ဦးမင်းအုပ်စိုးရေ Hugo ဆိုတဲ့ ၂၁ နှစ်သားကောင်လေးကအမြဲ Cage ပေါ်ကိုတလေးတစားနဲ့ဒဲ့စိန်ခေါ်နေကြကောင်လေးပါ သိတဲ့သူတွေကောင်းကောင်းသိတယ်ပီးတော့ထမိန်အောက်ကလက်သီးထုတ်ပြတဲ့လူစားမျိုးလဲ မဟုတ်ပါဘူးနော်သိက္ခါရှိရှိ Cage ပေါ်ကို စိန်ခေါ်ခဲ့တာပါ အဲ့အတွက် အခုခင်ဗျား လက်ခံလိုက်ပီဆိုတော့ ကျနော်ဝမ်းသာအားရ ပွဲစီစဉ်သူကိုအပူသွားကပ်နေတာလေ တခုသိထားပါ Fighter တျောက်က Cage ပေါ်မှာပဲ By 1 ထိုးတယ် Cage အောက်မှာ ထိုးရင်အဲ့ကောင် အဆင့်အတန်းမရှိတဲ့စောက်ပေါပဲ ဆိုပီးကျနော်တို့သင်ခဲ့ရတယ်ဗျ ဦးလေးက အိမ်အထိခေါ်နေတယ်ဗျာမစားနဲ့ Dec 10 ရက်နေ့အတွက် YES or No ပဲ လုပ်ပေးပါ Yes ဆိုလဲ ထိုးကြမယ်
စနစ်တကျမှန်မှန်ကန်ကန် ဘယ်ကောင့် ပိုင်နက်မှမဟုတ်တဲ့ Cage ပေါ်မှာ No ဆိုလဲ Its Ok အခြားကျနော်နဲ့ဆော့ဖို့ ပြောထားတဲ့ညီကိုတွေနဲ့ ဆော့မယ် ရှင်းတယ် အခုခင်ဗျားပြောတာက မသိရင်သွေးကြောင်လို့ပဲ ခင်ဗျားခြံထဲမလာသလိုလိုနဲ့ ဒီ စကားတွေကို Private ပြောချင်ပေမဲ့ ခင်ဗျားက Ment လဲပိတ် Add တာလဲ လက်မခံ Msg ကပြောတော့လဲ မရကျနော်ဆိုတဲ့ကောင်ကလဲ တကောင်တည်းပွဲတိုင်းကိုကျော်ဖြတ်လာတာ ခင်ဗျားကခြံထဲကို ထိုးဖို့ခေါ်တာလေဗျာ စဉ်းစားကြည့် ဆောက်ရူးပဲလာမယ် ၁၀ ရက်နေ့ကလဲ ကျနော် ၁ ကောင်တည်းလာမှာ ပွဲမဖြစ်ရင် ပရိတ်သတ်ကိုအားနာစရာကြီး Cage ပေါ်မှာပဲ မျှမျှတတဆော့ကြတာပေါ့ဟဘာကောင်ကြီးဖြစ်နေပစေHugo သွေးကြောင်တဲ့ထုံးစံတော့မရှိခဲ့ပါဘူးဗျာ ဒီနေ့ December ၁၀ ရက်နေ့ Cage ပေါ်စည်းကမ်းတကျ ထိုးဖြစ်မထိုးဖြစ် ကျနော့ကိုပြောပါ မထိုးဖြစ်လဲ Its Ok ပရိတ်သတ်ကလဲ ကျနော့စကားကျနော် တည်တယ်ဆိုတာသိထားပေး သူ့ဘက်က လက်မခံခဲ့ရင် ဒီကိစ္စနဲ့ပတ်သတ်ပီး ကျနော့ကို ထပ်မမေးပါနဲ့တော့
သူ့ဘက်က NO ဆိုတော့ ပွဲမဖြစ်ဘူးပေါ့ဗျာဆိုပြီးပြောလာတဲ့အပေါ် မင်းအုပ်စိုးက ဆရာသမား Hugo ကိုပြောပြပေးပါ ( မမြင် မြင်အောင် ရှဲပေးကြပါ မကြား ကြားအောင်ပြောပေးကြပါ ) ဒီရက်ပိုင်း အလုပ်တွေရှုပ်လွန်းလို့ အချိန်မရှိရတဲ့ကြားထဲမှာ ဆရာလေး Hugo က တကျီကျီပူဆာနေတာကြောင့်ဒီစာစုလေးကိုရေးလိုက်မိတာပါ ညီလေး Hugoရေ ဒီကနေ့ညနေ လေးနာရီကျရင် မင်းနဲ့အကိုတွေ့ကြမယ်ကွာ ကြိုးဝိုင်းတွေဘာတွေလုပ်မနေပါနဲ့ အချိန်ကြာပါတယ်ကွာ ဒီကနေ့တစ်နာရီထိုးလောက်ကစပြီး မင်းအနေနဲ့ယုံကြည်စိတ်ချရတဲ့ စာနယ်ဇင်းသမား သုံးယောက်ရှာလိုက်ကွာသူတို့သုံးယောက်နဲ့မင်းနဲ့ဆုံကြပြီဆိုရင် မင်းက live စလွှင့်ပြီး အကို့ခြံထဲကိုလာခဲ့လိုက်ကွာ မင်းတို့လေးယောက်စလုံး အကို့ခြံထဲကိုလာကြတဲ့အတွက် မှည့်တစ်ပေါက်မှမစွန်းစေရဘူးဆိုတာ ဒီစာစုကို သက်သေထားပြီးအကို့ဘက်က ကတိပေးပါတယ်ကွာ မင်းနဲ့ငါ မျက်နှာချင်းဆိုင်စုံတဲ့အချိန်ကျရင်မင်းကဘောင်းဘီတိုလဲ အကြောလျှော့ သွေးပူလေ့ကျင့်ခန်းတွေလုပ်ပေါ့ကွာ မင်းအဆင်သင့်ဖြစ်ပြီဆိုရင် မင်းကငါ့သားလောက်ပဲရှိသေးတာမို့ မင်းနဲ့ငါမထိုးပါဘူး မင်းကပဲ ငါ့ကိုကန်ကွာ ငါ့ရဲ့ ညာဘက်ခြေထောက်ကို ခင်းပေးထားမယ် မင်းရဲ့ဘယ်ခြေနဲ့ ဆယ်ချက်ကန် ပြီးရင်ငါ့ရဲ့ဘယ်ခြေကို ခင်းပေးထားမယ် မင်းရဲ့ညာခြေနဲဆယ်ချက်ကန်ကွာ မင်းမှာရှိသမျှ ပါဝါအကုန် အင်အားအကုန်ထည့်ပြီးကန်နော်
အသက်ကြီးပြီဆိုပြီးညှာမကန်ပါနဲ့ခလေးရယ် မင်းကငါ့ကို ညာဘက်ကလည်းဆယ်ချက် ဘယ်ဘက်ကလည်းဆယ်ချက်အချက်နှစ်ဆယ်ပြည့်တဲ့အထိ ကန်သွားနိုင်တယ်ဆိုရင် မင်းပြောသလိုမျိုး နောက်ပိုင်းအစီအစဉ်တွေကို ငါစဉ်းစားပေးမယ် ဒီကနေ့အစီအစဉ်ကတော့ ခင်းပေးထားတဲ့ ငါ့ရဲ့ပေါင်သားတွေကိုပဲ မင်းရဲ့အရွယ် မင်းရဲ့ခွန်အားတွေနဲ့ အားရပါးရစိတ်ရှိလက်ရှိကန်ကြည့်လိုက်စမ်းပါကွာမင်းတို့သိအောင် ထပ်ပြောမယ်နော် မင်းကိုငါကပြန်ကန်မှာမဟုတ်သလို ငါ့ခြံထဲကိုလာတဲ့ မင်းတို့လေးယောက်စလုံးကိုလည်း ဘယ်သူကမှ ဘာမှမလုပ်ဖူးဆိုတာရဲရဲကြီး ကတိပေးပါတယ်ကွာ မင်းကငါနဲ့ တအားစော်ချင်နေတယ်ဆိုတော့အိမ်တိုင်ရာရောက် စာနယ်ဇင်းတွေနဲ့တစ်ကွ Liveလွှင့်ပြီးတော့ ငါ့ကိုကန်ရမယ့်အခွင့်အရေးကို မင်းအနေနဲ့ လက်လွတ်ခံလိမ့်မယ်လို့တော့ မထင်ပါဘူးချစ်ညီလေးရယ် သေချာအောင်ပြောမယ် ထပ်ပြောပြမယ် တိတိကျကျဖြစ်အောင် ပြန်ပြောပြမယ်ညီလေးရေဒီကနေ့ကျရင် မင်းနဲ့အတူ ငါ့ခြံထဲကိုလိုက်လာပေးမယ့် စာနယ်ဇင်းသမား သုံးယောက်ရှာ မင်းတို့တွေလူစုံပြီဆိုတာနဲ့ Live လွင့်ပြီးတော့ မင်းပရိတ်သတ်တွေကိုပြောပြ ညနေ လေးနာရီအတိမှာ အကို့ ခြံထဲကိုမင်းတို့ရောက်အောင်လာခဲ့ တို့ နှစ်ယောက်ဆုံကြရင်မင်းကန်ဖို့အတွက်အကိုကခင်းပေးထားတဲ့ အကို့ပေါင်သားတွေကို မင်းမှာရှိသမျှ ပါဝါအကုန်သုံးပြီး ကန်ချင်သလောက်ကန် အဲ့ဒါကိုလည်း live လွှင့်ပြီးကန်ကွာ မင်းအပါအဝင် စာနယ်ဇင်းသမားသုံးယောက်စလုံးလည်း ယင်ဖိုတောင်မသန်းစေရဘူး အိုကေနော်
