ကိုဗစ် ဘယ်လို ကူးသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိချင်နေတာ အခုမှ တကယ် သဘောပေါက်ပြီ
အမေရိကန်ပြည် ထောင်စု၊ ရောဂါကူးစက်မှုကာကွယ်ရေးနှင့်ထိန်းချုပ်ရေးဗဟိုဌာန (CDC)မှထုတ်ပြန်ထား သည်ဆိုသောအချက် အလက်များကိုဘာသာ ပြန်မျှဝေပေးခြင်းသာဖြစ်ပါသည်
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့်စပ်လျဉ်း၍ သိပ္ပံနည်းကျတွေ့ရှိ ထားသောအထောက် အထားများ။
၁။ မျက်နှာပြင်များမှကူးစက်မှုအန္တရာယ် အလွန်နည်းသည်။
၂ ။ ပြင်ပပါတ်ဝန်းကျင်တွင်သွားလာ လှုပ်ရှားမှုများမှကူးစက်နိုင်မှု အန္တရာယ် အလွန်နည်းသည်။ (အောက်တွင်ရှင်းပြထားပါသည်)။
၃။ ရုံးခန်း၊ဘာသာရေးဝတ်ပြုရာနေရာ၊ရုပ်ရှင်ရုံ၊အားကစားခန်းမ (Gym) သို့မဟုတ် ကပွဲ ရုံကဲ့သို့သောအလုံပိတ်ပါတ်ဝန်းကျင်တွင်စုဝေးမှုမျိုးမှ ကူးစက်နိုင်မှု အန္တရာယ်အလွန်များ သည်။
ဤအထောက်အထားများကိုအချိန်ကာလအတော်ကြာကြာကပင်တွေ့ရှိထားပြီးဖြစ်သည့်အတွက်၊လက်ရှိဖြစ်ပေါ်နေသည့်ရောဂါကူးစက်မှု အခြေအနေကိုအကောင်းဆုံးစီမံခန့်ခွဲနိုင်ရန်ဤအချက်များ ကိုထည့်သွင်းစဉ်းစားကျင့်သုံးရန်လိုသည်။
မျက်နှာပြင်မှကူးစက်နိုင်သည်ဟူသောစိုးရိမ်လွန်ကဲမှုများကို လျှော့ချပြီး၊ ရုံးပြန်တက်ရန်ဆန္ဒမစောကြသင့်ပေ။
မေးခွန်း – မည်သို့သောပုဂ္ဂိုလ်မျိုး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရဖွယ်ရှိသနည်း။
မေးခွန်း – မည်သို့သောအခြေအနေမျိုးတွင် ကူးစက်ခံရမည်နည်း။
လူတယောက်ထံရောဂါ ပိုးအမှန်တကယ် ကူးစက်နိုင်ရန် – ဗိုင်းရပ်စ်ပိုးအရည်အတွက် 1000 Viral Particles (vp) လိုအပ်ပါသည်။
ပုံမှန် သဘာဝပါတ်ဝန်းကျင်တွင်အောက် ပါအပြုအမူများ၌ ဗိုင်းရပ်စ်ပိုးပါဝင်မှုအရည်အတွက်မှာ
> အသက်ရှူခြင်း – 20 vp/minute
> စကားပြောခြင်း – 200 vp/minute
> ချောင်းဆိုးခြင်း – 200 million vp/minute
(လေဝင်လေထွက်မကောင်းသည့်ပါတ်ဝန်းကျင်တွင် ဗိုင်းရပ်စ် ပိုးများလေထဲတွင်နာရီပေါင်းများစွာအသက် ရှင်ကျန်ရစ်နေနိုင်သည်)
> နှာချေခြင်း – 200 million vp/minute.
