ဗဟုသုတ

တစ်ချိန်ချိန် အသုံးဝင်လာမယ့် မြန်မာ့ဆေးနည်း (၁၈)နည်း…

တစ္ခ်ိန္ခ်ိန္ အသုံးဝင္လာမယ့္ ျမန္မာ့ေဆးနည္း (၁၈)နည္း…

တစ္ခ်ိန္ မဟုတ္ တစ္ခ်ိန္မွာ လက္ေတြ႕အသုံးဝင္မယ့္ ျမန္မာ့ေဆးနည္း (၁၈)နည္း ကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္…။

၁။ ေသြးတိုးလို႔ ေသြးက်လိုလွ်င္… သံပုရာသီး တစ္လုံးကို( ၁၅ ) မိနစ္ခန္႔ၾကာေအာင္ေရစိမ္ၿပီး အရည္ညႇစ္၍

ၾကက္ဥတစ္လုံး ေဖာက္ထည့္ကာေရာေမႊေသာက္လိုက္ပါ။ ေသြးက်ေဆး အထူးေသာက္စရာမလိုဘဲ သက္သာေပ်ာက္ကင္းေစပါသည္။

၂။ အပူက်ိတ္ျဖစ္ရင္ ပါးခ်ိတ္ေအာက္ႏွင့္ ေပါင္ၾကားတို႔တြင္ ေပါက္တက္ေသာ အပူက်ိတ္မ်ားကိုေပ်ာက္လိုလွ်င္ နႏြင္းခါးဥကို ေသြးလိမ္းပါ။ သုံးႀကိမ္မွ် လူး႐ုံ လိမ္း႐ုံႏွင့္ ေပ်ာက္ကင္းေစပါသည္။

၃။ အိပ္မေပ်ာ္ျခင္းျဖစ္လွ်င္ ဒန္႔ကြၽဲျမစ္ကိုျပဳတ္၍ သၾကားအနည္းငယ္ ထည့္ၿပီးေသာက္ပါ။ တစ္ခါေသာက္လွ်င္… အၾကမ္းပန္းကန္ႏွင့္ တစ္လုံးေသာက္ ည ၊ နံနက္ ေသာက္ပါ။ အိပ္မေပ်ာ္ျခင္းေဝဒနာ သက္သာေပ်ာက္ကင္းေစမည္။

၄။ ပန္းေသပန္းညႇိဳးေရာဂါ ျဖစ္လွ်င္ ကေစာ့ပုပ္ျမစ္ကို အေျခာက္လွန္း အမႈန္႔ျပဳၿပီး ပ်ားရည္ႏွင့္ေသာက္ပါ။ ရက္မရွည္ဘဲ ေပ်ာက္ကင္းေစပါသည္။

၅။ အမ်ိဳးသမီးမ်ား မီးယပ္ျဖဴဆင္းေရာဂါျဖစ္လွ်င္ အေဝရာ႐ြက္ကို မၾကာခဏ သုပ္စားပါ။ ထို႔အျပင္ သိေႏၶာဆားတစ္ဆ၊ လက္ပံပြင့္ေျခာက္မႈန္႔ ႏွစ္ဆတို႔ကို ေထာပတ္ႏွင့္ ေရာ၍ ကြမ္းသီးလုံးခန္႔ နံနက္၊ ည ခြဲၿပီးစားပါ… ေပ်ာက္ကင္းေစပါသည္။

၆။ သြားကိုက္ သြားဖုံးေရာင္ သြားျပည္ယိုျဖစ္လွ်င္ မာလကာေခါက္ကို ျပဳတ္၍ ငုံေပးပါ… သက္သာေပ်ာက္ကင္းေစပါသည္။

မွတ္ခ်က္… မာလကာေစ့ေျခာက္မႈန္႔ကို သြားေျခထဲ ထည့္ေပးလွ်င္လည္း သက္သာေပ်ာက္ကင္းေစပါသည္။

၇။ ေသြးဝမ္းလြန္ျခင္းျဖစ္လွ်င္… ထမင္းေျခာက္ကိုေလွာ္၍ ထန္းလ်က္ႏွင့္ အညက္ႀကိတ္၍ စားပါ… သက္သာ ေပ်ာက္ကင္းေစပါသည္။

