လကၡဏာ


Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်









ကွဲကွာသော ချစ်သူအိမ်ထောင်ဘက်က သူ့ကိုသံယောဇဉ် မပြတ်နိုင်ဘူးတဲ့ ဝိုးမိုက်တယ်





ဒါကတော့ ကျမ္မာရေး





ဟုတ်ပါ့..






ကမ္မံ သတ္တေ ဝိဘဇ္ဇိ


( မြတ်ဗုဒ္ဓ – ကမ္မ နိယာမ )

ဆရာမိုးဇော် – ဝိမုဒ္ဓိ


Unicode


“နေမင်းလို အလင်းပေးတဲ့ တန်ခိုးလမ်းကြောင်းကလေး ပါခဲ့မယ် ဆိုရင်”

သူက လက်သူကြွယ် လက်ချောင်းအောက်မှာဒေါင်လိုက် မျဉ်းတိုကလေး အဖြစ်တည်နေမယ်

လက်သူကြွယ် လက်ချောင်းပိုင် နယ်မြေက တနင်္ဂနွေ ၊ တနင်္ဂနွေ ဆိုတာက သူရဇ္ဇလို့ခေါ်တဲ့ နေမင်း ၊နေမင်းဆိုတာက သည်မြေကမ္ဘာ၏ တန်ခိုးရှင်

(တန်ခိုး ) ဆိုတာက တရုပ်ဘာသာစကား အလင်းလို့ အဓိပ္ပါယ်ရတယ် —အဲ့တော့ သည်ဒေါင်လိုက်မျဉ်းတိုကလေးက နေမင်းလို အလင်းပေးတဲ့ တန်ခိုး လမ်းကလေးပေါ့ Ok

သူ၏ဤ စတင် ဖြစ်တည်လာ ရာအမြစ်က နှလုံးသားလမ်းလို့ခေါ်ကြတဲ့ ချစ်မေတ္တာလမ်းမထက်မှာ အစပြုလာတယ် သူကဘာကို ပြနေတာ လဲ ဟုပ်ပြီလက္ခဏာရှင် သူဟာ စိတ်နှလုံးကောင်းရှိသူုဖြစ်မယ် လိမ္မာပါးနပ်သူ ဖြစ်မယ်

ယဉ်ကျေးမယ် တတ်သိမယ် လူသားအရည်အသွေးကောင်းများ ရှိသူလဲ ဖြစ်နေမယ် နောက်တခုသူက လူသိများမယ် ချစ်သူခင်သူလဲ ပေါများသူဖြစ်မယ်

တသက်တာ ဘဝမှာ ချစ်သူ ခင်သူတွေရဲ့ စောင့်လျောက်ကူညီမှု့ မေတ္တာ ရရှိသူတယောက် ဖြစ်နေမယ် ဘာသာတရား ကိုင်းရှိုင်းတတ်သူ ဖြစ်နေမယ်

နောက်အရေးကြီးတာ တခုက သူ့ဘဝ တသက်တာမှာ အချစ် အိမ်ထောင်ရေး ကွဲကွာသောက အကြောင်းအမျိုးမျိုး ကြုံလာခဲ့ရင်တောင် သည်သောက ဒါဟာ သူ့အတွက်တော့ ခဏတာယာယီပါပဲတဲ့

ကွဲကွာသော ချစ်သူအိမ်ထောင်ဘက်က သူ့ကိုသံယောဇဉ် မပြတ်နိုင်ဘူးတဲ့ ဝိုးမိုက်တယ
သည်လမ်းကလေးက ပို ထင်ရှားအင်အားကောင်းလေ ကောင်းကျိုးသက်ရောက်မှု့တွေက ပိုပြီးတော့ ထူးခြားအောင် အကျိုးသက်ရောက် စေပါမယ်

