ရိုးသားမှုဆိုတာ ဂုဏ်တစ်ခု ပါပဲ။ ဒီလို ရိုးသားမှု မျိုးက လူတိုင်းမှာ မရှိနိုင်လို့ ရိုးသားသူတွေက လေးစားစရာ ကောင်းလှ ပါတယ်။ ဒါပေမယ့် လည်း အဆိုးနဲ့ အကောင်း ဒွန်တွဲနေ သလို ရိုးသားတာကပဲ အားနည်းချက် ဖြစ်သွား တတ်ပါ တယ်။ ရိုးသား မှုကြောင့် ဘယ်လို အားနည်းချက်တွေ ဖြစ်သွားတတ်လဲ ဆိုရင်…
အလိမ်ခံရမယ်
ရိုးသားတဲ့ သူတွေရဲ့ အကျင့်တစ်ခုက စိတ်ခံ အတိုင်း တွေးကြ တာပါ။ ကိုယ့်လို ရိုးသားမယ် ထင်ပြီး ဟန်ဆောင် တာတောင် မရိပ်မိ တတ်ကြ ပါဘူး။ အဖြောင့်အတိုင်း အမှန်အတိုင်း တွေးတတ် တာက လိမ်ချင်သူတွေ အတွက်တော့ သဘောကျစရာ အချက် ဖြစ်နေ တတ်ပါ တယ်။
ပစ်မှတ်ထားခံရမယ်
မကောင်းတဲ့ သူတွေက ဘယ်တော့မှ သူတို့လို လူတွေနဲ့ လည်တဲ့သူတွေကို ပစ်မှတ် မထားကြပါဘူး။ ရိုးသားတဲ့သူ၊ မသိ နားမလည်တဲ့ သူနဲ့ နုံအသူတွေ ကိုသာ အဓိက
ပစ်မှတ် ထားပြီး လိမ်လည်ဖို့ ရာဇဝတ် ကျူးလွန်ဖို့ ပြုလုပ် တတ်ကြ တာပါ။ သင့်ရဲ့ ရိုးသားမှုက ရာဇဝတ် မှုတွေကို လက်ယပ်ခေါ်နေသလိုလည်း ဖြစ်နေနိုင်ပါတယ်။
လွယ်တယ် ထင်ခံရတယ်
ရိုးသားတဲ့ သူ အများစုကတော့ သိကြတတ် ကြရင်တောင်မှ ကိုယ့်အပေါ် မရိုးသားတာ လုပ်တာကို သူ့ကံနဲ့သူ သွားပါစေလို့ တွေးလိုက်ကြတာ များပါတယ်။
ဒီလိုမျိုး မသိချင်ယောင်ဆောင်ပေးတတ်တာမျိုးက ကိုယ့်အတွေးနဲ့ဆို ဟုတ်သယောင် ရှိပေမယ့် မကောင်းတဲ့သူတွေနဲ့ သင့်ကို အသုံးချတဲ့သူတွေကတော့ သင်က လွယ်လိုက် တာလို့ ထင်သွား တတ်ကြ ပါတယ်။
နုံတဲ့သူတစ်ယောက်လို ဆက်ဆံခံရနိုင်တယ်
သင့်ရဲ့ရိုးသားမှုက အားသာချက်လို့ ထင်နိုင်ပေမယ့် တစ်ချို့သူတွေအတွက်တော့ သင့်ရဲ့ရိုးသားမှုက သူတို့အတွက် အခွင့်ကောင်း ဖြစ်ပါတယ်။ သင့်ရဲ့ ရိုးသားတဲ့ အချက်ကို အသုံးချပြီး သင့်ကို လူလည်ကျသွားတာတွေ ရှိတတ် ပါတယ်။ သူတို့အမြင် မှာတော့ သင်က နုံတဲ့သူ တစ်ယောက် ဖြစ်နေမှာပါ။
အခွင့်အရေး ဆုံးရှုံးရမယ်
ရိုးသားတဲ့သူတွေက မရိုးမသား ဖြစ်သွားမှာ သိပ်ကိုဝန်လေးတာကြောင့် အခွင့်အရေးတွေ ကိုယ့်ဆီလာရင်တောင် သံသယတွေ ပွားနေတတ်ပါတယ်။
ဒါကြောင့် လက်လွှတ်ရတဲ့ အခွင့်အရေးတွေလည်း ရှိပြီး သူများကို ဦးစားပေးလိုက်တာမျိုးလည်း ရှိလို့ အခွင့်အရေးတွေလည်း ဆုံးရှုံးနေရတတ်ပါတယ်။
Kham
ခရက်ဒစ်
Unicode
ရိုးသားမှုကို မြတ်နိုးတဲ့ သူတွေမှာသာ ရှိတတ်တဲ့ အားနည်းချက်လေးများ