၈။ ေလထိုးေလေအာင့္ျဖစ္လွ်င္ ပုန္းညႇက္ပန္းပြင့္ေျခာက္မ်ား ကို ေရေႏြးတြင္ ထည့္၍ လက္ဖက္ရည္ၾကမ္းလုပ္ ေသာက္ပါ… သက္သာ ေပ်ာက္ကင္းေစသည္

၉။ ေအာ့အန္ျခင္း ေဝဒနာျဖစ္လွ်င္… ေရွာက္ျမစ္ကို ေသြး၍ ပ်ားရည္ႏွင့္ စားပါက သက္သာေပ်ာက္ကင္းေစပါသည္။

၁၀။ ဆီးအိမ္တြင္းမွာ ေက်ာက္တည္ျခင္းျဖစ္လွ်င္ သမင္ခ်ိဳကိုေသြး၍ သံပုရာရည္ႏွင့္ လက္ဖက္ရည္ဇြန္းႏွစ္ဇြန္းေသာက္ပါ။ သုံးခါပင္ မေသာက္ရဘဲ သက္သာေပ်ာက္ကင္းေစပါသည္။

၁၁။ ဆီးက်ဥ္၊ ဆီးနီ၊ ဆီးေႏွာက္ျဖစ္လွ်င္ (ဘုရားကပ္လႉသည့္) ေက်ာက္စိမ္းပန္းက်ားပင္ အျမစ္ေရာအ႐ိုးပါ ထုေျခလို႔ရေသာအရည္ ( ၅ ) က်ပ္သားကိုေရႏွင့္ ျပဳတ္က်ိဳၿပီး နံနက္၊ ည ႏွစ္ခြက္ေသာက္ပါေန႔ခ်င္းပင္ သက္သာေပ်ာက္ကင္းေစပါသည္။

၁၂။ စားမဝင္ အိပ္မေပ်ာ္ျဖစ္လွ်င္ ပ်ားရည္စစ္စစ္ကို လက္ဖက္ရည္ဇြန္းေလးနဲ႔ တစ္ဇြန္းကို ညအိပ္ရာဝင္တိုင္း ေသာက္ေပးပါ။ ခံတြင္းေကာင္း၍ စားဝင္အိပ္ေပ်ာ္ေစႏိုင္ပါသည္။

၁၃။ မီးယပ္ေသြးဆင္းခ်ိန္တြင္ မူးေဝတက္ပါသည္… ထို႔သို႔ျဖစ္လွ်င္ ေရွာက္သီးႏွင့္္ ထန္းလ်က္ကိုေရာစားလိုက္ပါ။ သက္သာေပ်ာက္ကင္းေစပါသည္။

၁၄။ ပန္းနာ ရင္က်ပ္ ေခ်ာင္းဆိုးျခင္းျဖစ္လွ်င္… သစ္ဆိမ့္သီးအခြံကို ေသြး ပ်ားရည္ႏွင့္ စားေပးပါ…သက္သာေပ်ာက္ကင္းေစပါသည္။

၁၅။ ကင္းကိုက္ျခင္းခံရလွ်င္ ကေစာ့ျမစ္ကို ဆန္ေဆးရည္ႏွင့္ ေသြးၿပီး အဆိပ္သင့္တဲ့ေနရာကို လိမ္းေပးပါ… ေဝဒနာခ်က္ခ်င္း သက္သာေစပါသည္။

၁၆။ ဆံပင္ကြၽတ္လွ်င္… ပိေထာက္႐ြက္ကို ထုေထာင္း၍ ေခါင္းေလွ်ာ္ရည္ႏွင့္ တြဲဖက္ ေလွ်ာ္ေပးပါ။ ဆံပင္မ်ား လုံးဝမကြၽတ္ေစပါ။