တွက်ချက်နည်း (Formula)
အမှန်တကယ်ရောဂါကူးစက်ခံနိုင်ရန် = ဗိုင်းရပ်စ် ပိုးနှင့်ထိတွေ့မှု x အချိန်ကာလ
အခြေအနေပါတ်ဝန်းကျင် (Scenarios)
၁။ လူတယောက်နှင့် ၆ ပေအကွာအဝေးအတွင်း အတူနေပြီး ၄၅ မိနစ်ထက်မကြာပါကရောဂါ ကူးစက်ခံရမှု အန္တရာယ်အလွန်နည်းသည်။
၂။ လူတယောက်နှင့်တယောက် (မျက်နှာဖုံးစွပ်လျက်)မျက်နှာခြင်းဆိုင်စကားပြောမှု ၄ မိနစ်ထက်မပိုခဲ့လျင် ရောဂါ ကူးစက်မှုအန္တရာယ်အလွန်နည်းသည်။
၃။ လူတယောက်နှင့်တယောက်လမ်းလျှောက်ရင်းပြေးရင်း၊ စက်ဘီးစီးရင်းဖြတ်သွားဖြတ် လာတွေ့မှုမှရောဂါ ကူးစက် မှုအန္တရာယ်အလွန်နည်းသည်။
၄။ လေဝင်လေထွက်ကောင်းသည့်နေရာမျိုးတွင်လိုအပ်သည့် အကွာအဝေးအတိုင်း၊အချိန်ကာလအတိုင်းအတာ တခုအတွင်းတွေ့ထိနေထိုင်လျှင်ရောဂါကူးစက်မှုအန္တရာယ်အလွန်နည်းသည်။
၅။ စျေးဝယ်ထွက်ခြင်းသည်ရောဂါကူးစ က်နိုင်မှုအန္တရာယ်အလယ် အလတ်ရှိသော်လည်းစျေးဝယ်ချိန်ကို ကန့်သတ်ပြီး၊ကျန်းမာရေးနဲ့ညီညွတ်အောင်နေပါ က၊အန္တရာယ်ကိုလျော့ကျစေနိုင်သည်။
၆။ အလုံပိတ်အခန်းသည်ရောဂါကူးစက်နိုင်မှုအန္တရာယ်အလွန်များသည့်နေရာဖြစ်သည်။
၇။ အများသုံးအိမ်သာ/ဘုံစုဝေးရာနေရာများ သည်၊ အဝတ်အစား၊အိုးခွက်ပုဂံ၊ပရိဘောဂစသည့်မျက်နှာပြင်များမှရောဂါကူးစက်နိုင်သည့်အန္တရာယ်အလွန်များသည့်နေရာများဖြစ်သည်။
၈။ စားသောက်ဆိုင်များ သည်လည်းရောဂါကူးစက်နိုင်မှုအန္တရာယ်အလွန်များသည်နေရာများဖြစ်သည်။မျက်နှာ ပြင်များနှင့်ထိတွေ့မှုလျှော့ချရန်သတိရှိပါကကူးစက်မှုအန္တရာယ်လည်းလျော့ကျသွားနိုင် သည်။
၉။ လုပ်ငန်းခွင်နှင့်စာ သင်ခန်းများသည်၊သတ် မှတ်ထားသည့်အကွာအဝေးအတိုင်းနေထိုင်သည့်တိုင်ရောဂါကူးစက်နိုင်မှုအန္တရာယ်အလွန်များသည့်နေရာများဖြစ်သည်၊အထူးသဖြင့်တွေ့ထိသည့်မျက်နှာပြင် မှကူးစက်နိုင်သည့်အန္တရာယ်အလွန်များသည်။
၁၀။ ပါတီပွဲ၊မင်္ဂလာ ဆောင်စသည်အခမ်း အနားများသည်၊ရောဂါ ကူးစက်နိုင်မှုအန္တရာယ် အလွန်များသည့်နေရာများဖြစ်သည်။