ဒါပေမယ့် အရေးအကြီးဆုံးတစ်ချက်တော့ရှိတယ်နော်မင်းကန်ဖို့အတွက်ခင်းပေးထားတဲ့ ငါ့ပေါင်သားတွေကို မင်းကကန်လိုက်လို့ မင်းခြေထောက် ကျိုးသွားခဲ့ရင်တော့ မင်းဒေါသနဲ့မင်းပဲပေါ့ညီလေးရာ အဲ့ဒါကိုတော့ တာဝန်မယူဘူးနော် ဒီကနေ့ညနေ လေးနာရီတိတိမှာ နှုပ်ခမ်းမွှေးစစနဲ့ ခပ်ချောချော ခပ်ခန့်ခန့် ခပ်သန့်သန့် ခပ်မိုက်မိုက်ဘဲကြီးကသားအရွယ်လောက်ပဲရှိတဲ့ မင်းလေးလာကန်မှာကို စောင့်မျှော်နေပါ့မယ်ကွယ်။ မင်းအုပ် စိုး ဒါကသူစိန်ခေါ်ထားတဲ့စာကျကျနော်စိန်ခေါ်တာကို Reply မလာခဲ့ဘူး တောင်းပန်တာက ကျနော် Ethic ရှိရှိစိန်ခေါ်ထားတဲ့ ပို့စ်အောက်မှာ(ကျနော့ Post အောက်မှာအဆဲခံရလို့) ဘယ်သူမဆို အက်လိုဖြစ်ရင်တောင်းပန်မှာပါပဲ သူ့ဟာသူဘာဖြစ်ဖြစ် လူကြီးတျောက် ကို့Wallအဆဲခံရလို့ပါ ကျနော်ကယောကျ်ားပါဗျ 🖤သူ့ဘက်ကလက်ခံရင် ထိုးမှာစိတ်ချ (အော် သရေအရှုုံး တောင်ပေးကစားထားတာပါဆိုနေ ) ကျနော်နဲ့ထိုးဖူးတဲ့သူတွေကို မေးကြည့် FaceOff ဆိုမသွားဘူး တကယ်ထိုးမဲ့နေ့ဆို Cage ပေါ်ကြိုရောက်နေကြကောင်ပါ Ethic ရှိရှိ စိန်ခေါ်ခဲ့သလို Ethic ရှိရှိပဲကို့Wall ထဲသူဆဲခံရလို့တောင်းပန်လိုက်တာ
(သွား Add သေးတယ် စိန်ခေါ်ဖို့နဲ့ကျနော့Wallထဲဆဲခံရလို့ စိတ်မကောင်းဖြစ်ကြောင်း) ကျနော့အတွက်တော့ သူက သူလက်ခံရင် ကျနော့ရဲ့ဖြစ်လာမဲ့ ပြိုင်ဘက်ကစားသမားအက်တော့ Respect နဲ့အဆင့်တန်းရှိရှိစကားသွားတယ်လက်ခံရင် ထိုးမှာစိတ်ချ စိန်ခေါ်ပီးမှ Cage ပေါ်မတက်ရင်ကျနော့ရာဇဝင်ရိုင်းသွားမှာပေါ့ Media တွေလဲ ခေါင်းစဉ်တွေကိုကြည့်တင်ဗျာ ကျနော်က ရိုးရိုးတွေး ရိုးရိုးလုပ်တဲ့ကောင် ကျနော့သီချင်း MV ကိစ္စနဲ့ရှုပ်နေလို့ ခုမှအားလို့တင်လိုက်တာပါI always for it and i born for it Media တွေလဲခေါင်းစဉ်ကိုတလွဲမတင်ပါနဲ့ နော် ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။
credit