ခိုင်မာတဲ့ အချစ်ရေးတစ်ခုကိုတောင် ဒီအချက်တွေကြောင့် ပြိုလဲသွားစေနိုင်တာတဲ့လေ။ အရမ်းပျော်စရာကောင်းတဲ့ RS တစ်ခုကို ပိုင်ဆိုင်ချင်ပါသလား။ ဒီလို အချက်တွေကို ရှောင်လိုက်ပါနော်။
၁။ မတိုင္ပင္ဘူး
ကိုယ်လုပ်လိုက်တဲ့ အရာတစ်ခုကို ကိုယ့်ချစ်သူ နောက်မှ သိလိုက်ရတယ်ဆိုတော့ သူ ဘယ်လိုခံစားသွားရမလဲနော်။ ဒါကြောင့် သူများပြောမှ သိလိုက်ရတယ် မဖြစ်အောင် တိုင်တိုင်ပင်ပင် လုပ်ကြပါနော်။ RS တည်မြဲဖို့ ဒီအချက်က အရေးကြီးပါတယ်။
၂။ နောက်ကျတယ်
စောင့်ရတယ်ဆိုတဲ့ ခံစားချက်ကို ကြုံဖူးသူမှ သိတာပါ။ တခါတလေ နောက်ကျတာ ကိစ္စမရှိပေမယ့် အမြဲနောက်ကျတာကတော့ လုံးဝမကောင်းပါဘူး။ RS တခုမှာ အပြန်အလှန် လေးစားမှုကလည်း မပါမဖြစ်စမြဲဆိုတော့ ကိုယ်နောက်ကျလို့ စောင့်နေရသူရဲ့ အဖြစ်ကိုလည်း လေးစား အားနာသင့်ပါတယ်။
၃။ အော်ငေါက်တယ်
လူတစ်ယောက်အတွက် ဂုဏ်သိက္ခာဆိုတာ အရေးပါတော့ အတတ်နိုင်ဆုံး ချစ်ရသူကို လူရှေ့သူရှေ့မှာ အော်မငေါက်ပါနဲ့နော်။ နှစ်ယောက်တည်း တိုင်တိုင်ပင်ပင် ညှိနိုင်းရင် အဆင်ပြေပါတယ်။
၄။ အရွဲ့တိုက်တယ်
ဒီအချက် အရမ်းကို အရေးကြီးပါတယ်။ နောင်တဆိုတာ နောင်မှ ရတတ်တဲ့အတိုင်း အရွဲ့တိုက်ချင်တဲ့ စိတ်တစ်ခုတည်းနဲ့ ကိုယ့်ချစ်သူကို နာကျင်အောင် မလုပ်လိုက်ပါနဲ့နော်။
၅။ ချုပ်ချယ်တယ်
နေရာတကာ ချုပ်ချယ်လွန်းတော့ တဖက်လူက ကြာလာရင် အနေကျဉ်းကျပ်လာပါတယ်။ ချုပ်ချယ်သလို မဟုတ်ဘဲ အကျိုးသင့် အကြောင်းသင့် ရှင်းလင်းပြောတာက သင်တို့ RS ကို ရေရှည်တည်မြဲဖို့ အကောင်းဆုံးပါပဲ။
Unicode
ဒီအပြုအမူတွေက အချစ်ရေးတစ်ခုကို ပြိုလဲစေတယ်တဲ့
ခိုင်မာတဲ့ အချစ်ရေးတစ်ခုကိုတောင် ဒီအချက်တွေကြောင့် ပြိုလဲသွားစေနိုင်တာတဲ့လေ။ အရမ်းပျော်စရာကောင်းတဲ့ RS တစ်ခုကို ပိုင်ဆိုင်ချင်ပါသလား။ ဒီလို အချက်တွေကို ရှောင်လိုက်ပါနော်။
၁။ မတိုင်ပင်ဘူး