အခ်စ္ေရး

ကိုယ့်ကိုထားခဲ့ပြီး ထွက်သွားသူတွေကြောင့်ရလိုက်တဲ့ အဖိုးတန်သင်ခန်းစာ(၇)မျိုး

ကိုယ့်ကိုထားခဲ့ပြီး ထွက်သွားသူတွေကြောင့်ရလိုက်တဲ့ အဖိုးတန်သင်ခန်းစာ(၇)မျိုး

လူတွေ ကိုယ့်ဘဝထဲကို ဝင်လာကြပြီးအချိန်တန်တော့လည်း ကိုယ့်ဘေးကနေပြန်ထွက်သွားကြတာသဘာဝပါ။ ကိုယ့်ဘဝထဲဝင်ရောက်လာတဲ့သူတွေထဲမှာ ကိုယ့်အပေါ်ကောင်းတဲ့သူတွေလည်းပါလာသလို၊ ကိုယ့်အပေါ်မကောင်းတဲ့သူတွေလည်း ပါလာတာပါပဲ။ ကိုယ့်အပေါ်ကောင်းတဲ့သူပဲဖြစ်ဖြစ်၊ ဆိုးတဲ့သူပဲဖြစ်ဖြစ် ကိုယ့်ဘေးက သူတို့ ကိုယ့်ဘေးကထွက်သွားတဲ့အခါ ဒီလိုသင်ခန်းစာတွေကို ပေးသွားတတ်ကြပါတယ်။

Grief divorce couple holding broken heart. Unhappy relationship hurt feeling for lover. valentine concept.

( ၁ ) လူတိုင်းကို မယုံတတ်အောင် သင်ပေးတယ်

အခုခေတ်မှာ လူတော်တော်များများက ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး ဟန်ဆောင်ကောင်းတတ်ကြပါတယ်။ ဒါကြောင့်ဟန်ဆောင်ကောင်းတဲ့ သူတွေနဲ့ တွေ့ကြုံရတဲ့အခါ လူတိုင်းကိုမယုံသင့်ကြောင်း သင်ခန်းစာ ရသွားပါတယ်။

( ၂ ) သူတို့ကြောင့် ကိုယ် ပြောင်းလဲသွားတယ်

လူတစ်ယောက် ဘဝထဲကို ဝင်လာတဲ့အခါ သူတို့ရဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေက ကိုယ့်အပေါ်သက်ရောက်မှုလေးတွေ ရှိလာပါတယ် ။ အဲ့ဒီအခါ ကိုယ်ကိုယ်တိုင်မှာလည်း ပြောင်းလဲမှုလေးတွေ အနည်းနဲ့ အများ ဖြစ်လာပါတယ် ။ သူတို့တွေနဲ့ အနီးကပ်နေတာများလေ သူတို့ရဲ့ အပြောအဆို၊ အပြုအမူလေးတွေက ကိုယ့်ကို ကူးစက်လေပါပဲ ။ ကိုယ်တိုင်တောင် သတိမထားမိလိုက်တဲ့အချိန်မှာကိုယ်က ဖြည်းဖြည်းချင်းပြောင်းလဲနေတာမျိုးပါ။ ဒါကြောင့် အကောင်းမြင်စိတ်ရှိတဲ့သူ၊ စိတ်ကောင်းရှိတဲ့သူနဲ့ ပေါင်းပါလို့ ပြောကြတာပါ။

( ၃ ) ကိုယ်ဘယ်လောက် သန်မာတယ်ဆိုတာကို သိစေတယ်

သူမရှိရင်ကိုယ့်အတွက် အဆင်မပြေလောက်ဘူး၊ သူမရှိရင် ပြဿနာတွေကို ရင်မဆိုင်နိုင်လောက်ဘူးလို့ ထင်ခဲ့ပေမယ့် တကယ်တမ်း သူထွက်သွားတဲ့အချိန်မှာ ကိုယ်တစ်ယောက်တည်း ရပ်တည်နိုင်တယ်၊ ရင်ဆိုင်နိုင်တယ်ဆိုတာကို သိလိုက်ရတယ်။

