ဘယ်လောက်ပဲ ချစ်တဲ့သူ ဖြစ်နေပါစေ ပေးဆပ်နေရတာ များလာပြီး ချစ်ရတာနဲ့ မတန်တော့ရင်…

သူ့ဘက်ကိုယ့်ဘက် မျှတွေးပါ …။
ဘယ်လောက်ပဲ စိတ်ရှည်သူဖြစ်ပါစေ …။
သူ့မှာလည်း နားလည်ပေးရတာ များလာတော့ …၊
စိတ်ကုန်သွားတဲ့နေ့ ဆိုတာ ရှိလာမှာ ပဲလေ …။
ဘယ်လောက်ပဲ ချစ်တဲ့သူ ဖြစ်နေပါစေ …။
သူ့မှာလည်း ပေးဆပ်နေရတာ များလာပြီး …၊
ချစ်ရတာနဲ့ ပေးဆပ်နေရတာ မတန်တော့ စိတ်ပျက်လာမှာပဲလေ …။
ဘယ်လောက်ပဲ သည်းခံတတ်သူ ဖြစ်ပါစေ …။
သူမှန်လည်း သည်းခံ သူမှားလည်း သည်းခံရတာ များလာတော့
တခါတလေ လက်တုန့်ပြန်ချင်တဲ့ နေ့ဆိုတာလည်း ရှိလာမှာပဲလေ …။
ဘယ်လောက်ပဲ တော်နေသူ ဖြစ်နေပါစေ။
လောကဓံ ဖိအားပြင်းထန်လွန်းလာရင်
သူ့မှာလည်း အားငယ်တဲ့ နေ့ဆိုတာ ရှိလာနိုင်တာပဲလေ …။
ဘယ်လောက်ပဲ အသည်းမာတဲ့သူ ဖြစ်နေပါစေ …။
တကယ်ချစ်မိပြီး တကယ် ခံစားလာရင်တော့ …၊
မျက်ရည်ကျတဲ့ နေ့ဆိုတာ သူ့ဘဝမှာ …။
တစ်ကြိမ်တခါတော့ ရှိနေတက်တာပဲလေ …။
ဘယ်လောက်ပဲ သဘောကောင်းပြီး အားနာတက်သူ ဖြစ်နေပါစေ …။

ကိုယ်ကပဲအလိုက်တသိ လျော့ပေးနေရပြီး မနိုင်ဝန်ထမ်းရတာ များလာတော့
အားနာတက်တာကို “နောင်တ” ရတဲ့နေ့ဆိုတာ …။
ရှိလာ နိုင်တာပဲလေ …။
ဘယ်လောက်ပဲ ရိုးသားသူဖြစ်နေပါစေ …။
ဖြူစင်မှုကို အသုံးချခံရတာ များလာတော့ …၊
ပေါက်ကွဲတဲ့နေ့ ဆိုတာ ရှိလာနိုင်တာပဲလေ …။
ဘယ်လောက်ပဲ ယုံကြည်တက်သူ ဖြစ်ပါစေ …။
အလိမ်ခံရတာ များလာတော့ သံသယဝင်ပြီး …၊
မယုံကြည်ရဲတဲ့နေ့ဆိုတာ ရှိလာနိုင်တာပဲလေ …။
ဒါကြောင့် ကိုယ့်ဘေးက တန်ဖိုးထားရသူတွေ …၊
ကိုယ့်နားက မစွန့်ခွာစေချင်ရင် သူ့ဘက်ကိုယ်ဘက် မျှတွေးပါ …။
ကိုယ့်ကြောင့် သူတို့ရဲ့ နှလုံးသားကို အနာမဖြစ်စေနဲ့နော် …။
လူဆိုတာ ခံနိုင်ရည်ကျော်လွန်သွားရင် အပြီးတိုင်
စိတ်ပျက်ပြီး ဥပေက္ခာပြုသွားတက်တယ်
သူ့ဘက်ကိုယ့်ဘက် မျှတွေးတက်တဲ့ “ကိုယ်ချင်းစာတရား”
ကိုမွေးမြူထားမှ ကိုယ်တန်ဖိုးထားရသူတွေ ကိုယ့်အနားမှာ
အစဉ်အမြဲရှိနေကြမှာ ဖြစ်ပါတယ် … ။ ။
Credit-thiha
naethitmyanmar

