ဒီလို ယောင်္ကျားမျိုးနဲ့ တွေ့ဆုံတဲ့ အချိန်မှသာ အိမ်ထောင်ပြုဖို့ စဉ်းစားပါ..
မိန်းကလေးတိုင်းဟာ အချစ်ရေးမှာ ကံကောင်းချင်ကြပါတယ်။ ကိုယ့်အပေါ်ပျော်ရွှင်မှု၊ ဂရုစိုက် မှုပေးနိုင်ပြီး သစ္စာရှိတဲ့ယောကျာ်းမျိုးနဲ့ပဲ ဆုံဆည်းချင်ကြပါတယ် …… ။
အောက်ပါအချက်လေးတွေနဲ့ ကိုက်ညီတဲ့ချစ်သူကောင်လေးမျိုးကို ရထားပြီးပြီဆိုရင် သင်ဟာ ပတ်ဝန်းကျင်မှာရော သူငယ်ချင်း အပေါင်းအသင်းကြားမှာပါ သင့်ကိုဝိုင်းပြီးအားကျရမယ့် ပျော်ရွှင်ဖွယ်အချစ်ရေးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ် ….. ။
၁။ ဦးစားပေးမှုမှာ သင်ကနံပါတ်တစ်ပဲ ။
အလုပ်နဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ဖြစ်စေ သူငယ်ချင်း အပေါင်းအသင်းကြားမှာ ဖြစ်စေ သင်နဲ့ယှဉ်ရမယ့် ကိစ္စမျိုးရှိလာခဲ့ရင် သင့်ကိုပဲ ပထမဦးစားပေး ရွေးချယ်မယ့် သူမျိုးပါ။ သင်ရဲ့ ပျော်ရွှင်မှု၊ ကျန်းမာရေးကိုလည်း သူကအမြဲစောင့်ရှောက်တတ်တဲ့သူမျိုးပါပဲ …. ။
၂။ ရင်ဖွင့်စကားတွေ နားထောင်ပေးပြီး အမြဲအားပေးသူမျိုး ။
သင်က ရင်ဖွင့်စရာတောင် မလိုပါဘူး။ သင့်မျက်နှာမှာ အလိုမကျတာတွေ့ရင် သူက ဘာဖြစ်နေလဲဆိုတာကို သိနှင့်ပြီး သင့်မကျေနပ်ချက်တွေကို မေးမယ့်သူမျိုးပါ။ သင်ရဲ့အခက်အခဲတွေ မကျေမနပ်ဆိုလာတဲ့ ရင်ဖွင့်စကားတွေကို ဂရုတစိုက်နားထောင်ပေးပြီး အကြံဉာဏ်ပေး မယ့်သူမျိုးပါ …. ။
၃။ ဘဝရဲ့အခက်အခဲတွေကို ကူညီဖြေရှင်းမယ့်သူမျိုး ။
နေ့စဉ် အသက်ရှင်ဖို့ လှုပ်ရှားနေရတဲ့ ဘဝဟာ တစ်ခါတစ်ရံမှာ တစ်ယောက်ထဲရင်ဆိုင်ဖို့ ခက်ခဲလွန်းပါတယ်။ သင်က စိတ်ဓာတ်ကြံ့ခိုင်တဲ့မိန်းကလေး ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ တစ်ယောက်ထဲ ရင်ဆိုင်ဖြေရှင်းဖို့ မတတ်နိုင်တဲ့အခါမျိုးမှာ သူကသင့်ရှေ့ကမားမားရပ်တည် ပြီး ရင်ဆိုင်ဖြေရှင်းပေးမှာပါ။
သင့်ရဲ့အခက်အခဲတွေကို အားနည်းချက်လို့ အပြစ်မမြင်ပဲ သူဘက်က ကူညီခွင့်ရတဲ့အတွက်တောင် ဂုဏ်ယူဦးမယ့်သူပါ ….. ။