( ၄ ) ကိုယ့်ကိုယ်ကို ဦးစားပေးတတ်ဖို့သင်ပေးတယ်

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ထက်ပိုပြီး ဦးစားပေးခဲ့ပေမယ့်လည်း သူတို့ထွက်သွားချင်တယ်ဆိုရင်ကိုယ်က ဆွဲထားလို့မရပါဘူး ။ ကိုယ့်ဘက်ကဦးစားပေး၊ အရှုံးပေးခဲ့တာတွေဟာလည်း အလကားဖြစ်သွားသလိုပါပဲ။ ဒါကြောင့် ဘယ်သူ့ကိုမှ ကိုယ့်ကိုယ်ကိုထက် ပိုပြီး ဦးစားမပေးသင့်ဘူးဆိုတာ သိခဲ့ရတယ်။

( ၅ ) တချို့လူတွေ ကိုယ့်ကို နာကျင်စေနိုင်တယ်ဆိုတာကို သိစေတယ်

လူတိုင်းက ကိုယ်ချင်းစာစိတ် ရှိတယ်၊ တစ်ဖက်သားနာကျင်အောင် လုပ်မှာ မဟုတ်ဘူးလို့ထင်နေတဲ့အတွေးတွေကို ပျောက်သွားစေတယ် ။ ကိုယ်ထင်ထားသလို လူတိုင်းက ကိုယ့်အပေါ်စာနာမှာ မဟုတ်ဘူးဆိုတာ သိခဲ့ရတယ်။ တချို့လူတွေက သူတို့အဆင်ပြေဖို့ ကိုယ့်ကိုနာကျင်အောင်လုပ်တတ်တယ်ဆိုတာကို ကောင်းကောင်းသိသွားခဲ့တယ် ။

( ၆ ) ဘာအကြောင်းကြောင်းနဲ့မှ အရှုံးမပေးသင့်ဘူးဆိုတာ သင်ပေးတယ်

တစ်စုံတစ်ယောက်အတွက် ကိုယ့်ရဲ့အရာရာကို စွန့်လွှတ်ခဲ့ပေမယ့် သူက ကိုယ့်ကို ထားပြီး ထွက်သွားတဲ့အခါမျိုးမှာ ဘဝကို အရှုံးပေးချင်စိတ်တွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘဝအတွက် ကိုယ်တိုင် တာဝန်ယူသင့်ကြောင်း ဘာအကြောင်းကြောင့်မှ အရှုံးမပေးသင့်ကြောင်း ဒီအချိန်မှ နားလည်သွားတာပါ။

( ၇ ) တခြားတစ်ယောက်အတွက် ကိုယ့်ကိုယ်ကို မပြောင်းလဲသင့်ဘူးဆိုတာ သိစေတယ်

သူ့ကိုချစ်လို့ ကိုယ့်ရဲ့မိသားစုတွေ၊ သူငယ်ချင်းတွေကိုတောင် အဆက်အသွယ်ဖြတ်ပြီး နေခဲ့တာတွေ၊ ကိုယ့်ရဲ့ဝါသနာကို စွန့်လွှတ်လိုက်တာ၊ ကိုယ့်ကိုယ်ကိုပြောင်းလဲလိုက်တာတွေ လုပ်ခဲ့ပေမယ့် ထွက်သွားချင်တဲ့သူက ထွက်သွားတာပါပဲ။ ဒီတော့ ဘယ်သူ့အတွက်မှ ကိုယ့်ကိုယ်ကိုမပြောင်းလဲပစ်သင့်ဘူးဆိုတာ သိသွားပြီပေါ့ ။