၁၁။ စီးပွားရေးလုပ်ငန်းကွန်ယက်များ၊ညီလာခံများသည်လည်းရောဂါ ကူးစက်နိုင်မှုအန္တရာယ်အလွန်များသည့်နေရာများဖြစ်သည်။
၁၂။ အားကစားကွင်းကဲ့သို့လူစုဝေးသည့်နေရာ၊ ကဇါတ်ရုံ၊ရုပ်ရှင်ရုံစသည်တို့သည်လည်း၊ရောဂါကူးစက်နိုင်မှုအန္တရာယ် အလွန်များသည့်နေရာများဖြစ်သည်။
အန္တရာယ်ရှိမှုကိုချိန်ဆခြင်း
ရောဂါကူးစက်နိုင်သည့်အန္တရာယ်အနည်းအများ ကိုချိန်ဆတွက်ချက်သည့်အခါအောက်ပါအချက်များကိုနှိုင်းယှဉ်ကြည့်ရန်လိုသည်။
– အခန်းတွင်း နှင့် ပြင်ပ၊
– – ကျဉ်းမြောင်းသည့်နေရာ နှင့် လေဝင်လေထွက်ကောင်းသည့်နေရာ၊
– လူသူထူထပ်မှု နှင့် လူဦးရေနည်းပါးမှု၊
– – အချိန်ကြာကြာနေခြင်း နှင့် ခေတ္တခဏသာနေခြင်း၊
ပထမအခြေအနေများသည် ရောဂါ ကူးစက်မှု အန္တရာယ်ကိုပိုများစေသည်။
Credit .Aung Swe
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))
မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners

ကိုဗစ္ ဘယ္လို ကူးသလဲ ဆိုတာ ရွင္းရွင္းလင္းလင္း သိခ်င္ေနတာ အခုမွ တကယ္ သေဘာေပါက္ၿပီ
အေမရိကန္ျပည္ ေထာင္စု၊ ေရာဂါကူးစက္မႈကာကြယ္ေရးႏွင့္ထိန္းခ်ဳပ္ေရးဗဟိုဌာန (CDC)မွထုတ္ျပန္ထား သည္ဆိုေသာအခ်က္ အလက္မ်ားကိုဘာသာ ျပန္မွ်ေဝေပးျခင္းသာျဖစ္ပါသည္
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈႏွင့္စပ္လ်ဥ္း၍ သိပၸံနည္းက်ေတြ႕ရွိ ထားေသာအေထာက္ အထားမ်ား။
၁။ မ်က္ႏွာျပင္မ်ားမွကူးစက္မႈအႏၲရာယ္ အလြန္နည္းသည္။
၂ ။ ျပင္ပပါတ္ဝန္းက်င္တြင္သြားလာ လႈပ္ရွားမႈမ်ားမွကူးစက္ႏိုင္မႈ အႏၲရာယ္ အလြန္နည္းသည္။ (ေအာက္တြင္ရွင္းျပထားပါသည္)။
၃။ ႐ုံးခန္း၊ဘာသာေရးဝတ္ျပဳရာေနရာ၊႐ုပ္ရွင္႐ုံ၊အားကစားခန္းမ (Gym) သို႔မဟုတ္ ကပြဲ ႐ုံကဲ့သို႔ေသာအလုံပိတ္ပါတ္ဝန္းက်င္တြင္စုေဝးမႈမ်ိဳးမွ ကူးစက္ႏိုင္မႈ အႏၲရာယ္အလြန္မ်ား သည္။
ဤအေထာက္အထားမ်ားကိုအခ်ိန္ကာလအေတာ္ၾကာၾကာကပင္ေတြ႕ရွိထားၿပီးျဖစ္သည့္အတြက္၊လက္ရွိျဖစ္ေပၚေနသည့္ေရာဂါကူးစက္မႈ အေျခအေနကိုအေကာင္းဆုံးစီမံခန္႔ခြဲႏိုင္ရန္ဤအခ်က္မ်ား ကိုထည့္သြင္းစဥ္းစားက်င့္သုံးရန္လိုသည္။