၁၇။ အမ်ိဳးသမီးမ်ားတြင္ အဖုအက်ိတ္မ်ားေပါက္လွ်င္… လဝန္းဂမုန္းပင္ ပၪၥငါးပါးကို ထုေထာင္း၍ အက်ိတ္ေပၚသို႔အုံေပးကာ ပတ္တီးစည္းထားပါ… ေပ်ာက္ကင္းေစပါသည္။

၁၈။ ဒူးနာ ခါးနားလွ်င္… နံ႔သာျဖဴႏွင့္ ဂ်င္းကို ဆတူေရာ၍ လိမ္းပါ။ ယူပစ္သလို သက္သာေပ်ာက္ကင္းသြားပါလိမ့္မည္။

Credit#ျမန္မာတိုင္းရင္းေဆး#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

တစ်ချိန်ချိန် အသုံးဝင်လာမယ့် မြန်မာ့ဆေးနည်း (၁၈)နည်း…

တစ်ချိန် မဟုတ် တစ်ချိန်မှာ လက်တွေ့အသုံးဝင်မယ့် မြန်မာ့ဆေးနည်း (၁၈)နည်း ကို ဖော်ပြပေးလိုက်ပါတယ်နော်…။

၁။ သွေးတိုးလို့ သွေးကျလိုလျှင်… သံပုရာသီး တစ်လုံးကို( ၁၅ ) မိနစ်ခန့်ကြာအောင်ရေစိမ်ပြီး အရည်ညှစ်၍

ကြက်ဥတစ်လုံး ဖောက်ထည့်ကာရောမွှေသောက်လိုက်ပါ။ သွေးကျဆေး အထူးသောက်စရာမလိုဘဲ သက်သာပျောက်ကင်းစေပါသည်။

၂။ အပူကျိတ်ဖြစ်ရင် ပါးချိတ်အောက်နှင့် ပေါင်ကြားတို့တွင် ပေါက်တက်သော အပူကျိတ်များကိုပျောက်လိုလျှင် နနွင်းခါးဥကို သွေးလိမ်းပါ။ သုံးကြိမ်မျှ လူးရုံ လိမ်းရုံနှင့် ပျောက်ကင်းစေပါသည်။

၃။ အိပ်မပျော်ခြင်းဖြစ်လျှင် ဒန့်ကျွဲမြစ်ကိုပြုတ်၍ သကြားအနည်းငယ် ထည့်ပြီးသောက်ပါ။ တစ်ခါသောက်လျှင်… အကြမ်းပန်းကန်နှင့် တစ်လုံးသောက် ည ၊ နံနက် သောက်ပါ။ အိပ်မပျော်ခြင်းဝေဒနာ သက်သာပျောက်ကင်းစေမည်။

၄။ ပန်းသေပန်းညှိုးရောဂါ ဖြစ်လျှင် ကစော့ပုပ်မြစ်ကို အခြောက်လှန်း အမှုန့်ပြုပြီး ပျားရည်နှင့်သောက်ပါ။ ရက်မရှည်ဘဲ ပျောက်ကင်းစေပါသည်။

၅။ အမျိုးသမီးများ မီးယပ်ဖြူဆင်းရောဂါဖြစ်လျှင် အဝေရာရွက်ကို မကြာခဏ သုပ်စားပါ။ ထို့အပြင် သိန္ဓောဆားတစ်ဆ၊ လက်ပံပွင့်ခြောက်မှုန့် နှစ်ဆတို့ကို ထောပတ်နှင့် ရော၍ ကွမ်းသီးလုံးခန့် နံနက်၊ ည ခွဲပြီးစားပါ… ပျောက်ကင်းစေပါသည်။

၆။ သွားကိုက် သွားဖုံးရောင် သွားပြည်ယိုဖြစ်လျှင် မာလကာခေါက်ကို ပြုတ်၍ ငုံပေးပါ… သက်သာပျောက်ကင်းစေပါသည်။

မှတ်ချက်… မာလကာစေ့ခြောက်မှုန့်ကို သွားခြေထဲ ထည့်ပေးလျှင်လည်း သက်သာပျောက်ကင်းစေပါသည်။

၇။ သွေးဝမ်းလွန်ခြင်းဖြစ်လျှင်… ထမင်းခြောက်ကိုလှော်၍ ထန်းလျက်နှင့် အညက်ကြိတ်၍ စားပါ… သက်သာ ပျောက်ကင်းစေပါသည်။

