ဗဟုသုတ

အမ်ိဳးသမီး(မိန္းမ)တိုင္း အလိုခ်င္ဆုံးအရာက ဘာလဲဆိုတာ…..

အမ်ိဳးသမီးတိုင္း အလိုခ်င္ဆုံးအရာက ဘာလဲ ဆိုတာ

တခါတုန္းက နိုင္ငံငယ္ေလးတခုမွာ ငယ္ရြယ္ၿပီး ထက္ျမက္တဲ့ ဘုရင္တပါးနန္းတက္ခဲ့တယ္…

ထိုတိုင္းျပည္ရဲ့ အနီးအနားမွာ အလြန္အင္အားႀကီးၿပီးစစ္လိုလားတဲ့ ဘုရင္ႀကီးတပါးရွိတယ္…

ထိုဘုရင္ႀကီးဟာ တိုင္းျပည္ငယ္ေလး ကိုသိမ္းပိုက္ခ်င္ေပမဲ့ဘုရင္ငယ္ေလးရဲ့ ငယ္ရြယ္မွုနဲ႔ ထက္ျမက္တဲ့

အေတြးအေခၚေတြကို သေဘာက်လို့ အခြင့္အေရးတခုေပးလိုက္ပါတယ္…

အဲ့ဒီအခြင့္ အေရးကေတာ့ အလြန္ခက္ခဲတဲ့ ေမးခြန္းတခု ေမးလိုက္တာပါ…

ဘုရင္ငယ္ေလးအတြက္ အခ်ိန္တစ္ႏွစ္ေပးထားၿပီးမေျဖနိုင္ပါက အသတ္ခံရမယ္လို့ ေျပာလိုက္ပါတယ္…

ေမးခြန္းကေတာ့ …

“ေလာကႀကီးမွာရွိတဲ့ အမ်ိဳးသမီးတိုင္း အလိုခ်င္ဆုံးအရာက ဘာလဲ “

အဲဒီေမးခြန္းကေတာ့…ဘုရင္ေလးနဲ႔ ပညာရွိအမတ္ေတြကို ခက္ခဲရွုပ္ေထြးေစ ေတာ့တာပါဘဲ…

တခ်ိဳ့က မျဖစ္နိုင္တဲ့ ေမးခြန္းလို့ထင္ၾကတယ္ ဒါေပမယ့္ အခ်ိန္တစ္ႏွစ္ရဖို့အတြက္ အေျဖရွာဖို့လက္ခံလိုက္ရတာေပါ့…

ဒါနဲ႔ သူ႔တိုင္းျပည္မွာရွိတဲ့ မင္းညီမင္းသားေတြ၊ဘုန္းေတာ္ႀကီးေတြ၊ ပညာရွိေတြ၊ တရားသူႀကီးေတြ၊ျပည္သူျပည္သားေတြနဲ႔

ျပည့္တန္ဆာအမ်ိဳးသမီးေတြပါမက်န္ ဆင့္ေခၚၿပီး အေျဖရဖို့ႀကိဳးစားပါေတာ့တယ္…ဒါေပမဲ့ •ျပည့္စုံ ေက်နပ္ဖြယ္ရာ အေျဖေတာ့ မရခဲ့ပါဘူး…

ေနာက္ဆုံးမွာေတာ့ လူအမ်ားစုက တိုင္းျပည္မွာရွိတဲ့စုန္းမအိုႀကီး တေယာက္သာလၽွင္

ဒီအေျဖကို ေျဖနိုင္လိမ့္မယ္လို့ ေလၽွာက္တင္လိုက္ၾကတယ္…စုန္းမႀကီးဟာ အလြန္တန္ဖိုးႀကီးတဲ့အဖိုးအခကိုေတာင္းဆိုလိုက္ပါေတာ့တယ္…

အေျဖေပးရမဲ့ ေနာက္ဆုံးရက္ဟာတေျဖးေျဖးနီးလာပါၿပီ…စုန္းမႀကီးဟာလဲ သူ႔ေတာင္းဆိုခ်က္ကို အရင္လိုက္ေလၽွာမွအေျဖေပးနိုင္မယ္လို့ ဆိုပါတယ္…