မ်က္ႏွာျပင္မွကူးစက္ႏိုင္သည္ဟူေသာစိုးရိမ္လြန္ကဲမႈမ်ားကို ေလွ်ာ့ခ်ၿပီး၊ ႐ုံးျပန္တက္ရန္ဆႏၵမေစာၾကသင့္ေပ။
ေမးခြန္း – မည္သို႔ေသာပုဂၢိဳလ္မ်ိဳး ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရဖြယ္ရွိသနည္း။
ေမးခြန္း – မည္သို႔ေသာအေျခအေနမ်ိဳးတြင္ ကူးစက္ခံရမည္နည္း။
လူတေယာက္ထံေရာဂါ ပိုးအမွန္တကယ္ ကူးစက္ႏိုင္ရန္ – ဗိုင္းရပ္စ္ပိုးအရည္အတြက္ 1000 Viral Particles (vp) လိုအပ္ပါသည္။
ပုံမွန္ သဘာဝပါတ္ဝန္းက်င္တြင္ေအာက္ ပါအျပဳအမူမ်ား၌ ဗိုင္းရပ္စ္ပိုးပါဝင္မႈအရည္အတြက္မွာ
> အသက္ရွဴျခင္း – 20 vp/minute
> စကားေျပာျခင္း – 200 vp/minute
> ေခ်ာင္းဆိုးျခင္း – 200 million vp/minute
(ေလဝင္ေလထြက္မေကာင္းသည့္ပါတ္ဝန္းက်င္တြင္ ဗိုင္းရပ္စ္ ပိုးမ်ားေလထဲတြင္နာရီေပါင္းမ်ားစြာအသက္ ရွင္က်န္ရစ္ေနႏိုင္သည္)
> ႏွာေခ်ျခင္း – 200 million vp/minute.
တြက္ခ်က္နည္း (Formula)
အမွန္တကယ္ေရာဂါကူးစက္ခံႏိုင္ရန္ = ဗိုင္းရပ္စ္ ပိုးႏွင့္ထိေတြ႕မႈ x အခ်ိန္ကာလ
အေျခအေနပါတ္ဝန္းက်င္ (Scenarios)
၁။ လူတေယာက္ႏွင့္ ၆ ေပအကြာအေဝးအတြင္း အတူေနၿပီး ၄၅ မိနစ္ထက္မၾကာပါကေရာဂါ ကူးစက္ခံရမႈ အႏၲရာယ္အလြန္နည္းသည္။
၂။ လူတေယာက္ႏွင့္တေယာက္ (မ်က္ႏွာဖုံးစြပ္လ်က္)မ်က္ႏွာျခင္းဆိုင္စကားေျပာမႈ ၄ မိနစ္ထက္မပိုခဲ့လ်င္ ေရာဂါ ကူးစက္မႈအႏၲရာယ္အလြန္နည္းသည္။
၃။ လူတေယာက္ႏွင့္တေယာက္လမ္းေလွ်ာက္ရင္းေျပးရင္း၊ စက္ဘီးစီးရင္းျဖတ္သြားျဖတ္ လာေတြ႕မႈမွေရာဂါ ကူးစက္ မႈအႏၲရာယ္အလြန္နည္းသည္။
၄။ ေလဝင္ေလထြက္ေကာင္းသည့္ေနရာမ်ိဳးတြင္လိုအပ္သည့္ အကြာအေဝးအတိုင္း၊အခ်ိန္ကာလအတိုင္းအတာ တခုအတြင္းေတြ႕ထိေနထိုင္လွ်င္ေရာဂါကူးစက္မႈအႏၲရာယ္အလြန္နည္းသည္။
၅။ ေစ်းဝယ္ထြက္ျခင္းသည္ေရာဂါကူးစ က္ႏိုင္မႈအႏၲရာယ္အလယ္ အလတ္ရွိေသာ္လည္းေစ်းဝယ္ခ်ိန္ကို ကန္႔သတ္ၿပီး၊က်န္းမာေရးနဲ႔ညီၫြတ္ေအာင္ေနပါ က၊အႏၲရာယ္ကိုေလ်ာ့က်ေစႏိုင္သည္။
