ကိုယ်ပေးသမျှ ပြန်မရတိုင်း စိတ်ဓာတ်တွေ အကြိမ်ကြိမ်ကျဖူးကြမှာပါ။ဘဝမှာ ဘယ်လောက်ထိ ကြိုးစားရုန်းကန်နေပါစေ ကိုယ်လိုချင်တဲ့ ဆန္ဒတွေက ပြည့်လာတယ်လို့မရှိပါဘူး ဒါကိုပဲ တွေးရင်း ငါဘာကြောင့် မတိုးတက်သေးတာလဲ စသည်ဖြင့် သင့်ကိုယ်သင်ယုံကြည်မှုတွေလျော့နည်းလာပါလိမ့်မယ်။
ဒီအချက်က လူတိုင်းခံစားဖူးမှာပါ လူရယ်လို့ ဖြစ်လာရင် ရည်ရွယ်ချက်တွေ ၊မျှော်လင့်ချက်တွေ၊အနာဂတ်ပန်းတိုင်တွေထားရှိကြပါတယ်။တစ်ချို့က ဘဝအတွက် တစ်ချို့က မိသားစုအတွက် ၊တစ်ချို့က အချစ်ရေးအတွက် ၊တစ်ချို့ကအိမ်ထောင်ရေးအတွက် ၊တစ်ချို့က သားသမီးအရေးအတွက်စသည်ဖြင့်စိတ်ထဲက တစ်ခုခုကို သက်မှတ်ထားတဲ့အခြေအနေထိရောက်အောင် ကြိုးစားနေတတ်ကြပါတယ်။
သို့ပေမယ့် စိတ်ကူးနဲ့ လက်တွေ့ကွာခြားကြတဲ့အခါ တစ်ချို့က ကိုယ်လွတ်ရုန်းပြီး လောကကြီးထဲက ထွက်သွားကြတယ်
တစ်ချို့က ဘဝနဲ့ရင်းပြီး သင်ခန်းစာတွေပွေ့ဖက်ထားကြတယ်။ဒီလိုပဲဘဝမှာ မဖြစ်ချင်ဘူး ဆိုတဲ့အရာတွေပဲ ခံစားရတယ်လို့မတွေးပါနဲ့ အချိန်တန်တဲ့အခါ ကိုယ့်ရည်ရွယ်ချက်တွေ ပြည့်လာတဲ့နေ့ဆိုတာ ရှိနိူင်တာပဲလေ။
ဒါကြောင့် ဘယ်လောက်ထိ ပေးဆပ်နေပါစေ အရာမထင်ဘူးလို့မထင်ပါနဲ့ ပေးဆပ်ပြီးရင် ရယူပိုင်ဆိုင်ခွင့်ဆိုတာ ရှိလာနိူင်ပါသေးတယ် သို့ပေမယ့် အချိန်အတိုင်းအတာ တစ်ခုထိတော့ ပေးဆပ်နေရမယ်ဆိုတာမမေ့ပါနဲ့။ သင်နှင့်အတူ ကျွန်ပ်လည်း အောင်မြင်မှုအတွက် ပင်စည်အနာခံပြီး အမြစ်ခိုင်အောင် ကြိုးစားထိုးဖောက်နေသော သစ်ပင်လေးတစ်ပင်ပါပဲ။
MayHsu(ရာမညမြေ) 2020
Credit
Unicode
ပေးဆပ်မှုတိုင်းက အရာမထင်တာ မဟုတ်ဘူး ပေးဆပ်ယုံသပ်သပ် ဝဋ်ကြွေးတွေမကုန်နိူင်သေးတာ…