောက်ကင်းစေသည်လည်း ရှိသည်။(၁၂) စပျစ်သီးပုံမှန်စားပေးခြင်း၊ စပျစ်သီးခြောက်မှုန့်ကို လက်ဖက်စားဇွန်း(၁)ဇွန်းမျှ နေ့စဉ်စားပေးပါက လည်း ပန်းနာရောဂါသက်သာပျောက် ကင်းစေ သည်ဆိုပါ သည်။(၁၃) ကန်းစွန်းဥတစ်ပတ်နှစ်ကြိမ်စားပေးခြင်းဖြင့် ဆေးလိပ်မဖြတ်နိုင်သူတို့အဆုပ်ရောဂါနှင့်ပတ်သက်ပြီးလျော့ကျစေကာ ပန်နာရောဂါကိုလည်း ကာကွယ်ပေးနိုင်သည်ဟုလည်းဆိုပါသည်။(၁၄) အရက်ဦးရည်၊ရှောက်ရည်၊ပျားရည် ဆတူရောစပ်ပြီး
နေ့စဉ်ထမင်းစားဇွန်း တစ်ဇွန်းမျှ တစ်နေ့နှစ်ကြိမ် သောက်ပေးပါကပန်းနာရောဂါ သက်သာပျောက်ကင်းစေ၏။(၁၅)ပျားရည်၊ရှောက်ရည်၊ဇ၀က်သား ဆတူရောစပ်ပြီးနေ့စဉ် လက် ဖက်စားဇွန်း(၁)ဇွန်းလျက်ပေးပါကလည်း ပန်းနာရောဂါပျောက်ကင်းသက်သာစေသည်။(၁၆)ပွေးမယ်ဇလီရွက်ကိုခူးပြီး ဆားနယ်ကာ အရည်ညှစ်ပြီး အရက်ဦးရည်ဆတူရောပေးပါ ထိုဆေးရည်ကို ပွတ်ပွတ်ဆူနေသောရေနွေးအိုးထဲ ဆေးစပ်ထားသောပန်းကန်းအတိုင်းထည့်လိုက်ပြီ..း အဖုံးအုပ်ထားရပြီး။ဆေးပူချိန်တွင် ဟင်းစားဇွန်းဖြင့် (၁)ဇွန်း တစ်နေ့နှစ်ကြိမ် သောက်ပေးပါက(၁၅)ရက်သောက်ပြီး သည်နှင့် အသားအ ရည်သန့်ရှင်းစေကာ ပန်းနာအမြစ်အမှန်ပင်ပြတ်ကြောင်းဆိုပါသည်။(၁၇) ကြောင်ရှာသီးနှင့်ကြက်သားဓာတ်စာ အဖြစ်ချက်
စားပေးပါက ပန်းနာရောဂါ သက်သာပျောက်ကင်းစေပါသည်။(၁၈) ကြောင်သားနှင့် သင်္ဘောသီးစိမ်း ပန်းနာဓာတ်စာအဖြစ်ချက်ကျွေးပါကလည်း ပန်းနာသက်သာပျောက်ကင်းစေသည်ဆိုသည်။များစွာသော မြန်မာရိုးရာတိုင်းရင်းဆေးနည်းများ ရှိနေပါလိမ့်မည်။ လူသားချင်းတူကြသောလည်း သွေးသားသဘာ၀ချင်းမတူကြ၍ ပျောက်ကင်းသက်သာ စေသည့် ဆေးနည်းလမ်းလည်းတူမည်မဟုတ်ပါ။တစ်ခုမဟုတ်တစ်ခုဟုတ်စွာ.. သက် သာပျောက်ကင်းပါက အကျိုးရှိမည်ဟုမျှော်လင့်မိပါသည်။ မိမိသိသော ပန်းနာပျောက်ဆေးနည်းလေးများ ကွန့်မန့်ရေးပေးကြပါ။
credit – မူရင်း