၆။ အလုံပိတ္အခန္းသည္ေရာဂါကူးစက္ႏိုင္မႈအႏၲရာယ္အလြန္မ်ားသည့္ေနရာျဖစ္သည္။
၇။ အမ်ားသုံးအိမ္သာ/ဘုံစုေဝးရာေနရာမ်ား သည္၊ အဝတ္အစား၊အိုးခြက္ပုဂံ၊ပရိေဘာဂစသည့္မ်က္ႏွာျပင္မ်ားမွေရာဂါကူးစက္ႏိုင္သည့္အႏၲရာယ္အလြန္မ်ားသည့္ေနရာမ်ားျဖစ္သည္။
၈။ စားေသာက္ဆိုင္မ်ား သည္လည္းေရာဂါကူးစက္ႏိုင္မႈအႏၲရာယ္အလြန္မ်ားသည္ေနရာမ်ားျဖစ္သည္။မ်က္ႏွာ ျပင္မ်ားႏွင့္ထိေတြ႕မႈေလွ်ာ့ခ်ရန္သတိရွိပါကကူးစက္မႈအႏၲရာယ္လည္းေလ်ာ့က်သြားႏိုင္ သည္။
၉။ လုပ္ငန္းခြင္ႏွင့္စာ သင္ခန္းမ်ားသည္၊သတ္ မွတ္ထားသည့္အကြာအေဝးအတိုင္းေနထိုင္သည့္တိုင္ေရာဂါကူးစက္ႏိုင္မႈအႏၲရာယ္အလြန္မ်ားသည့္ေနရာမ်ားျဖစ္သည္၊အထူးသျဖင့္ေတြ႕ထိသည့္မ်က္ႏွာျပင္ မွကူးစက္ႏိုင္သည့္အႏၲရာယ္အလြန္မ်ားသည္။
၁၀။ ပါတီပြဲ၊မဂၤလာ ေဆာင္စသည္အခမ္း အနားမ်ားသည္၊ေရာဂါ ကူးစက္ႏိုင္မႈအႏၲရာယ္ အလြန္မ်ားသည့္ေနရာမ်ားျဖစ္သည္။
၁၁။ စီးပြားေရးလုပ္ငန္းကြန္ယက္မ်ား၊ညီလာခံမ်ားသည္လည္းေရာဂါ ကူးစက္ႏိုင္မႈအႏၲရာယ္အလြန္မ်ားသည့္ေနရာမ်ားျဖစ္သည္။
၁၂။ အားကစားကြင္းကဲ့သို႔လူစုေဝးသည့္ေနရာ၊ ကဇါတ္႐ုံ၊႐ုပ္ရွင္႐ုံစသည္တို႔သည္လည္း၊ေရာဂါကူးစက္ႏိုင္မႈအႏၲရာယ္ အလြန္မ်ားသည့္ေနရာမ်ားျဖစ္သည္။
အႏၲရာယ္ရွိမႈကိုခ်ိန္ဆျခင္း
ေရာဂါကူးစက္ႏိုင္သည့္အႏၲရာယ္အနည္းအမ်ား ကိုခ်ိန္ဆတြက္ခ်က္သည့္အခါေအာက္ပါအခ်က္မ်ားကိုႏႈိင္းယွဥ္ၾကည့္ရန္လိုသည္။
– အခန္းတြင္း ႏွင့္ ျပင္ပ၊
– – က်ဥ္းေျမာင္းသည့္ေနရာ ႏွင့္ ေလဝင္ေလထြက္ေကာင္းသည့္ေနရာ၊
– လူသူထူထပ္မႈ ႏွင့္ လူဦးေရနည္းပါးမႈ၊
– – အခ်ိန္ၾကာၾကာေနျခင္း ႏွင့္ ေခတၱခဏသာေနျခင္း၊
ပထမအေျခအေနမ်ားသည္ ေရာဂါ ကူးစက္မႈ အႏၲရာယ္ကိုပိုမ်ားေစသည္။
Credit .Aung Swe
(((( ဒီ Post ေလးက အသုံးဝင္တယ္ ဆိုရင္Share တစ္ခ်က္ လုပ္ၿပီး မွ်ေဝေပးလိုက္ပါ ))))
မူရင္း ေရးသားသူအား ေလးစားစြာျဖင့္ Credit ေပးပါသည္။
Photo Credit to Owners