နောက်တခု သည်လိုလမ်းကလေးပါရင်သူက ဘာလုပ်လုပ် အောင်မြင်အောင်လုပ်ဆောင်နိုင်တဲ့ ထက်မြက်တဲ့ ဗီဇကံပါရမီထူး ရှိနေသူဖြစ်မယ်

နောက်တမျိုးကတေ ာစိတ်နှလုံးသား၏ ဓမ္မအလင်းရောင် တောက်ပခြင်းနဲ့ထိုးထွင်းသိမြင်ခြင်း တိုးတိတ်စွာ ခံစားသိရှိနေတတ်ခြင်း စွမ်းအားတွေ ရှိနေသူဖြစ်မယ်

စာပေ ဂီတ အနုပညာ ပန်းချီ ၊ပန်ပု စတဲ့ အနုပညာဆိုင်ရာ ခံစားမှု့ ဖန်တည်းမှု့တွေမှာ ကျစ်လစ်အင်အားကောင်းနေသူ တော်သူ ဖြစ်နေမယ်

ဒါကတော့ ကျမ္မာရေး

သူ့တသက်တာ ဘဝမှ ာနှလုံးသွေးစီးဆင်းခြင်းဆိုင်ရာ ကျမ္မာရေးကောင်းမွန်အောင် သူက ကူညီနေမယ် နောက်တခု ဒါက သူရဲ့သက်ကြီးပိုင်းဘဝ အိုဇာတာကောင်းမယ်

သူတည်ရှိနေတာက နှလုံးသားလမ်းမ အထက်မှာလေ

သက်ကြီးပိုင်း ကာလ အသက် ‘ 50 – ဝန်းကျင်မှ အထက် သူပိုင်ကာလ နယ်မြေထဲရောက်ပြီ အသက်ကြီးမှ အရာရာပို အဆင်ပြေလာမယ်

ငွေကျေးဥစ္စာဓန ကံကောင်းလာမယ် မိသားစု ချစ်မေတ္တာပြည့်ဝ ငြိမ်းချမ်းသာယာ လာမယ်ဘုန်းတန်ခိုးတောက်ပ ထင်ရှားအောင်မြင်လာမယ်

ဟာ.. များလှ ပါလား သည်လမ်းကလေးက

ဟုတ်ပါ့..

သူက တည်နေတာက တကဲ့နေရာ မှာလေတနင်္ဂနွေ နေမင်းသခင်နယ်မြေ မှာတည်နေပုံက ဒေါင်လိုက်မျဉ်း မတ်တတ် တည်နေတာ တနင်္ဂနွေ နေမင်းသခင်နယ်မြေ မှာ စတင်လာတာက နှလုံးသား

ချစ်မေတ္တာ လမ်းမထက်(အခြားသော ကံအကူလမ်းတွေကပါ အင်အားကောင်းနေ လို့ကတော့) စိတ်ကောင်းရှိ ဥစ္စာပေါ ရုပ်ချောတဲ့ ချစ်သူရ ယောက္ခမက အမွေပေး

ရပ်ရေးရွာရေးမှာ ထိပ်ဆုံးက သူလာမှ အခန်းအနားဖွင့်မယ် ဆိုတာမျိုး

တမျိုးလုံးကို သူ တခါပြောတာနဲ့ တောက အကိုဝမ်းကွဲတောင် မမှောင်ခင် အရောက်လာတာ ညီလေးဆိုတာမျိုး

သည်လို အကျိုးပေးထူးမယ့်သူ ဖြစ်နေမယ် ဒါ့ကြောင့် ဘုရားရှင်က ဟောထားတာ ပါ

ကမ္မံ သတ္တေ ဝိဘဇ္ဇိ

ကံနှင့်တူသော အင်အားကြီးမားခြင်းသည် မရှိ

( မြတ်ဗုဒ္ဓ – ကမ္မ နိယာမ )

ဆရာမိုးဇော် – ဝိမုဒ္ဓိ

လက္ခဏာ+ ဗေဒ အာသေဝန ၀၉၇၉၄၄၁၅၄၅၁