၄။ သင့်ရဲ့စိတ်ကို သိနေတဲ့သူမျိုး ။
သူက သင့်ကိုအရမ်းချစ်တဲ့အတွက်ကြောင့် သင့်ရဲ့စိတ်ခံစားချက်တွေ အကြိုက်တွေကို အမြဲသိချင်နေတဲ့သူမျိုးပါ။ သိဖို့အတွက် အမြဲလည်းအကဲခတ်နေပါတယ်။
ဒါကြောင့်မို့ သင့်ဘက်က လိုအပ်ချက်ရှိလာတဲ့အခါမျိုးမှာ တောင်းဆိုစရာမလိုပဲ သူ့အသိစိတ်နဲ့ သင့်ရဲ့ လိုအပ်ချက်ကို သိနှင့်ပြီးသား၊ လုပ်ပေးနှင့်နေပြီးသားဖြစ်နေတတ်ပါတယ်။ယခုဆောင်းပါးကို “Love Shop” Online Media မှ ရေးသား တင်ဆက်ပါသည်။
တခါတရံ လက်ဆောင်တွေ အစားအသောက်တွေ ဝယ်လာပေးတဲ့အခါမျိုးကျရင် သင့်အကြိုက်နဲ့ထပ်တူညီနေတာမျိုး ရှိနေတတ်တာတွေက တိုက်ဆိုင်တာမဟုတ်ပါဘူး။ သင့်ရဲ့အကြိုက်၊ သင့်ရဲ့စိတ်ကိုသိပြီး အသေးအဖွဲ့လေးတွေကအစ ဂရုစိုက်တတ်တဲ့သူမို့ပါ ….. ။
၅။ သင့်ခန္ဓာကိုယ်မှာ သင်မလှပဘူးလို့ထင်တဲ့အရာတွေကိုလည်း သူကချစ်ပေးတဲ့သူမျိုး ။
သင်က လှပတဲ့သူတစ်ယောက်မို့ သူက ချစ်တာ မဟုတ်ပါဘူး။ သင်က ဗိုက်ပူခါးတုတ်နေနေရင် တောင် သူကအဲဒါလေးကို ချစ်ဖို့ကောင်းတယ်လို့ ထင်နေတဲ့သူမျိုးပါ။ သင့်မျက်နှာမှာ ဝက်ခြံတွေများနေလို့ မှန်မကြည့်ချင်ဘူးဆိုရင်တောင် သင့်ကိုသူက တစိမ့်စိမ့်ကြည့်နေပြီး ဝက်ခြံလေးတွေကိုတောင် မှဲ့လေးတွေလို့မြင်ပေးမယ့်သူမျိုးပါပဲ ….. ။
၆။ ဘဝရဲ့အရေးပါတဲ့နေ့ရက်တိုင်းကို အတူဖြတ်သန်းချင်သူမျိုး ။
အထိမ်းအမှတ်နေ့ရက်တွေ၊ ဥပမာ-ဘွဲ့ယူတဲ့နေ့မျိုးမှာ သူကသင့်နဲ့အတူ ဖြတ်သန်းချင်တာပါ။ သူကစိတ်ညစ်စရာအရာတွေသာ သင့်ကိုမပြောပြချင်နေမယ် ပျော်ရွှင်စရာကိစ္စ ဝမ်းသာစရာကိစ္စတွေရှိလာတဲ့အခါကျရင် သင့်ကိုပထမဆုံးပြောပြပြီး အပျော်တွေကို အတူတူမျှဝေချင်တဲ့သူမျိုးပါ။
အဲလိုကောင်လေးမျိုးကို ပိုင်ဆိုင်ထားပြီးရင် သင့်ဘက်ကလည်း အပြည့်အဝနဲ့နားလည်မှု ပေးနိုင်တဲ့ချစ်သူမျိုးဖြစ်အောင် ကြိုးစားဖို့ မမေ့နဲ့နော် …. ။
Crd