Credit

Zawgyi

ကိုယ့္ကိုထားခဲ့ၿပီး ထြက္သြားသူေတြေၾကာင့္ရလိုက္တဲ့ အဖိုးတန္သင္ခန္းစာ(၇)မ်ိဳး

လူေတြ ကိုယ့္ဘဝထဲကို ဝင္လာၾကၿပီးအခ်ိန္တန္ေတာ့လည္း ကိုယ့္ေဘးကေနျပန္ထြက္သြားၾကတာသဘာဝပါ။ ကိုယ့္ဘဝထဲဝင္ေရာက္လာတဲ့သူေတြထဲမွာ ကိုယ့္အေပၚေကာင္းတဲ့သူေတြလည္းပါလာသလို၊ ကိုယ့္အေပၚမေကာင္းတဲ့သူေတြလည္း ပါလာတာပါပဲ။ ကိုယ့္အေပၚေကာင္းတဲ့သူပဲျဖစ္ျဖစ္၊ ဆိုးတဲ့သူပဲျဖစ္ျဖစ္ ကိုယ့္ေဘးက သူတို႔ ကိုယ့္ေဘးကထြက္သြားတဲ့အခါ ဒီလိုသင္ခန္းစာေတြကို ေပးသြားတတ္ၾကပါတယ္။

( ၁ ) လူတိုင္းကို မယုံတတ္ေအာင္ သင္ေပးတယ္

အခုေခတ္မွာ လူေတာ္ေတာ္မ်ားမ်ားက ေရွ႕တစ္မ်ိဳး၊ ကြယ္ရာတစ္မ်ိဳး ဟန္ေဆာင္ေကာင္းတတ္ၾကပါတယ္။ ဒါေၾကာင့္ဟန္ေဆာင္ေကာင္းတဲ့ သူေတြနဲ႔ ေတြ႕ႀကဳံရတဲ့အခါ လူတိုင္းကိုမယုံသင့္ေၾကာင္း သင္ခန္းစာ ရသြားပါတယ္။

( ၂ ) သူတို႔ေၾကာင့္ ကိုယ္ ေျပာင္းလဲသြားတယ္

လူတစ္ေယာက္ ဘဝထဲကို ဝင္လာတဲ့အခါ သူတို႔ရဲ႕ ေကာင္းျခင္း၊ ဆိုးျခင္းေတြက ကိုယ့္အေပၚသက္ေရာက္မႈေလးေတြ ရွိလာပါတယ္ ။ အဲ့ဒီအခါ ကိုယ္ကိုယ္တိုင္မွာလည္း ေျပာင္းလဲမႈေလးေတြ အနည္းနဲ႔ အမ်ား ျဖစ္လာပါတယ္ ။ သူတို႔ေတြနဲ႔ အနီးကပ္ေနတာမ်ားေလ သူတို႔ရဲ႕ အေျပာအဆို၊ အျပဳအမူေလးေတြက ကိုယ့္ကို ကူးစက္ေလပါပဲ ။ ကိုယ္တိုင္ေတာင္ သတိမထားမိလိုက္တဲ့အခ်ိန္မွာကိုယ္က ျဖည္းျဖည္းခ်င္းေျပာင္းလဲေနတာမ်ိဳးပါ။ ဒါေၾကာင့္ အေကာင္းျမင္စိတ္ရွိတဲ့သူ၊ စိတ္ေကာင္းရွိတဲ့သူနဲ႔ ေပါင္းပါလို႔ ေျပာၾကတာပါ။

( ၃ ) ကိုယ္ဘယ္ေလာက္ သန္မာတယ္ဆိုတာကို သိေစတယ္

သူမရွိရင္ကိုယ့္အတြက္ အဆင္မေျပေလာက္ဘူး၊ သူမရွိရင္ ျပႆနာေတြကို ရင္မဆိုင္ႏိုင္ေလာက္ဘူးလို႔ ထင္ခဲ့ေပမယ့္ တကယ္တမ္း သူထြက္သြားတဲ့အခ်ိန္မွာ ကိုယ္တစ္ေယာက္တည္း ရပ္တည္ႏိုင္တယ္၊ ရင္ဆိုင္ႏိုင္တယ္ဆိုတာကို သိလိုက္ရတယ္။