ေတာင္းဆိုခ်က္ကေတာ့ ဘုရင္ေလးရဲ့ ယုံၾကည္ အားအကိုး ရဆုံးသူငယ္ခ်င္း လဲျဖစ္၊

နိုင္ငံရဲ့ သူရဲေကာင္းစစ္ဦးစီးလဲျဖစ္တဲ့ အမတ္ႀကီးကိုလက္ထပ္ေပး ဖို့ပါဘဲ…ဘုရင္ေလးလဲ အလြန္တုန္လွုပ္ေခ်ာက္ခ်ားေနတာေပါ့…

စုန္းမႀကီးပုံစံက ခါးကုန္းကုန္း ေက်ာကုန္းဘုႏွင့္အျမင္ဆိုးရြားလွတယ္…သြားကလဲ ေရွ႕သြား တေခ်ာင္းထဲရွိတယ္…အနံ့အသက္ကလဲ ဆိုးရြားလွတယ္…

စကားအေျပာအဆို ကလဲ ၾကမ္းတမ္း ညစ္ညမ္းလွတယ္….

ထိုဆိုရြားလွတဲ့ စုန္းမႀကီးနဲ႔ ႏူးညံ့သိမ္ေမြ႕စိတ္သေဘာေကာင္းတဲ့ သူရဲ့ သူငယ္ခ်င္းနဲ႔ယူဖို့တိုက္တြန္းဖို့ရာမွာ သူ႔အတြက္ဝန္ထုပ္ဝန္ပိုးျဖစ္ေနတာေပါ့…

ဒါေပမယ့္ အမတ္ႀကီးကေတာ့ တိုင္းျပည္နဲ႔ လူမ်ိဳးအေရးနဲ႔ ယွဥ္ရင္ဒီကိစၥဟာ သူ႔အတြက္အေရးမႀကီးေၾကာင္း ေျပာဆိုၿပီး

စုန္းမႀကီးေျပာတဲ့ အဆိုကိုလက္ခံပါ့မယ္လို့ ဘုရင္ေလးကို ေလၽွာက္တင္လိုက္ပါတယ္…

ဒီလိုနဲ႔ မဂၤလာပြဲအစီအစဥ္ကိုေၾကျငာလိုက္ၿပီးဘုရင္ေလးအတြက္အေျဖကို စုန္းမႀကီးကေပးလိုက္ပါေတာ့တယ္..

“ေလာကႀကီးမွာရွိတဲ့ အမ်ိဳးအမီးတိုင္းအမွန္တကယ္ အလိုခ်င္ဆုံးအရာက သူတို့ရဲ့ ဘဝကိုသူတို့ စိတ္တိုင္းက် စီမံခန္႔ခြဲခ်င္တာပါဘဲ“

ထိုအခါမွ ျပည္သူေတြလဲ အေျဖကိုသိၿပီးဘုရင္ႀကီးကလည္းစစ္မျပဳေတာ့ဘဲ ဘုရင္ေလးတို့တိုင္းျပည္နဲ႔ မဟာမိတ္ျပဳလိုက္ပါေတာ့တယ္…

အမတ္ႀကီးနဲ႔ စုန္းမႀကီးတို့ရဲ့ မဂၤလာပြဲဘယ္လိုျဖစ္သြားလဲ???ဘုရင္ေလးလဲ ေပ်ာ္ရႊင္ျခင္းနဲ႔ ဝမ္းနည္းျခင္းေတြကိုတၿပိဳင္နက္ခံစားေနရၿပီေပါ့….

သိမ္ေမြ႕ယဥ္ေက်းတဲ့သူငယ္ခ်င္းနဲ႔အလြန္မသတီစရာစုန္းမတို့ရဲ့ လက္တြဲရမယ့္ ဘဝအေရးကို စဥ္းစားမိလို့ေပါ့….

အမတ္ႀကီးလဲ ဆိုးရြားလွတဲ့ ဘဝကိုရင္ဆိုင္ဖို့မဂၤလာအိပ္ခန္းတြင္းကို ဝင္သြားရၿပီ…

ဒါေပမယ့္ အိပ္ခန္းတြင္းမွာေတာ့ အလြန္လွပတဲ့အမ်ိဳးအမီးေလးတေယာက္ ထိုင္ေနတာကို ေတြ႕လိုက္ရလို့ အရမ္းအံ့ၾသသြားတာေပါ့…

“ဘာေတြျဖစ္ကုန္ၿပီ လဲ မိန္းကေလးေရ“ လို့လွမ္းေမးလိုက္တယ္….