၈။ လေထိုးလေအောင့်ဖြစ်လျှင် ပုန်းညှက်ပန်းပွင့်ခြောက်များ ကို ရေနွေးတွင် ထည့်၍ လက်ဖက်ရည်ကြမ်းလုပ် သောက်ပါ… သက်သာ ပျောက်ကင်းစေသည်

၉။ အော့အန်ခြင်း ဝေဒနာဖြစ်လျှင်… ရှောက်မြစ်ကို သွေး၍ ပျားရည်နှင့် စားပါက သက်သာပျောက်ကင်းစေပါသည်။

၁၀။ ဆီးအိမ်တွင်းမှာ ကျောက်တည်ခြင်းဖြစ်လျှင် သမင်ချိုကိုသွေး၍ သံပုရာရည်နှင့် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းသောက်ပါ။ သုံးခါပင် မသောက်ရဘဲ သက်သာပျောက်ကင်းစေပါသည်။

၁၁။ ဆီးကျဉ်၊ ဆီးနီ၊ ဆီးနှောက်ဖြစ်လျှင် (ဘုရားကပ်လှူသည့်) ကျောက်စိမ်းပန်းကျားပင် အမြစ်ရောအရိုးပါ ထုခြေလို့ရသောအရည် ( ၅ ) ကျပ်သားကိုရေနှင့် ပြုတ်ကျိုပြီး နံနက်၊ ည နှစ်ခွက်သောက်ပါနေ့ချင်းပင် သက်သာပျောက်ကင်းစေပါသည်။

၁၂။ စားမဝင် အိပ်မပျော်ဖြစ်လျှင် ပျားရည်စစ်စစ်ကို လက်ဖက်ရည်ဇွန်းလေးနဲ့ တစ်ဇွန်းကို ညအိပ်ရာဝင်တိုင်း သောက်ပေးပါ။ ခံတွင်းကောင်း၍ စားဝင်အိပ်ပျော်စေနိုင်ပါသည်။

၁၃။ မီးယပ်သွေးဆင်းချိန်တွင် မူးဝေတက်ပါသည်… ထို့သို့ဖြစ်လျှင် ရှောက်သီးနှင့် ထန်းလျက်ကိုရောစားလိုက်ပါ။ သက်သာပျောက်ကင်းစေပါသည်။

၁၄။ ပန်းနာ ရင်ကျပ် ချောင်းဆိုးခြင်းဖြစ်လျှင်… သစ်ဆိမ့်သီးအခွံကို သွေး ပျားရည်နှင့် စားပေးပါ…သက်သာပျောက်ကင်းစေပါသည်။

၁၅။ ကင်းကိုက်ခြင်းခံရလျှင် ကစော့မြစ်ကို ဆန်ဆေးရည်နှင့် သွေးပြီး အဆိပ်သင့်တဲ့နေရာကို လိမ်းပေးပါ… ဝေဒနာချက်ချင်း သက်သာစေပါသည်။

၁၆။ ဆံပင်ကျွတ်လျှင်… ပိထောက်ရွက်ကို ထုထောင်း၍ ခေါင်းလျှော်ရည်နှင့် တွဲဖက် လျှော်ပေးပါ။ ဆံပင်များ လုံးဝမကျွတ်စေပါ။

၁၇။ အမျိုးသမီးများတွင် အဖုအကျိတ်များပေါက်လျှင်… လဝန်းဂမုန်းပင် ပဉ္စငါးပါးကို ထုထောင်း၍ အကျိတ်ပေါ်သို့အုံပေးကာ ပတ်တီးစည်းထားပါ… ပျောက်ကင်းစေပါသည်။

၁၈။ ဒူးနာ ခါးနားလျှင်… နံ့သာဖြူနှင့် ဂျင်းကို ဆတူရော၍ လိမ်းပါ။ ယူပစ်သလို သက်သာပျောက်ကင်းသွားပါလိမ့်မည်။

Credit#မြန်မာတိုင်းရင်းဆေး#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။