လကၡဏာ
လက်ချောင်းတွေ ပူးကြည့်ပါ။ လက်ပေါက် ပိတ်နေတာရယ်၊ ကျဲနေတာတွေ ဆိုရင်တော့
လက်ချောင်းတွေ ပူးကြည့်ပါ။ လက်ပေါက် ပိတ်နေတာရယ်၊ ကျဲနေတာတွေ ဆိုရင်တော့
လက်ချောင်းတွေ ပူးကြည့်ပါ။ လက်ပေါက် ပိတ်နေတာရယ်၊ ကျဲနေတာရယ် ရှိပါတယ်။ အချို့က ကျဲရင် ငွေယိုတယ်၊ မမြဲဘူး။ ပိတ်မှ မြဲမယ် လို့ ပြောကြတယ်။ ငွေတစ်ခုထဲတော့ ကွက်ဆိုလို့ မရဘူး။ သဘော တရားကို ချုံငုံမိရင် အဆင်ပြေ ပါတယ်။
ကျဲတာက ဆင်ခြင်ဉာဏ် အားကောင်းတာ၊ လွတ်လပ်မှု လိုလားတာ၊ သံသယ စိတ်များတာ၊ဖြစ်သလို နေတတ်တာ ။ တန်ဖိုးထားမှုက ရုပ်ဝတ္ထုထက် နာမ်ဝိညာဉ်ဆိုင်ရာတွေ ဖြစ်နေ တတ်တာ။
ဥပမာ မေတ္တာ၊ သစ္စာ၊ ချစ်ခြင်း၊ ကြင်နာခြင်း စတဲ့ ခံစားမှုတွေ အပေါ် တန်ဖိုး ထားတာ။ ဒါကြောင့်လည်း ငွေမမြဲတာ လို့ ချိပ်ဆက်ပြောရမယ် ထင်တယ် ပိတ်တာက လွှမ်းမိုးချင်တာ၊
ပတ်ဝန်းကျင်ကို ဂရုမ စိုက်တာ၊ ကိုယ့်အိမ်ဘေးမှာ ဘယ်သူနေ မှန်းပင် မသိတာ။ တနည်းဖြင့် ကိုယ် အာရုံ စူးစိုက်ရာကိုသာ ဦးစားပေး နေတတ် တာ။ ဇိမ်ခံချင်တာ။ အစား ရွေးတာ။ ကိုယ့် စိတ်ကြိုက် ကိုယ် လုပ်နေတော့ပတ်ဝန်းကျင် အမြင်မှာ မိမိက တကိုယ်ကောင်း ဆန်သူပင် ဖြစ်နေ တတ်တယ်။ ရုပ်ဝတ္ထုတွေ ကိုလည်း မက်မော နေတတ် ပါတယ်။အစွန်းရောက် သွားနိုင်တာက ကျဲသူဟာ စိတ် ဂနာ မငြိမ်၊ ပူပင်မှုများ၊ သံသယများတာ မျိုး ရှိတယ်။ ပိတ်တာက အတ္တကြီးတာ၊ တပါးသူ ခံစားချက်ကို နားလည်မပေးတာ၊ ကိုယ်ဖြစ် ချင်ရာပဲ ကိုယ်သိတာ စတဲအနေ အထား မျိုးတွေ ရှိပါတယ်။
လက်ခဏာဗေဒ (Credit)
လက်ခဏာဗေဒ (Credit)