“သင္ဟာကၽြန္မနဲ႔ ပထမဦးဆုံးေတြ႕တဲ့အခ်ိန္မွာအလြန္မသတီစရာေကာင္းတဲ့ ႐ုပ္နဲ႔ေတြ႕ေပမဲ့ ၾကင္နာစြာ ဆက္ဆံခဲ့တယ္…

ဒီအတြက္ေၾကာင့္စိတ္ထားေကာင္း တဲ့သင့္ကို အခြင့္အေရးတခု ေပးခ်င္ပါတယ္…

ဒါကေတာ့ ေန႔ဘက္ ဒါမွမဟုတ္ ညဘက္ ရွင္ႀကိဳက္တဲ့အခ်ိန္ပိုင္းမွာ အခုလိုလွပေမြးပ်ံ႕တဲ့ပုံစံနဲ႔ ေတြ႕ျမင္နိုင္ေအာင္

ဖန္ဆင္းထားမယ္လို့ဆုံးျဖတ္ထားပါတယ္…“လို့ျပန္ေျပာလိုက္ပါတယ္။ဘယ္ေလာက္မ်ား ရက္စက္ နာက်င္ေစတဲ့ ေမးခြန္းပါလိမ့္…

အမတ္ႀကီးလဲေသခ်ာစဥ္းစားၿပီး အေျဖေပးရေတာ့မယ္….

ေန႔ပိုင္းမွာ ေခ်ာေမာလွပတဲ့ မိန္းကေလး ကိုမိတ္ေဆြေတြအလည္မွာ ျပသၿပီး ညအခ်ိန္မွာစုန္းမႀကီးနဲ႔အတူတူအိပ္မလား

ဒါမွမဟုတ္ ေန႔ပိုင္းမွာစုန္းမႀကီးကိုျပသၿပီး ကိုယ္ပိုင္အခ်ိန္ျဖစ္တဲ့ညအခ်ိန္မွာေပ်ာ္ရႊင္ဖြယ္ရာအခ်ိန္ေတြကို ပိုင္ဆိုင္မွာလား???

အမတ္ႀကီးဘာေရြးလိုက္တယ္ဆိုတာကို ဆက္မဖတ္ေသးဘဲ သင္ကိုယ္တိုင္ဆိုရင္ေကာဘာကိုေရြးခ်ယ္မွာလဲ ?????

အမတ္ႀကီးေရြးခ်ယ္လိုက္တာကေတာ့ “ မင္းသေဘာအတိုင္းပါဘဲကြာ “

အဲဒီစကားကိုၾကားလိုက္တဲ့အခါ အမ်ိဳးသမီးေလးက ေအာက္ပါအတိုင္းေၾကျငာ လိုက္ပါေတာ့တယ္…

“အခ်ိန္တိုင္း လွပတဲ့ပုံစံနဲ႔ ရွင့္ကိုျမင္ေတြ႕ေစခ်င္ပါတယ္ “ဘာေၾကာင့္လဲဆိုေတာ့ သူမဘဝကိုသူမစိတ္ႀကိဳက္စီမံခြင့္ရရွိခဲ့လို့ပါ…

ပုံျပင္ေလးရဲ့ အဓိက ဆိုလိုရင္းက ဘာလဲ….?????သင့္ရဲ့ မိန္းကေလးဟာ သူတို့စိတ္တိုင္းက် သူတို့ဘဝကို စီမံခြင့္မရခဲ့ရင္

သင့္အေျခအေနဟာလဲ ေန႔ ဒါမွမဟုတ္ ည ပိုင္းေတြမွာ မလွပနိုင္ေတာ့ဘူးေပါ့ေနာ္။

Crd: မူရင္းတင္သူ။

Unicode Version

အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ ဆိုတာ

တခါတုန်းက နိုင်ငံငယ်လေးတခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါးနန်းတက်ခဲ့တယ်…

ထိုတိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်အင်အားကြီးပြီးစစ်လိုလားတဲ့ ဘုရင်ကြီးတပါးရှိတယ်…

ထိုဘုရင်ကြီးဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့

အတွေးအခေါ်တွေကို သဘောကျလို့ အခွင့်အရေးတခုပေးလိုက်ပါတယ်…

အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတခု မေးလိုက်တာပါ….

ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီးမဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်…

မေးခွန်းကတော့ …

“လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ “

အဲဒီမေးခွန်းကတော့…ဘုရင်လေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုပ်ထွေးစေ တော့တာပါဘဲ…

တချို့က မဖြစ်နိုင်တဲ့ မေးခွန်းလို့ထင်ကြတယ် ဒါပေမယ့် အချိန်တစ်နှစ်ရဖို့အတွက် အဖြေရှာဖို့လက်ခံလိုက်ရတာပေါ့…

ဒါနဲ့ သူ့တိုင်းပြည်မှာရှိတဲ့ မင်းညီမင်းသားတွေ၊ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရားသူကြီးတွေ၊ပြည်သူပြည်သားတွေနဲ့

ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီး အဖြေရဖို့ကြိုးစားပါတော့တယ်…ဒါပေမဲ့ •ပြည့်စုံ ကျေနပ်ဖွယ်ရာ အဖြေတော့ မရခဲ့ပါဘူး…

နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့စုန်းမအိုကြီး တယောက်သာလျှင်

ဒီအဖြေကို ဖြေနိုင်လိမ့်မယ်လို့ လျှောက်တင်လိုက်ကြတယ်…စုန်းမကြီးဟာ အလွန်တန်ဖိုးကြီးတဲ့အဖိုးအခကိုတောင်းဆိုလိုက်ပါတော့တယ်…

အဖြေပေးရမဲ့ နောက်ဆုံးရက်ဟာတဖြေးဖြေးနီးလာပါပြီ…စုန်းမကြီးဟာလဲ သူ့တောင်းဆိုချက်ကို အရင်လိုက်လျှောမှအဖြေပေးနိုင်မယ်လို့ ဆိုပါတယ်…

တောင်းဆိုချက်ကတော့ ဘုရင်လေးရဲ့ ယုံကြည် အားအကိုး ရဆုံးသူငယ်ချင်း လဲဖြစ်၊

နိုင်ငံရဲ့ သူရဲကောင်းစစ်ဦးစီးလဲဖြစ်တဲ့ အမတ်ကြီးကိုလက်ထပ်ပေး ဖို့ပါဘဲ…ဘုရင်လေးလဲ အလွန်တုန်လှုပ်ချောက်ချားနေတာပေါ့…

စုန်းမကြီးပုံစံက ခါးကုန်းကုန်း ကျောကုန်းဘုနှင့်အမြင်ဆိုးရွားလှတယ်…သွားကလဲ ရှေ့သွား တချောင်းထဲရှိတယ်…အနံ့အသက်ကလဲ ဆိုးရွားလှတယ်…
စကားအပြောအဆို ကလဲ ကြမ်းတမ်း ညစ်ညမ်းလှတယ်….

ထိုဆိုရွားလှတဲ့ စုန်းမကြီးနဲ့ နူးညံ့သိမ်မွေ့စိတ်သဘောကောင်းတဲ့ သူရဲ့ သူငယ်ချင်းနဲ့ယူဖို့တိုက်တွန်းဖို့ရာမှာ သူ့အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်နေတာပေါ့…

ဒါပေမယ့် အမတ်ကြီးကတော့ တိုင်းပြည်နဲ့ လူမျိုးအရေးနဲ့ ယှဉ်ရင်ဒီကိစ္စဟာ သူ့အတွက်အရေးမကြီးကြောင်း ပြောဆိုပြီး

စုန်းမကြီးပြောတဲ့ အဆိုကိုလက်ခံပါ့မယ်လို့ ဘုရင်လေးကို လျှောက်တင်လိုက်ပါတယ်…

ဒီလိုနဲ့ မင်္ဂလာပွဲအစီအစဉ်ကိုကြေငြာလိုက်ပြီးဘုရင်လေးအတွက်အဖြေကို စုန်းမကြီးကပေးလိုက်ပါတော့တယ်..

“လောကကြီးမှာရှိတဲ့ အမျိုးအမီးတိုင်းအမှန်တကယ် အလိုချင်ဆုံးအရာက သူတို့ရဲ့ ဘဝကိုသူတို့ စိတ်တိုင်းကျ စီမံခန့်ခွဲချင်တာပါဘဲ“

ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိပြီးဘုရင်ကြီးကလည်းစစ်မပြုတော့ဘဲ ဘုရင်လေးတို့တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်…

အမတ်ကြီးနဲ့ စုန်းမကြီးတို့ရဲ့ မင်္ဂလာပွဲဘယ်လိုဖြစ်သွားလဲ???ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်းတွေကိုတပြိုင်နက်ခံစားနေရပြီပေါ့….