( ၄ ) ကိုယ့္ကိုယ္ကို ဦးစားေပးတတ္ဖို႔သင္ေပးတယ္

ကိုယ္ခ်စ္တဲ့သူေတြကို ကိုယ့္ထက္ပိုၿပီး ဦးစားေပးခဲ့ေပမယ့္လည္း သူတို႔ထြက္သြားခ်င္တယ္ဆိုရင္ကိုယ္က ဆြဲထားလို႔မရပါဘူး ။ ကိုယ့္ဘက္ကဦးစားေပး၊ အရႈံးေပးခဲ့တာေတြဟာလည္း အလကားျဖစ္သြားသလိုပါပဲ။ ဒါေၾကာင့္ ဘယ္သူ႔ကိုမွ ကိုယ့္ကိုယ္ကိုထက္ ပိုၿပီး ဦးစားမေပးသင့္ဘူးဆိုတာ သိခဲ့ရတယ္။

( ၅ ) တခ်ိဳ႕လူေတြ ကိုယ့္ကို နာက်င္ေစႏိုင္တယ္ဆိုတာကို သိေစတယ္

လူတိုင္းက ကိုယ္ခ်င္းစာစိတ္ ရွိတယ္၊ တစ္ဖက္သားနာက်င္ေအာင္ လုပ္မွာ မဟုတ္ဘူးလို႔ထင္ေနတဲ့အေတြးေတြကို ေပ်ာက္သြားေစတယ္ ။ ကိုယ္ထင္ထားသလို လူတိုင္းက ကိုယ့္အေပၚစာနာမွာ မဟုတ္ဘူးဆိုတာ သိခဲ့ရတယ္။ တခ်ိဳ႕လူေတြက သူတို႔အဆင္ေျပဖို႔ ကိုယ့္ကိုနာက်င္ေအာင္လုပ္တတ္တယ္ဆိုတာကို ေကာင္းေကာင္းသိသြားခဲ့တယ္ ။

( ၆ ) ဘာအေၾကာင္းေၾကာင္းနဲ႔မွ အရႈံးမေပးသင့္ဘူးဆိုတာ သင္ေပးတယ္

တစ္စုံတစ္ေယာက္အတြက္ ကိုယ့္ရဲ႕အရာရာကို စြန္႔လႊတ္ခဲ့ေပမယ့္ သူက ကိုယ့္ကို ထားၿပီး ထြက္သြားတဲ့အခါမ်ိဳးမွာ ဘဝကို အရႈံးေပးခ်င္စိတ္ေတြ ျဖစ္လာတတ္ပါတယ္။ ဒါေပမယ့္ ကိုယ့္ဘဝအတြက္ ကိုယ္တိုင္ တာဝန္ယူသင့္ေၾကာင္း ဘာအေၾကာင္းေၾကာင့္မွ အရႈံးမေပးသင့္ေၾကာင္း ဒီအခ်ိန္မွ နားလည္သြားတာပါ။

( ၇ ) တျခားတစ္ေယာက္အတြက္ ကိုယ့္ကိုယ္ကို မေျပာင္းလဲသင့္ဘူးဆိုတာ သိေစတယ္

သူ႔ကိုခ်စ္လို႔ ကိုယ့္ရဲ႕မိသားစုေတြ၊ သူငယ္ခ်င္းေတြကိုေတာင္ အဆက္အသြယ္ျဖတ္ၿပီး ေနခဲ့တာေတြ၊ ကိုယ့္ရဲ႕ဝါသနာကို စြန္႔လႊတ္လိုက္တာ၊ ကိုယ့္ကိုယ္ကိုေျပာင္းလဲလိုက္တာေတြ လုပ္ခဲ့ေပမယ့္ ထြက္သြားခ်င္တဲ့သူက ထြက္သြားတာပါပဲ။ ဒီေတာ့ ဘယ္သူ႔အတြက္မွ ကိုယ့္ကိုယ္ကိုမေျပာင္းလဲပစ္သင့္ဘူးဆိုတာ သိသြားၿပီေပါ့ ။

Credit