ဗဟုသုတ

ဘာကြောင့် အခုထိ မချမ်းသာသေးတာလဲ

“စာဖတ်တဲ့မိန်းကလေးတွေကို ချစ်တယ်…”စာဖတ်တဲ့ မိန်ကလေးတွေကို ချစ်တယ်။သူတို့တွေဟာ ရင့်ကျက်တယ် တည်ငြိမ်တယ်အရာရာကို ခေါင်းအေးအေးထားပြီး ဆုံးဖြတ်တတ်တယ်စာပေကပေးတဲ့ အသိပညာတွေဟာ သူ့ဦးနှောက်ကိုခွန်အားဖြည့်ပေးတယ် ။

ဒါကြောင့် ဘဝ”အတွက်လက်တွဲဖော် ရွေးချယ်ခဲ့ရင်တောင်မှ နှလုံးသားကိုဦးနှောက်က လွှမ်းမိုးထားတာကြောင့် မှားယွင်းပြီးဆုံးဖြတ်မိတာမျိုး မဖြစ်တော့ဘူး။

စာတွေကို ချစ်တဲ့ မိန်းကလေးတွေကိုဘဝ”အတွက် ရွေးချယ်ချင်တယ်။စာအုပ်”စာပေ” ကို ချစ်တဲ့ သူတွေဟာအရွက်ကလေးတွေလိုပဲ နူးညံ့တယ် သိမ်မွေ့တယ်။သူမဟာ စာအုပ်တွေလိုပဲ စိတ်ဝင်စားစရာကောင်းတယ်။

သူမ ပြောသမျှ စကားလုံးတိုင်းဟာ စာအုပ်တွေထဲကကမ္ဘာကျော်အဆိုအမိန့်တွေလို တန်ဖိုးရှိနေလိမ့်မယ်။စာအုပ်တွေကိုချစ်ပြီး စာပေတွေကို မြတ်နိုးတဲ့မိန်းကလေးတွေကို လက်တွဲဖော်အဖြစ် ရွေးချယ်ချင်တယ်။ဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်လို သိပ်ကို တန်ဖိုးရှိလိမ့်မယ်။

ကိုယ်က လမ်းမမှန်ခဲ့ရင်တောင်
သူမက ထိန်းကြောင်းပေးနိုင်တယ်။ဘဝမှာ ဘယ်လိုနေထိုင်ရမယ် ဆိုတာကိုစာဖတ်တဲ့ မိန်းကလေးတွေ ပိုသိတယ်။

သူမကြောင့်ကိုယ့်ဘဝလည်း အဆင်ပြေလာလိမ့်မယ်။အိမ်ထောင်ရေးကို ဘယ်လိုထိန်းကြောင်းရမလဲအသိပညာနဲ့ လိမ္မာ ပါးနပ်တဲ့ သူမ နားလည်တယ်။

ဒါကြောင့် အိမ်ထောင်ရေး ပြိုကွဲမှု ဖြစ်မလာနိုင်တော့ဘူး။ဒါကြောင့် စာအုပ်ဆိုင်တွေ စာကြည့်တိုက်တွေမှာတွေ့ရတဲ့ မိန်းကလေးတွေဆို ရင်ခုန်မိတယ်။

စာအုပ်ကလေးတွေပိုက်လို့လမ်းလျှောက်လာရင်ပိုလို့တောင် ရင်ခုန်မိသေးတယ်။စာအုပ်စာပေ ဗဟုသုတ ​စာဖတ်”အားကျဆင်းလာတဲ့အခုလိုခေတ်ကြီးထဲမှာ ဒီလိုမိန်းကလေးတွေ လည်းရှားပါးကုန်ပြီ ဖြစ်ကုန်မလားပဲ။

ကဲ စာဖတ်တဲ့ မိန်းကလေးက ချစ်စရာလေးပါ ။ပိုက်ဆံရွိတဲ့ သူထက် မေတ္တာရှိတဲ့လူတွေနဲ့ပဲ မိတ်ဆွေဖြစ်ချင်တယ်။အိတ်မဖောင်းရင်နေပါစေ။စိတ်ဓာတ်ကောင်းရင် အိုခေပြီ။
Credit- Original Writer”