သိမ်မွေ့ယဉ်ကျေးတဲ့သူငယ်ချင်းနဲ့အလွန်မသတီစရာစုန်းမတို့ရဲ့ လက်တွဲရမယ့် ဘဝအရေးကို စဉ်းစားမိလို့ပေါ့….

အမတ်ကြီးလဲ ဆိုးရွားလှတဲ့ ဘဝကိုရင်ဆိုင်ဖို့မင်္ဂလာအိပ်ခန်းတွင်းကို ဝင်သွားရပြီ…

ဒါပေမယ့် အိပ်ခန်းတွင်းမှာတော့ အလွန်လှပတဲ့အမျိုးအမီးလေးတယောက် ထိုင်နေတာကို တွေ့လိုက်ရလို့ အရမ်းအံ့သြသွားတာပေါ့…

“ဘာတွေဖြစ်ကုန်ပြီ လဲ မိန်းကလေးရေ“ လို့လှမ်းမေးလိုက်တယ်….

“သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာအလွန်မသတီစရာကောင်းတဲ့ ရုပ်နဲ့တွေ့ပေမဲ့ ကြင်နာစွာ ဆက်ဆံခဲ့တယ်…

ဒီအတွက်ကြောင့်စိတ်ထားကောင်း တဲ့သင့်ကို အခွင့်အရေးတခု ပေးချင်ပါတယ်…

ဒါကတော့ နေ့ဘက် ဒါမှမဟုတ် ညဘက် ရှင်ကြိုက်တဲ့အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံ့တဲ့ပုံစံနဲ့ တွေ့မြင်နိုင်အောင်

ဖန်ဆင်းထားမယ်လို့ဆုံးဖြတ်ထားပါတယ်…“လို့ပြန်ပြောလိုက်ပါတယ်။ဘယ်လောက်များ ရက်စက် နာကျင်စေတဲ့ မေးခွန်းပါလိမ့်…

အမတ်ကြီးလဲသေချာစဉ်းစားပြီး အဖြေပေးရတော့မယ်….

နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေး ကိုမိတ်ဆွေတွေအလည်မှာ ပြသပြီး ညအချိန်မှာစုန်းမကြီးနဲ့အတူတူအိပ်မလား

ဒါမှမဟုတ် နေ့ပိုင်းမှာစုန်းမကြီးကိုပြသပြီး ကိုယ်ပိုင်အချိန်ဖြစ်တဲ့ညအချိန်မှာပျော်ရွှင်ဖွယ်ရာအချိန်တွေကို ပိုင်ဆိုင်မှာလား???

အမတ်ကြီးဘာရွေးလိုက်တယ်ဆိုတာကို ဆက်မဖတ်သေးဘဲ သင်ကိုယ်တိုင်ဆိုရင်ကောဘာကိုရွေးချယ်မှာလဲ ?????

အမတ်ကြီးရွေးချယ်လိုက်တာကတော့ “ မင်းသဘောအတိုင်းပါဘဲကွာ “

အဲဒီစကားကိုကြားလိုက်တဲ့အခါ အမျိုးသမီးလေးက အောက်ပါအတိုင်းကြေငြာ လိုက်ပါတော့တယ်…

“အချိန်တိုင်း လှပတဲ့ပုံစံနဲ့ ရှင့်ကိုမြင်တွေ့စေချင်ပါတယ် “ဘာကြောင့်လဲဆိုတော့ သူမဘဝကိုသူမစိတ်ကြိုက်စီမံခွင့်ရရှိခဲ့လို့ပါ…

ပုံပြင်လေးရဲ့ အဓိက ဆိုလိုရင်းက ဘာလဲ….?????သင့်ရဲ့ မိန်းကလေးဟာ သူတို့စိတ်တိုင်းကျ သူတို့ဘဝကို စီမံခွင့်မရခဲ့ရင်

သင့်အခြေအနေဟာလဲ နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ မလှပနိုင်တော့ဘူးပေါ့နော်။

Crd: မူရင်းတင်သူ။