အိုင်းစတိုင်းဟာ အသက် (၄) နှစ်အရွယ်ရောက်မှ စကားစပြီးပြောတက်တာဖြစ်ပေမယ့် အဆိုတော် ရှာကီရာဟာ အသက် (၄) နှစ်အရွယ်မှာ ကဗျာတွေရေးနေပါပြီ။ ဒီလိုပဲ တခြားဉာဏ်ရည်မြင့်တဲ့ ဟော်လိဝုဒ်နာမည်ကျော်တွေ အများကြီး ရှိနေပါသေးတယ်။ ဒီနေ့ kwee page က ဉာဏ်ရည်မြင့်မားကြတဲ့ ဟောလိဝုဒ် နာမည်ကျော်များ အကြောင်းပြောပြပေးသွားမှာပါ။
Rowan Atkinson

Source: Stars Insider
အများကတော့ Rowan Atkinson ကို Mr. Bean လို့လူသိများကြပါတယ်။ သူရဲ့ IQ ဟာ (၁၇၈) အထိရှိတယ်လို့ သိရပါတယ်။ သူဟာ ငယ်စဉ်ကတည်းက ကျောင်းမှာ အမှတ်ကောင်းလေ့ရှိပြီး ထူးချွန်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ ပါတယ်။ သရုပ်ဆောင်လုပ်ငန်းဖက် မကူးခင် သူဟာ နယူးကာကယ်တက္ကသိုလ်မှာ အင်ဂျင်နီယာ အကြောင်းလေ့လာခဲ့ ပါသေးတယ်။ ပြီးတော့ အောက်စဖိုဒ် တက္ကသိုလ်မှာ လည်း သိပ္ပံမာစတာဘွဲ့ ယူဖို့ကြိုးစားခဲ့သေးတယ်လို့ သိရပါတယ်။
ရှာကီရာ

Source: Fox News
အဆိုတော် ရှာကီရာဟာ အသက် (၄) နှစ်အရွယ်မှာ ကဗျာတွေရေးနေပါပြီ။ အသက် (၁၃) နှစ်အရွယ်မှာ ပထမဆုံး တေးအယ်လ်ဘယ် ထုတ်လုပ်ခဲ့တယ်။ သူမရဲ့ IQ ကတော့ (၁၄၀) ခန့်ရှိပါတယ်။ ပြီးတော့ ရှာကီရာဟာ ဘာသာစကား (၅) မျိုးအထိတောင် ပြောဆိုနားလည်နိုင်ပါတယ်။
Quentin Tarantino (ကွီတင် တာရန်တီနို)

Source: Esquire Middle East
အသက် (၁၄) နှစ်အရွယ်မှာ ကတည်းက ဇာတ်ညွှန်းတွေရေးနေပြီး ရုပ်ရှင်ရိုက်ကူးဖို့အထိ စိတ်ကူးနေခဲ့ပါတယ်။ သူဟာ ကောလိပ်တက်ခဲ့ဖူးခြင်းမရှိပါဘူး။ ဒါပေမယ့် IQ (၁၆၀) အထိရှိနေပြီး အော်စကာ (၂) ဆုတောင် ရရှိခဲ့ပါတယ်။
Matt Damon (မက်တ် ဒန်မွန်)

Matt Damon arrives at the Los Angeles premiere of “Suburbicon” on in Los Angeles
LA Premiere of “Suburbicon”, Los Angeles, USA – 22 Oct 2017
Source: Variety
သူ့ရဲ့ IQ ဟာ (၁၆၀) အထိရှိတယ်လို့ ဖော်ပြနေကြပါတယ်။ သူဟာ ဟားဗက်တက္ကသိုလ်တက်နေစဉ်မှာ နာမည်ကျော် ဇာတ်ကားဖြစ်တဲ့ Good Will Hunting ဇာတ်ကားရဲ့ ဇာတ်ညွန်းတွေကို ရေးခဲ့တာပါ။
Sharon Stone (ရှာရွန် စတုန်း)
Source: BBC
သူမဟာ ငယ်စဉ်ကတည်းကထူးချွန်ထက်မြတ်ခဲ့သူဖြစ်ပြီး အသက် (၅) နှစ်အရွယ်မှာ ရွယ်တူ တခြားကလေးတွေထက် အတန်းကျော်ပြီး ပညာသင်ယူခဲ့ပါတယ်။ အသက် (၁၅) နှစ်အရွယ်မှာ ကောလိပ်ကျောင်းတက်ဖို့ ပညာသင်ဆုရရှိခဲ့ပါတယ်။ သူမရဲ့ IQ ကတော့ (၁၅၄) အထိရှိနေပြီး ဒါဟာ ကမ္ဘာ့လူဦးရေရဲ့ (ဝ.၁) ရာခိုင်နှုန်းသော လူတွေထဲမှာသာ တွေ့မြင်နိုင်တဲ့ ဉာဏ်ရည်မြင့်မားမှုဖြစ်ပါတယ်။
Bonus – Albert Einstein (အိုင်းစတိုင်း)

Source: Viva
အိုင်းစတိုင်းကိုတော့ ပရိသတ်တွေ သိကြပါတယ်။ သူရဲ့ IQ ကတော့ ခန့်မှန်းချေ (၁၆၀) လောက်အထိရှိပါတယ်။ သူဟာ ဘွဲ့ရပြီး ကျောင်းဆရာအလုပ်ရဖို့ (၂) နှစ်တောင် ခက်ခက်ခဲခဲ ရှာဖွေခဲ့ရပါတယ်။ Physics ဟာ အိုင်းစတိုင်းအတွက် အရေးကြီးဆုံး မဟုတ်သေးပါဘူး။ သူဟာ စန္ဒရားတီးခြင်းနဲ့ တယောထိုးခြင်းကို နှစ်သက်သူဖြစ်ပါတယ်။