ဘယ္ေလာက္ပဲ ခ်စ္တဲ့သူ ျဖစ္ေနပါေစ ေပးဆပ္ေနရတာ မ်ားလာၿပီး ခ်စ္ရတာနဲ႔ မတန္ေတာ့ရင္…
သူ႔ဘက္ကိုယ့္ဘက္ မွ်ေတြးပါ …။
ဘယ္ေလာက္ပဲ စိတ္ရွည္သူျဖစ္ပါေစ …။
သူ႔မွာလည္း နားလည္ေပးရတာ မ်ားလာေတာ့ …၊
စိတ္ကုန္သြားတဲ့ေန႔ ဆိုတာ ရွိလာမွာ ပဲေလ …။
ဘယ္ေလာက္ပဲ ခ်စ္တဲ့သူ ျဖစ္ေနပါေစ …။
သူ႔မွာလည္း ေပးဆပ္ေနရတာ မ်ားလာၿပီး …၊
ခ်စ္ရတာနဲ႔ ေပးဆပ္ေနရတာ မတန္ေတာ့ စိတ္ပ်က္လာမွာပဲေလ …။
ဘယ္ေလာက္ပဲ သည္းခံတတ္သူ ျဖစ္ပါေစ …။
သူမွန္လည္း သည္းခံ သူမွားလည္း သည္းခံရတာ မ်ားလာေတာ့
တခါတေလ လက္တုန္႔ျပန္ခ်င္တဲ့ ေန႔ဆိုတာလည္း ရွိလာမွာပဲေလ …။
ဘယ္ေလာက္ပဲ ေတာ္ေနသူ ျဖစ္ေနပါေစ။
ေလာကဓံ ဖိအားျပင္းထန္လြန္းလာရင္
သူ႔မွာလည္း အားငယ္တဲ့ ေန႔ဆိုတာ ရွိလာႏိုင္တာပဲေလ …။
ဘယ္ေလာက္ပဲ အသည္းမာတဲ့သူ ျဖစ္ေနပါေစ …။
တကယ္ခ်စ္မိၿပီး တကယ္ ခံစားလာရင္ေတာ့ …၊
မ်က္ရည္က်တဲ့ ေန႔ဆိုတာ သူ႔ဘဝမွာ …။
တစ္ႀကိမ္တခါေတာ့ ရွိေနတက္တာပဲေလ …။
ဘယ္ေလာက္ပဲ သေဘာေကာင္းၿပီး အားနာတက္သူ ျဖစ္ေနပါေစ …။

ကိုယ္ကပဲအလိုက္တသိ ေလ်ာ့ေပးေနရၿပီး မႏိုင္ဝန္ထမ္းရတာ မ်ားလာေတာ့
အားနာတက္တာကို “ေနာင္တ” ရတဲ့ေန႔ဆိုတာ …။
ရွိလာ ႏိုင္တာပဲေလ …။
ဘယ္ေလာက္ပဲ ႐ိုးသားသူျဖစ္ေနပါေစ …။
ျဖဴစင္မႈကို အသုံးခ်ခံရတာ မ်ားလာေတာ့ …၊
ေပါက္ကြဲတဲ့ေန႔ ဆိုတာ ရွိလာႏိုင္တာပဲေလ …။
ဘယ္ေလာက္ပဲ ယုံၾကည္တက္သူ ျဖစ္ပါေစ …။
အလိမ္ခံရတာ မ်ားလာေတာ့ သံသယဝင္ၿပီး …၊
မယုံၾကည္ရဲတဲ့ေန႔ဆိုတာ ရွိလာႏိုင္တာပဲေလ …။
ဒါေၾကာင့္ ကိုယ့္ေဘးက တန္ဖိုးထားရသူေတြ …၊
ကိုယ့္နားက မစြန္႔ခြာေစခ်င္ရင္ သူ႔ဘက္ကိုယ္ဘက္ မွ်ေတြးပါ …။
ကိုယ့္ေၾကာင့္ သူတို႔ရဲ႕ ႏွလုံးသားကို အနာမျဖစ္ေစနဲ႔ေနာ္ …။
လူဆိုတာ ခံႏိုင္ရည္ေက်ာ္လြန္သြားရင္ အၿပီးတိုင္
စိတ္ပ်က္ၿပီး ဥေပကၡာျပဳသြားတက္တယ္
သူ႔ဘက္ကိုယ့္ဘက္ မွ်ေတြးတက္တဲ့ “ကိုယ္ခ်င္းစာတရား”
ကိုေမြးျမဴထားမွ ကိုယ္တန္ဖိုးထားရသူေတြ ကိုယ့္အနားမွာ
အစဥ္အၿမဲရွိေနၾကမွာ ျဖစ္ပါတယ္ … ။ ။
Credit-thiha
naethitmyanmar



